Gazette

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့မှာ မျက်စိဝေဒနာရှင်များ အခမဲ့ကုသလို့ရမည့် မျက်စိဆေးရုံ(၁)ရုံကို နိုဝင်ဘာလ(၁ရ)ရက်နေ့ အမျိုးသားနေ့မှာ ဖွင့်လှစ်

**********

၁၇-၁၁-၂၀၂၂

 

ဆေးရုံဖွင့်ပွဲ အခမ်းအနားသို့ ကျေးဇူးရှင်အဘိဓဇမဟာရဋ္ဌဂုရု ရွှေကျင်သာသနာပိုင် သီတဂူအဓိပတိဆရာတော်ဘုရားကြီး၊ တနင်္သာရီတိုင်း သံဃနာယကဆရာတော်များ၊တနင်္သာရီတိုင်းဝန်ကြီးချုပ်ဦးမြတ်ကို၊ ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်စောသန်းလှိုင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ မြို့မိမြို့ဖများ တက်ရောက်ကြပါသည်။

 

ဆေးရုံကို တနင်္သာရီတိုင်းဝန်ကြီးချုပ်ဦးမြတ်ကိုနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပါသည်။

 

ဆက်လက်ပြီး အဘိဓဇမဟာရဋ္ဌဂုရုရွှေကျင်သာသနာပိုင် သီတဂူအဓိပတိဆရာတော်ဘုရားကြီးနှင့် တနင်္သာရီတိုင်းဒေသကြီး သံဃာနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်ကြီးတို့က ကဗ္ဗည်းမော်းကွန်းကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပြီး အမွှေးနံသာရေ ပက်ဖြန်းပေးပါသည်။

 

အဲဒီနောက် ဒုတိယပိုင်း ရေစက်ချ အခမ်းအနားကို ဆောင်ရွက်ခဲ့ပါတယ်။

 

အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပါသည်။

 

သီတဂူအဓိပတိဆရာတော်ဘုရားကြီးထံမှ ဧည့်ပရိတ်သတ်တို့က ငါးပါးသီလခံယူဆောက်တည်ခဲ့ကြပါသည်။

 

တနင်္သာရီတိုင်းဒေသကြီးသံဃာနာယကအဖွဲ့ ဥက္ကဋ္ဌ (သုဓမ္မာဂိုဏ်း) မြိတ်မြို့၊ မော်တောင်ပရိယတ္တိစာသင်တိုက်ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တနာရဒ(အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ)က သီတဂူ ဇီဝိတဒါန၊ စက္ခုဒါနဆေးရုံတော်ကြီး ဖြစ်ပေါ်လာရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းလျေှက်ထားပါသည်။

 

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြတ်ကိုက သိတဂူဆရာတော်ကြီးထံ ဂါရဝပြု ကျေးဇူးတင်လွှာ ဆက်ကပ်လှူဒါန်းပါသည်။

 

ဆေးရုံတော်ကြီး၏ စာရွက် စာတမ်း အထောက်အထားများကို သီတဂူဆရာတော်ကြီးက ဆေးရုံတော်စံမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းထံ လွှဲပြောင်းပေးပါသည်။

 

ဆေးရုံတော်စီမံစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက ကျေးဇူးတင်းစကား လျှောက်ထားတင်ပြခဲ့ပါသည်။

 

ဆက်လက်ပြီး သံဃာတော်အရှင်သူမြတ်တို့အား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် သီတဂူဇီဝိတဒါန၊ စက္ခုဒါန ဆေးရုံတော်ဖြစ်မြောက်ရေးအတွက် လှူဒါန်းထားကြသည့် အလှူရှင်များနှင့် ပရဟိတအဖွဲ့များကို သီတဂူဆရာတော်ကြီးက ဂုဏ်ပြုမော်ကွန်းလွှာများ ချီးမြှင့်ခဲ့ပါသည်။

 

ထို့နောက် သီတဂူအဓိပတိဆရာတော်ဘုရားကြီးမှ သြဝါဒစကားနှင့် ရေစက်ချအနုမောဒနာ တရားမိန့်ကြားခဲ့ပါသည်။

 

သြဝါဒမိန့်ကြားပြီးနောက် သီတဂူအဓိဌာန် သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

 

သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ..
သူတော်ကောင်းတရားနေရာတိုင်းမှာ ထွန်းတောက်ပါစေ..
ကိုဗစ်-၁၉ ရောဂါအမြန်ဆုံးကင်းဝေးကြပါစေ….

 

မြန်မာပြည်ကြီး အမြန်ဆုံးငြိမ်းချမ်းပါစေ…

 

Photoed by- Sitagu Kyaw San Win

20221117-gazette-01

20221117-gazette-02

20221117-gazette-03

20221117-gazette-04

20221117-gazette-05

20221117-gazette-06

20221117-gazette-07

20221117-gazette-08

20221117-gazette-09

20221117-gazette-10

20221117-gazette-11

20221117-gazette-12

20221117-gazette-13

Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)

Search

မာတိကာ

Home

FOUNDER

ACADEMICS

MINISTRY

MISSIONARY

MEDITATION

PUBLICATIONS

TALKS

NEWS & INFO

CONTACT

Guests Online

We have 6 guests and no members online

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း - ၀၇၂-၂၁၆၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊

ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)

မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈