Gazette

သီတဂူစက္ခုဒါနအဖွဲ့နှင့် ပညာရေးဝန်ကြီးဌာနတို့ ကျောင်းသားများ၏ မျက်စိကျန်းမာရေး ပူးပေါင်းဆောင်ရွှက်

သီတဂူဆရာတော်ကြီး၏ လမ်းညွန်မှုဖြင့် သီတဂူဒေါက်တာဦးမြအောင် ဦးဆောင်သော သီတဂူစက္ခုဒါနအဖွဲ့သည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနတို့နှင့် ပူးပေါင်းကာ ချင်းပြည်နယ်မင်းတပ်မြို့နယ်၌ ၂၀၁၈ အောက်တိုဘာ ၉-၁၀ ရက်များတွင် ကျောင်းကျန်းမာရေး မျက်စိစစ်ဆေး ကုသပညာပေးခြင်း လုပ်ငန်းများဆောင်ရွှက်ခဲ့ပါသည်။

ကျောင်းသူ/သားများအတွက် လိုအပ်သောမျက်မှန်များအား Helen Keller Int'l NGO မှ လှူဒါန်းပါသည်။

ထိုသို့ မျက်စိစစ်ဆေးကုသခြင်း လုပ်ငန်းများ လုပ်ဆောင်ခဲ့ရာ ဒေသတွင်းတိုင်းရင်းသားပြည်သူများ၊ ကျောင်းဆရာ/ဆရာမများ၊ ကျောင်းသား/သူ များ လာရောက်ခဲ့ရာ စုစုပေါင်း စစ်ဆေးကျောင်းသား ပေါင်း ၁၃၆၀၊ မျက်မှန်တပ်ရန်လိုသော ကျောင်းသားပေါင်း ၇၀ နှင့် ဆရာဆရာမများ မျက်မှန်စမ်းသပ်ပေးပါသည်။ ထို့နောက် မျက်စိရောဂါရှိသော ကလေးများစစ်ဆေး၍ လိုအပ်သောဆေးမျက်စဉ်း ညွှန်းခဲ့ပါသည်။

မှတ်ချက်။ သီတဂူဆရာတော်ကြီး၏ လမ်းညွန်မှုဖြင့် သီတဂူစက္ခုဒါနအဖွဲ့သည် မင်းတပ်မြို့အပါအဝင် မြန်မာနိုင်ငံအဝှမ်းမျက်စိဆေးရုံပေါင်း (၃၉) ရုံဆောက်လုပ်ပြီးစီးကာ လူမျိူးဘာသာမရွှေး မျက်စိစစ်ဆေးကုသခြင်းဖြင့် ကုသိုလ်ပြုလျက်ရှိပါသည်။

သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

gazette-487 gazette-488 gazette-489 gazette-490 gazette-491 gazette-492 gazette-493

Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)

Search

မာတိကာ

Home

FOUNDER

ACADEMICS

MINISTRY

MISSIONARY

MEDITATION

PUBLICATIONS

TALKS

NEWS & INFO

CONTACT

Guests Online

We have 10 guests and no members online

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း - ၀၇၂-၂၁၆၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊

ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)

မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈