Gazette

သီတဂူဆရာတော်ကြီး၏ ၂၀၁၉ နှစ်ဦး သြဝါဒ ကောက်နှုတ်ချက်

ဂေါသိင်္ဂ စိတ်ဓာတ် Gosinga Spirit

၁။ သမဂ္ဂါ ဝိဟရထ= တိုင်းရင်းသား ညီအစ်ကိုမောင်နှမတွေ ညီညွှတ်စွာ နေနိုင်ကြပါစေကုန်။

၂။ သမ္မောဒမာနာ ဝိဟရထ = တိုင်းရင်းသား ညီအစ်ကိုမောင်နှမတွေ တစ်ယောက်နှင့် တစ်ယောက် ဝမ်းမြှောက်စွာ နေနိုင်ကြပါစေ။

၃။ အဝိဝဒမာနာ ဝိဟရထ = တိုင်းရင်းသား ညီအစ်ကိုမောင်နှမတွေ အချင်းချင်း ဆန့်ကျင်ဘက်စကား မပြောကြဘဲ ငြင်းခုံမှု ခိုက်ရန် မဖြစ်ကြဘဲ နေနိုင်ကြပါစေ။

၄။ ခီရောဒကီဘူတာ ဝိဟရထ = တိုင်းရင်းသား ညီအစ်ကိုမောင်နှမတွေ နို့နှင့်ရေ ရောသလို ခွဲခြားလို့ မရလောက်အောင် ရောရောနှောနှော နေနိုင်ကြပါစေ။

၅။ အညမညံ ပိယစက္ခူဟိ သမ္ပဿန္တာ ဝိဟရထ = အမေသည် ရင်ခွင်ထဲက ကလေးကို ချစ်သော မျက်လုံးနှင့်ကြည့်သလို တိုင်းရင်းသား ညီအစ်ကိုမောင်နှမတွေ တစ်ယောက်ကို တစ်ယောက် ချစ်သော မျက်လုံးနှင့် ကြည့်နိုင်ကြပါစေကုန်။

၆။ မေတ္တံ ကာယကမ္မံ ဝစီကမ္မံ ပစ္စုပဋ္ဌိတံ ဝိဟရထ အာဝိ စေဝ ရဟော စ= တိုင်းရင်းသား ညီအစ်ကိုမောင်နှမတွေ မျက်ကွယ်မှာပဲ ဖြစ်ဖြစ် မျက်မှောက်ပဲ ဖြစ်ဖြစ် ကာယကံ မေတ္တာ ဝစီကံ မေတ္တာတွေ ထားနိုင်ကြပါစေ။

၇။ သကံ စိတ္တံ နိက္ခိပိတွာ ဣမေသံယေဝ အာယသ္မန္တာနံ စိတ္တဿ ဝသေန ဝိဟရထ= တိုင်းရင်းသား ညီအစ်ကိုမောင်နှမတွေ မိမိ အလိုဆန္ဒကို ချထားပြီး အချင်းချင်းရဲ့ အလိုဆန္ဒကို လိုက်လျောစွာ နေနိုင်ကြပါစေ။

သီတဂူဆရာတော်

ဒေါက်တာ အရှင်ဉာဏိဿရ Ph.D, D.Litt

အဘိဓဇမဟာရဋ္ဌဂုရု၊ တွဲဘက်ရွှေကျင်သာသနာပိုင်

၃၁-၁၂- ၂၀၁၈ နေ့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

မှတ်တမ်းပြု- ဒေါက်တာ အရှင်ကောဝိဒသိရီ (သီတဂူစတား)

သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

gazette-587 gazette-588

Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)

Search

မာတိကာ

Home

FOUNDER

ACADEMICS

MINISTRY

MISSIONARY

MEDITATION

PUBLICATIONS

TALKS

NEWS & INFO

CONTACT

Guests Online

We have 4 guests and no members online

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း - ၀၇၂-၂၁၆၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊

ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)

မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈