Gazette

သီတဂူဆရာတော်မိန့်ခွန်းတော်

PEACE, Harmony..securityဟု
ရည်ရွယ်မှန်းကာ..စုဝေးလာ၍
The interfaith dialogue..ဆွေးနွေးသော့ခါ
လျော့ပါးမည်ပ..ပဋိပက္ခတွေ
ကမ္ဘာ့နိုင်ငံ..အတန်တန်၌
ငြိမ်းတန်တာငြိမ်း..ဘာသာကိန်း၍
ငြိမ်းချမ်းစေဟူ..ဆောင်ရွက်တော်မူသည်


သူလိုရဟန်း..သူမို့စွမ်းသည်
မခန်းအံ့ဖွယ်ပေတကား..
သက်တော်ရှစ်ဆယ်..ကျော်အရွယ်ထိ
အံ့ဖွယ်ပေပ..ကမ္ဘာကပင်
ဩချလောက်အောင်..သူစွမ်းဆောင်ခဲ့
ဉာဏ်ရောင်လင်းစေလော့..dialogue..တဲ့
မေ့လျော့မရ..ကြာချေကလျှင်
ပေါ့ဆမသေး..ဘာသာရေး၏
ရှေ့ရေးမလွယ်..ရင်လေးဖွယ်ကို
အကျယ်ညွှန်ပြ..ဆွေးနွေးကြမည်
ဘဝအိုးအိမ်..လုံခြုံချိန်ကား
တည်ငြိမ်ငြိမ့်အေး..ငြိမ်ချမ်းရေးတည့်
အတွေးတစ်မူ.အဆူဆူနှင့်
အယူဝါဒ..မတူကြလည်း
တူကြသည်မှာ..ညီညွတ်စွာသော
Peace harmony security..
သိပ်ကိုအရေးကြီးနေပြီ..
ကမ္ဘာလွှမ်းခြုံဆိုင်နေသည်..
ယနေ့မျက်မှောက်..ခေတ်တစ်လျှောက်၌
ခြောက်ခြောက်ခြားခြား..အဖြစ်များနှင့်
လူသားတို့တွေ..ပူပန်နေစွ
နယ်မြေကျူးမှု..သောင်းကျန်းမှုနှင့်
တစ်ခုမပြီး..တစ်ခုကြီး၍
မီးတောက်လောင်ကျွမ်း..မငြိမ်းချမ်းခဲ့
ပန်းလည်းမပွင့်..လမ်းလည်းဖင့်ခဲ့
ကပ်သင့်လေသည့်..ကမ္ဘာကြည့်ဖို့
ပဋိပက္ခ..လောင်မီးစလျှင်
ယူဆနိုင်ငံရေး..လူမျိုးရေးနှင့်
ဘာသာရေးထံ..အခြေခံကြ
နိုင်ငံများရဲ့..ဘာသာမဲ့၏
တကယ့်ရာနှုန်း..နေ့စဉ်ပြုန်း၍
ပျက်သုဉ်းယွင်းသွေ..ရှေ့ရှုနေပြီ
မြေကမ္ဘာပင်ကွယ်မည်လော..
သိပ္ပံနည်းနာ..ခေတ်ပညာတွေ
ကြီးစွာပြောင်းလဲ..တိုးတက်မြဲ၌
စံလွဲအတွေး..ဘာသာရေးကို
အလေးမယူ..ပစ်ပယ်မူ၍
လူငယ်ဘဝ..အဆုံးမလည်း
ကင်းပဝေးနယ်..ထိန့်လန့်ဖွယ်နှင့်
တကယ်ကြုံတွေ့နေပြီကော..
သို့ဖြစ်ပါ၍
ကမ္ဘာရှေ့ဆောင်..နိုင်ငံ့ဘောင်မှ
ခေါင်းဆောင်တွေလည်း..ဆွေးနွေးပွဲ၌
ထပ်လဲဆွေးနွေး..ငြိမ်းချမ်းရေး၏
အရေးအရာ..အရေးပါကြောင်း
ကမ္ဘာဆုံရပ်..အနာဂါတ်တွက်
မှတ်မှတ်ထင်ထင်..ငြိမ်းချမ်းချင်သို့
အမြင်အတွေး..ဘာသာရေးကို
သွေးသားစိမ့်မျှ..ယုံကြည်ကြသည့်
ဘာသာ့ဦး..နေ...ခေါင်းဆောင်တွေလည်း
ညီစေမှန်းလျက်..ရည်ရွယ်ချက်ဖြင့်
ဤရက်ဆုံတွေ့..ဆွေးနွေး၍လျှင်
ချမ်းမြေ့ရည်ညွှန်း..ကမ္ဘာ့ကွန်း၌
Common platform
ရိပ်မြုံကောင်းကို
စုပေါင်းဆောင်ရွက်ကြပါစို့..
ဧရာဝတီ..ဂင်ဂါမည်သော
နဒီရေလွှာ..ကဲ့ပမာလျှင်
မြစ်ဝါမစ္စစ္စပီ..မြစ်ရေသည်လည်း
ကြည်လင်အေးချမ်း..သန့်ရှင်းလန်း၍
သုံးစမ်းချိုးစမ်း..ဂုဏ်စဉ်စဉ်တန်းတွေ
မခမ်းမသွေ့သကဲ့သို့..
အယူဝါဒ..မတူကြလည်း
ရှေးကစဉ်လာ..ကိုးကွယ်ရာ၌
ဘာသာအယူ..ကွဲပြားမူလည်း
အတူပဲပေါ့..dialogue တွင်
ကြော့ကြော့လေးသာ..တူညီညာဟု
PEACE harmony security ဖြင့်
ယုံကြည်မျှော်မှန်း..တူညီလမ်းကို
လျှောက်လှမ်းလက်တွဲကြပါစို့..
ကမ္ဘာ့ဘာသာရေးခေါင်းဆောင်တို့..
ကမ္ဘာသူကမ္ဘာသားအပေါင်းတို့..

#အဲမွန်အေး
(သီတဂူဆရာတော်ဘုရားကြီး၏ ၅.၈.၁၇နေ့
အစ ည်းအဝေးအဖွင့်မိန့်ခွန်းကိုခံစားရေးဖွဲ့ပူဇော်
ပါသည်..)


သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ

သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

gazette-245

Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)

Search

မာတိကာ

Home

FOUNDER

ACADEMICS

MINISTRY

MISSIONARY

MEDITATION

PUBLICATIONS

TALKS

NEWS & INFO

CONTACT

Guests Online

We have 30 guests and no members online

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း - ၀၇၂-၂၁၆၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊

ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)

မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈