Gazette

သီတဂူဆရာတော်ကြီးသတင်း

(စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်၊ သီတဂူမင်းကျောင်းစက္ခုဒါနဆေးရုံတော်ဖွင့်ပွဲသို့ကြွရောက်)

ကျေးဇူးတော်ရှင် သီတဂူဆရာတော်ကြီးသည် ၂၄-၁၂-၂၀၁၈ ရက်နေ့၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်၊ သီတဂူမင်းကျောင်းစက္ခုဒါနဆေးရုံတော်ဖွင့်ပွဲကျင်းပမည့်နေရာ သို့ကြွရောက်စစ်ဆေးကြည့်ရှုတော်မူပါသည်။

ဆရာတော်ကြီးအား မင်းကင်းနှင့်ကလေးဒေသမှဆရာတော်ကြီးများ၊ ဒေသဆိုင်ရာတာဝန်ရှိသူများ၊ သီတဂူအဖွဲ့ဝင်လူကြီးများနှင့် သီတဂူအဖွဲ့ဒုဥက္ကဌ မျက်စိအထူးကုဆရာဝန်ကြီး ဒေါက်တာမြအောင်ဦးဆောင်သောအဖွဲ့များမှခရီးဦးကြိုကာ ဆောင်ရွှက်ထားရှိမှုများအားလျောက်ထားတင်ပြ ကြပါသည်။

မင်းကင်းသီတဂူမင်းကျောင်းစက္ခုဒါနဆေးရုံတော်သည် သီတဂူဆရာတော်ကြီးနှင့် သီတဂူအဖွဲ့၏ ၃၃ ရုံမြောက်ဆေးရုံတော်အဖြစ် မနက်ဖြန် ၂၅-၁၂-၂၀၁၈ နံနက်တွင် ဖွင့်လှစ်မည်ဖြစ်ပါသည်။ ဖွင့်ပွဲအကြိုအဖြစ် မျက်စိဝေဒနာရှင်များအား ဆရာဝန်ကြီး ၁၀ ယောက်ဦးဆောင်သောစက္ခုဒါနအဖွဲ့မှ ကုသပေးလျက်ရှိရာ ယနေ့အချိန်ထိ လူနာတစ်ထောင်ခန့်စစ်ဆေးပြီးစီးကာ ၈၀ ကျော်အားခွှဲစိတ်ကုသပေးပြီးဖြစ်သည်။ ဆက်လက်ကြည့်ရှုစစ်ဆေးကာကုသမှုများဒါနပြုသွားမည်ဖြစ်ပါသဖြင့် လူနာပေါင်း သုံးထောင်ကျော်ခန့်လာရောက်ကြကြောင်းသတင်းရရှိပါသည်။

သီတဂူဆရာတော်ကြီး၏လမ်းညွန်မှုဖြင့် သီတဂူစက္ခုဒါနအဖွဲ့သည် မင်းကင်းမြို့အပါအဝင် မြန်မာနိုင်ငံအဝှမ်းမျက်စိဆေးရုံပေါင်း (၃၉) ရုံဆောက်လုပ်ပြီးစီးကာလူမျိုးဘာသာမရွှေး မျက်စိစစ်ဆေးကုသခြင်းဖြင့်ကုသိုလ်ပြုလျက်ရှိပါသည်။ သီတဂူသာသနာပြုအဖွဲ့မှ ယခုအချိန်အထိလူပေါင်း ၅ သိန်းကျော်အားမျက်စိစစ်ဆေးကုသပေးခဲ့ပြီးဖြစ်ကြောင်းကုသိုလ်မှတ်တမ်းတင်အပ်ပါသည်။

"သီတဂူအဓိဋ္ဌာန်"
ငါတို့ဖြစ်ရ ဤလောကဝယ်
ဘဝသမိုင်း မရိုင်းစေရန်
စိတ်မန်မချ မာနမပါ
တို့စွမ်းရာဖြင့် တို့သာသနာ
တို့ပြည်ရွာကို သာယာစေမှု
လုံ့လပြုအံ့။

သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

gazette-565 gazette-566 gazette-567 gazette-568 gazette-569 gazette-570 gazette-571 gazette-572

Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)

Search

မာတိကာ

Home

FOUNDER

ACADEMICS

MINISTRY

MISSIONARY

MEDITATION

PUBLICATIONS

TALKS

NEWS & INFO

CONTACT

Guests Online

We have 9 guests and no members online

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း - ၀၇၂-၂၁၆၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊

ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)

မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈