Gazette

ရှစ်ထပ်ကျောင်းဆောင်ကြီး အောင်မြင်စွာ ဖြစ်မြောက်ရေးအတွက် အစည်းဝေးမှတ်တမ်း (၁၈-၁-၂၀၁၈ နေ့လည် ၁၂:ဝ၀)သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

အဖွင့်အမှာစကား 

ရှေးဦးစွာ သီတဂူအဓိပတိ ဆရာတော်ကြီးက သြဝါဒ အဖွင့်အမှာစကားပြောကြားသည်။

သီတဂူကပ္ပိယကာအဖွဲ့အားလုံး သားနဲ့ မယားနဲ့ဆိုတော့ ကိုယ့်ကျိုးကိုယ့်စီးပွားကတော့ ရှိမှာပဲ။ သို့သော် ကိုယ့်ကျိုးကိုယ့်စီးပွားအတွက်ချည်း ဖိမလုပ်ဘဲ သူတပါးအကျိုးစီးပွားအတွက်လည်း ဖြစ်စေရမည်။ သူတပါးအကျိုးဆိုသည်မှာ ဘုန်းကြီးတို့ ပြောချင်တာ နှစ်ခုပါပဲ။ သာသနဟိတနှင့် ပရဟိတနှစ်ခုကို စွဲစွဲမြဲမြဲ နှစ်နှစ်ကာကာ ပြုလုပ်ကြဖို့ပါပဲ။

နောက်တစ်ခုက နွားမတွေ ယိုစီးကျတဲ့ နွားနို့ကို နွားမကြီးတွေ မသောက်နိုင်ကြဘူး၊ လူတွေ အကုန်လုံး ဝိုင်းသောက်ကြတာ။ အဲဒီတော့ နွားမစိတ်ဓာတ် မွေးကြ။

နွားထီးတွေ ပခုံးပွန်းအောင် ရုန်းသမျှ ထွက်လာတဲ့ ဆန် စပါးတွေကို အဲဒီနွားကြီးတွေ မစားကြဘူး၊ ဒီလူသားတွေ အကုန်လုံး ဝိုင်းစားကြတာ။ အဲဒီတော့ ခင်များတို့တစ်တွေ နွားထီးကြီးလို ပခုံးပွန်းအောင် ရုန်းပြီးတော့ တိုင်းပြည်အကျိုးနှင့် သာသနာတော်အကျိုးကို ဘုန်းကြီးနှင့်အတူ ဆောင်ရွက်ကြပါလို့ ဒါ ပြောချင်ပါတယ်။

လောကကြီးက တစ်ယောက်တည်းနေလို့ မရတဲ့အတွက်ကြောင့် တစ်ယောက်တည်းအတွက် အကျိုးစီးပွားကို ဆောင်ရွက်ရုံနှင့် လောက လူ့တာဝန် မကျေပွန်ဘူး။ တိုင်းပြည်အကျိုးနှင့် သာသနာအကျိုးကို ကိုယ်အကျိုးနှင့်ထပ်တူ ဆောင်ရွက်နိုင်မှ ဘဝမှာ တာဝန်ကျေတယ်။ အဲဒါကြောင့် ဘဝတာဝန်ကျေပွန်အောင် အားလုံး ထမ်းဆောင်ကြပါ။

ဒီကနေ့ သီတဂူသာသနာပြုအဖွဲ့ရဲ့ ခြေလှမ်းပေါင်းများစွာ လှမ်းလာခဲ့တဲ့အထဲက ခြေလှမ်းသစ်တစ်ခု၊ ရန်ကုန်မှာရှိတဲ့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကြီးကို International Standard မီအောင် မင်းတို့ ဆောက်လုပ်တဲ့နေရာမှာ မြေကြီးခက်ခဲကြောင့် ဘေးကိုချဲ့ယူမရလို့ အပေါ်ကို ချဲ့ရတာ။ စင်္ကာပူဆိုတဲ့ ကျွန်းနိုင်ငံလေးဟာ ချဲ့စရာမြေကြီးမရှိတော့ အပေါ်တက်တာ အကုန်လုံး ကောင်းကင်ဘုံသားတွေ ဖြစ်ကုန်တာ။ အဲဒီတော့ အားလုံး၊ နတ်ပြည်ခြောက်ထပ်ဆိုတဲ့ ကောင်းကင်ဘုံသို့ မရောက်သေးမီမှာ ကောင်းကင်ဘုံ တစ်ဘုံကို ဝိုင်းဝန်းပြီးတော့ တက်ညီလက်ညီ တည်ဆောက်ကြပါ။

တည်ဆောက်တဲ့နေရာမှာ (၁)ကတော့ ကိုယ်ပင်ပန်းမှုနှင့် ကိုယ့်အချိန်ကို စွန့်လွတ်နိုင်ရမည်။ မင်းကွန်းဆရာတော်ကြီးပြောတယ်၊ ကာယမစ္ဆေရဗဟုလ ပုဂ္ဂိုလ်ဟာ သူတပါးအကျိုးကို မဆောင်ရွက်နိုင်ဘူး။ ကာယမစ္ဆေရဆိုတာ မိမိကိုယ်ကို တိုင်းပြည်နှင့် သာသနာအတွက် အသုံးပြုရမှာ ဝန်တိုနေတဲ့ပုဂ္ဂိုလ်လို့ ဆရာတော်ကြီးက တည့်တည့်ပြောတယ်။ စာပေကတော့ မိမိကိုယ်ကို ဝန်တိုတဲ့ ပုဂ္ဂိုလ်။ အစည်းဝေးတက်ကြရအောင် မအားဘူး၊ ကျောင်းဆောက်ကြရအောင် မအားဘူး၊ ဘယ်တော့ အားမလဲ၊ ဒါ ကာယမစ္ဆေရ၊ ရွှေဟင်္သာဆရာတော်ကြီးကတော့ ပြောတယ်၊ သက်သာခိုတဲ့ ပုဂ္ဂိုလ်ဟာ ကာယမစ္ဆေရ အားကြီးတယ်။ မင်းကွန်းဆရာတော်ကြီး စကားနှင့် ရွှေဟင်္သာဆရာတော်ကြီး စကားဟာ တစ်ထပ်တည်းပဲ။ အဲဒီစကားနှစ်ခွန်းကို ဘုန်းကြီးတို့က ရှာကြည့်တော့ အာနန္ဒတ္ထေရအပါဒါန်မှာ သွားတွေ့တယ်။ ကာယမစ္ဆေရ-မိမိကိုယ်ကို ဝန်တိုလေ့ရှိသော ပုဂ္ဂိုလ်သည် အချိန်တွေ နှစ်တွေ ရက်တွေ လတွေ ကုန်ကုန်သွားပေမဲ့ တိုင်းကျိုးပြည်ကျိုးနှင့် သာသနာအကျိုးကို မသယ်ပိုးနိုင်ခဲ့တဲ့အတွက်ကြောင့် သူ့အကျိုးစီးပွား မရလိုက်ဘူးလို့ ပြောတယ်။

အဲဒါကြောင့် အလေးနက်ပြောချင်တာက ကာယမစ္ဆေရအမှုကို အားလုံး လျှော့နိုင်သမျှ လျှော့ကြ။ မိမိက မိမိကိုယ်ကို ဘယ်လောက်ပဲ ညှာတာနေစေကာမူ နာခြင်းနှင့် အိုခြင်း၊ သေခြင်းက မညှာဘူး။

ကောသလမင်းကြီးက ဘုရားကိုမေးတယ်၊ အိုလာ နာလာတဲ့ ပုဂ္ဂိုလ်ဟာ သေခြင်းမှ လွတ်မြောက်နိုင်ရဲ့လား၊ ဒီအထဲမှာ လွတ်မြောက်တဲ့ ပုဂ္ဂိုလ်ရှိလာနိုင်ရဲ့လား၊ မရှိပါဘူး။ ကောသလမင်းက တော်တော် ဉာဏ်နဲတဲ့ဘုရင်၊ ဒကာကြီးတွေ သီတဂူသာသနာပြုလုပ်ငန်းတွေ၊ တခြားလည်း ကိုယ်စပ်ရာစပ်ရာ သာသနာပြု လုပ်ငန်းတွေ လုပ်နေကြတာ ဒီလောက်တော့ ဗဟုသုတ မခေါင်းပါးလောက်ပါဘူး။ မွေးလာတဲ့ ပုဂ္ဂိုလ်က အိုသွားတာပဲ၊ အိုလာတဲ့ ပုဂ္ဂိုလ်က နာသွားတာပဲ၊ နာပြီးရင် နောက်ဆုံး သေကြတာပဲ။

နိဂုံးက ဘာပြောမလဲဆိုတော့ For the future now you must prepare. How will we build our new house in future life? ဘဝသစ်တစ်ခု လှလှပပ တည်ဆောက်နိုင်ဖို့ ခုကတည်းက အားလုံး ပြင်ထား။ ကာယမစ္ဆေရအားကြီးတဲ့ ပုဂ္ဂိုလ်ဟာ ပြင်ဆင်ချိန်မရခင်မှာ ဘဝနိဂုံးချုပ်သွားတယ်။ ကောသလဘုရင် ဘာမှ ပြင်ဆင်ချိန်မရလိုက်ဘူး၊ ဘုရားရဲ့ အဖေတစ်ယောက်ပဲ ဘဝနိဂုံးချုပ်ပုံ လှတယ်။ အရဟတ္တဖိုလ်ပေါက်ပြီး ရဟန္တာအဖြစ်နဲ့ ပရိနိဗ္ဗာန်ပြုတာ ဘုရားရဲ့ အဖေ သုဒ္ဓေါဒနဘုရင် တစ်ပါးပဲရှိတယ်။ ဘုရားလက်ထက်က ဘုရင်တွေ ပြောင်ပြောင်မြောက်မြောက် တစ်ပါးမှ မရှိဘူး။ အဲဒီတော့ သီတဂူသာသနာပြုအဖွဲ့က ပုဂ္ဂိုလ်တွေ ဘဝမှတ်တမ်း ကောင်းကောင်း စိုက်ထူသွားကြပါလို့ အလေးအနက် တိုက်တွန်းရင်း နိဂုံးချုပ်ပါတယ်။

သြဝါဒစကားချီးမြင့်ပြီးနောက် ဆရာတော်ကြီးကိုယ်တိုင်ပဲ ရှစ်ထပ်ကျောင်းဆောင်ကြီး အောင်မြင်စွာ ဖြစ်မြောက်ရေးအတွက် အောက်ပါ ကော်မတီများကို ဖွဲ့စည်းပေးလိုက်သည်။

 

ရှစ်ထပ်ကျောင်းဆောင်တော်ကြီး ဖြစ်မြောက်ရေး ကော်မတီဖွဲ့စည်းခြင်း

 

(က) ဆောက်လုပ်ရေး ကော်မတီ

၁။ ဦးတင်အေး ဥက္ကဋ္ဌ

၂။ ဦးမောင်သောင်း တွဲဘက် အတွင်းရေးမှူး

၃။ ဦးကျော်မိုးနိုင် တွဲဘက် အတွင်းရေးမှူး

၄။ ဦးစောထွေးဇော် အင်ဂျင်နီယာ

၅။ ဦးကျော်သူအောင်

၆။ ဦးဝေလွင်

၇။ ဦးသိန်းလှိုင်

၈။ ဦးမင်းဇော်

၉။ ဦးသော်ဇင်

၁၀။ ဦးရန်နိုင်

 

(ခ) စာရင်းအင်း ကော်မတီ

၁။ ကိုဘာဘူ (ဦးပီကေဆင်)

၂။ ကိုမြင့်အောင် (လှဆန်းယဉ်)

၃။ ကိုနိုင်အေး

မှတ်ချက်။ ။ လကုန်တိုင်း၊ သို့မဟုတ် လဆန်း (၁)ရက်နေ့တိုင်း ဝင်ငွေ ထွက်ငွေ လချုပ်စာရင်း ပြုစုပြီး ဆရာတော်ကြီးအား တင်ပြနိုင်ရန်။

 

(ဂ) ဘဏ္ဍာထိန်း ကော်မတီ

၁။ ဒေါက်တာ ကောဝိဒသိရီ

၂။ အရှင်ဓမ္မိက

၃။ ဦးကျော်ရှိန်

၄။ ကိုဘာဘူ (ဦးပီကေဆင်)

မှတ်ချက်။ ။ စာရင်းအင်းအဖွဲ့နှင့် ဘဏ္ဍာထိန်းအဖွဲ့တို့သည် အမြဲတမ်းအဆက်သွယ်ရှိပြီး ဆွေးနွေးရမှာ ဖြစ်သည်။

 

(ဃ) ထိန်းသိမ်း စောင့်ရှောက်ရေးကော်မတီ

၁။ ဦးဟန် (ဂုဏ်ထူးဆောင်)

၂။ ဦးရွှေဝင်း

၃။ ဦးရွှေနီ

၄။ ဦးတင်လှိုင်

၅။ ဦး မောင်မောင်အေး

 

(င) ဝေယျာဝစ္စကော်မတီ

၁။ ဦးမောင်မောင် (မြောက်ဒဂုံ)

၂။ ဦးကျော်ဆွေ (သီရိမင်္ဂလာ)

၃။ ဦးမြင့်အောင် (ဗိုလ်စိန်မှန်)

၄။ ဦးဝင်းထွန်း (ဆရာစံ)

 

မှတ်ချက်။ ။ ဤအစည်းအဝေးကြီးမှာပဲ ဦးစိန်လှအောင်နှင့် ဦးစိုးလှိုင်တို့ကို သီတဂူကပ္ပိယအဖွဲ့အဝင် အဖြစ် သာဓုခေါ်၍အသိမှတ်ပြုကြသည်။

 

မှတ်တမ်းတင်သူ

ဒေါက်တာ ကောဝိဒသိရီ

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်

ရန်ကုန်

 

သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org 

gazette-341gazette-342

Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)

Search

မာတိကာ

Home

FOUNDER

ACADEMICS

MINISTRY

MISSIONARY

MEDITATION

PUBLICATIONS

TALKS

NEWS & INFO

CONTACT

Guests Online

We have 5 guests and no members online

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း - ၀၇၂-၂၁၆၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊

ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)

မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈