Gazette

သီတဂူ၏ရခိုင်ပြည်သို့ အလှူ

၂၃-၄-၂၀၁၈ ရက်နေ့၊ ၁၃:၀၀ နာရီအချိန်တွင် သီတဂူဆရာတော်ကြီး ဦးဆောင်သောသီတဂူသာသနာပြုအဖွဲ့မှ ရခိုင်ပြည်နယ်၊ စစ်တွေနှင့် မောင်တောဆေးရုံများသို့ USD 65960 နှင့် (ကျပ်သိန်း ၁၈၆.၉၁) တန်ဖိုးရှိသော ဆေးရုံသုံးပစ္စည်းများလှူဒါန်းပြီး၊ တရုတ်ဘုန်းတော်ကြီး အရှင်ဓမ္မရက္ခိတ ဦးဆောင်သော China Hanzhu Anada Cultural Organization မှ သီတဂူဆရာတော်ကြီးအား အမှုးထား၍ solar system မီးလုံး ၁၀၀၀ အား လှူဒါန်းကြရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု ဦးဆောင်သော ပြည်နယ်အစိုးရအဖွဲ့မှ လက်ခံရယူပါသည်။

နာဂတောင်တန်း၊ လဟယ်မြို့သို့ စက္ခုဒါနခရီးစဉ် ကြွရောက်နေတော်မူသော သီတဂူဆရာတော်ကြီး (ကိုယ်စား) သီတဂူသာသနာပြုအဖွဲ့ အတွင်းရေးမှူး ဦးမြင့်အောင်၊ အတွင်းရေးမှူး ဦးကျော်မိုးနိုင်၊ အဖွဲ့ဝင် ဦးဝေလွင်၊ အဖွဲ့ဝင် ဦးရန်နိုင်လင်းတို့က ပေးအပ်လှူဒါန်းပေးကြပါသည်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးတွင် ကျင်းပပြုလုပ်သော လှူဒါန်းပွဲ အခမ်းအနားသို့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုနှင့် အစိုးရအဖွဲ့ဝင်များ တက်ရောက်ကြပြီး အဖွင့်မိန့်ခွန်းကို ဝန်းကြီးချုပ်မှ ပြောကြားပြီး ရခိုင်လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာမှ ကျေးဇူးတင်စကားပြောကြားပေးကာ သာဓုခေါ်ဆို၍ အခမ်းအနားကို ရုတ်သိမ်းကြသည်။

 

သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

gazette-376gazette-377gazette-378gazette-379

Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)

Search

မာတိကာ

Home

FOUNDER

ACADEMICS

MINISTRY

MISSIONARY

MEDITATION

PUBLICATIONS

TALKS

NEWS & INFO

CONTACT

Guests Online

We have 16 guests and no members online

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း - ၀၇၂-၂၁၆၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊

ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)

မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈