Gazette

သီတဂူဆရာတော် သီတဂူစက္ခုပါလ သူရဲကောင်းဆု ချီးမြှင့်

၁၉-၁၀-၂၀၁၈ မနက်ပိုင်းက သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)မှာ သီတဂူဆရာတော်ကြီးက သီတဂူ မျက်စိအထူးကု ဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာမြအောင်အား ရွှေသုံးကျပ်သားဖြင့် ပြုလုပ်ထားသော သီတဂူပြည်ပြည်ဆိုင်ရာသာသနာပြုအဖွဲ့ တံဆိပ်ပါသော သီတဂူစက္ခုပါလ သူရဲကောင်းဆုကို ချီးမြှင့်သည်။

နိုင်ငံတကာ အဖွဲ့ (the International Agency for the Prevention of Blindness (IAPB) ကနေ Eye Health Hero 2018 မျက်စိအထူးက သူရဲကောင်းဆုကို ချီးမြှင့်ခြင်း၊ အာရှပစိဖိတ်ဒေသရဲ့ Outstanding Service in Prevention of Blindness Award (အကန်းကမ္ဘာကို ထူးချွန်စွာ ကာကွယ်ခြင်း) ဆုတို့ကို ပေးအပ်ခြင်းခံရသော ဒေါက်တာမြအောင်အား ထပ်ဆင့် သီတဂူစက္ခုပါလသူရဲကောင်းဆု ပေးအပ်သည့် အခမ်းအနားသို့ သီတဂူဆရာတော်ကြီးနှင့်အတူ သီတဂူဝန်ဆောင်သံဃာတော်များ၊ သီတဂူကပ္ပိယကာရကများ တက်ရောက်ကြသည်။

ဒီဆုကို ဘာ့ကြောင့် ရခဲ့သလဲဟု ဆရာကြီး ဒေါက်တာမြအောင်၏ ရှင်းလင်းပြချက်မှာ- နိုင်ငံပေါင်း ၂၂ နိုင်ကနေ မျက်စိကု ထူးချွန်သူများကို ရွေးချယ်ရာ မြန်မာနိုင်ငံမှ ဆရာကြီး ဒေါက်တာမြအောင်ကို ပြည်တွင်း မျက်စိဆရာဝန်များနှင့် ပြည်ပ မျက်စိဆရာဝန်ကြီးများကပါ ရွေးချယ်ဖို့ အဆိုတင်သွင်းကြသည်။

ဆရာကြီးသည် သီတဂူဆရာတော်ကြီး တည်ထောင်သော မျက်စိဆေးရုံပေါင်း ၃၈ ရှိရာ မြန်မာနိုင်ငံ အလွန်ဝေးလံသော လဟယ်ဒေသ၊ ရှမ်းပြည် မြောက်ပိုင်း၊ တောင်ပိုင်း၊ အရှေ့ပိုင်း၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း အထက်ပိုင်းနှင့် ရခိုင်ဒေသစသော တောင်ပေါ် ပြေပြန့်တို့အထိ ရေကြောင်း၊ ကုန်ကြောင်း၊ လေကြောင်းခရီးများဖြင့် သီတဂူမျက်စိကုအဖွဲ့ကို ဦးဆောင်ကာ သွားရောက် ကုသခဲ့ခြင်း၊ မျက်စိလူနာပေါင်း ၅ သိန်းကျော် စစ်ဆေးခြင်း၊ ၁ သိန်းကျော်တို့ကို အမြင်ရသွားစေခြင်း။

ဒီအကြောင်းအရာများကို ပရိုဂျက်တာတို့ဖြင့် ရှင်းလင်းတင်ပြရာ ပြည်ပရှိအဖွဲ့တို့သည် တအံ့တသြဖြစ်ကြသည်ဟုဆိုသည်၊ တခြားနိုင်ငံတွေမှာ မျက်စိဆေးရုံ သုံးရုံလောက်၊ ၇ ရုံလောက်တို့နဲ့ လူနာတွေကုသပေးနေကြောင်း၊ သီတဂူဆရာဝန်ကြီး တင်ပြချက်တွေမှာ သူတို့အတွက် အလွန်များပြားနေခြင်းတို့ကြောင့် အံ့သြနေခြင်းဖြစ်သည်။

သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

gazette-499 gazette-500 gazette-501 gazette-502 gazette-503 gazette-504 gazette-505 gazette-506 gazette-507

Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)

Search

မာတိကာ

Home

FOUNDER

ACADEMICS

MINISTRY

MISSIONARY

MEDITATION

PUBLICATIONS

TALKS

NEWS & INFO

CONTACT

Guests Online

We have 11 guests and no members online

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း - ၀၇၂-၂၁၆၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊

ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)

မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈