Gazette

သုဝဏ္ဏဘုမ္မိ ဆင်းတုတော်များ

**********

မဟာဇနကဇာတ်တော်၌ မဟာဇနကမင်းသား သုဝဏ္ဏဘုမ္မတိုင်းသို့ ကုန်ကူးသန်းရန်အသွား သင်္ဘောပျက်ကြောင်းတွေ့ရသည်။

 

အေဒီ - ရာစုက အိန္ဒိယတခွင် ဘုရားဖူးလှည့်လည်သော တရုတ်ရဟန်းတော် ဖာဟီရန်သည် သုဝဏ္ဏဘုမ္မိ သို့မဟုတ် အင်ဒိုချိုင်းနားတခွင် ဖြတ်၍ တရုတ်ပြည်သို့ ပြန်ကြွကြောင်း တွေ့ရသည်။

 

အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းရှိ ဗောဓောဗုဓု စေတီတော်ကြီးသမိုင်းကို သမိုင်းဆရာများစွာတို့က စာအုပ်ပေါင်းများစွာ ရေးကြသည်။ ထိုစာအုပ်တော်တော်များများတွင် ဆူမားတြား ကျွန်းအကြောင်းကို ဖေါ်ပြရာတွင် အိန္ဒိယပြည် ဓမ္မိလ္လတိုင်းအရပ် ( တမီနာဒူး) မှ သုမိတ္တ (သုမိတ္တရ) အမည်ရှိ ကုန်သည်ကြီး တစ်ယောက်သည် အိန္ဒိယနှင့် ချိုင်းနား ( အင်ဒိုချိုင်းနား) ဒေသ မှာ ပင်လယ်ခရီး သင်္ဘောဖြင့် ကူးသန်းရောင်းဝယ်ရာ၌ ယနေ့အခေါ် ဆူမတြား ကျွန်းသည် အလယ်ဗဟိုချက် သုမိတ္တ ကုန်သည်ကြီး၏ ကုန်စည်ဒိုင် ပွဲရုံကြီး တည်ရာ ဌာနဟု ဖေါ်ပြကြသည်။

 

ထို့ကြောင့် ထိုကျွန်းကို သူ၏အမည်ကို အစွဲပြုပြီး ပါဠိဘာသာအမည်ဖြင့် ခေါ်လျှင် သုမိတ္တကျွန်း၊ သက္ကတသံနှော၍ ခေါ်လျင် ဆူမတြား ကျွန်းဖြစ်သည်။ အိန္ဒိယလူမျိုးတို့ ဂျုံ စပါးစိုက်၍ စီးပွားရှာသော ကျွန်းကို ယဝကျွန်း. ဂျာဗားကျွန်း ဟု ခေါ်တွင်သည်။

 

ထိုကျွန်းများပေါ်တွင် ဟိန္ဒူဘာသာဝင်တို့က အစောဆုံး ရောက်ရှိကြသည်။ ဟိန္ဒူဘုရားကျောင်းများ အများအပြား တွေ့ရသည်။ ဂျာဗားကျွန်း၌ ဗုဒ္ဓဘာသာ ဘုရား၊ ကျောင်း၊ ကန် များစွာတွေ့ရသည်။ ဗောဓောဗုဓုစေတီတော်ကြီးနှင့် မန္ဒရွတ်မြို့က ဓမ္မစကြာ ဆင်းတုတော်ကြီးမှာ ခိုင်လုံသော အထောက်အထားဖြစ်သည်။

 

မော်လမြိုင်မြို့ တောင်ပေါက်ကျောင်းဆရာတော်ကြီး ဦးစက္ကပါလမထေရ်က ကျမ်းစာအုပ်ပေါင်း မြောက်များစွာကို ကိုးကား၍ သုဝဏ္ဏဘုမ္မိဟူသည် အင်ဒိုနီးရှားတဝိုက်ဟု ဖေါ်ပြထားသည်။ မြန်မာက သထုံဟုဆိုသည်။ ထိုင်းတို့ကလည်း နခွန်းပထွန်း အရပ်ဟုဆိုသည်။ ဂျာဗားကျွန်းကို ဗဟိုပြု၍ အင်ဒိုချိုင်းနားဒေသတဝိုက်၊ မြန်မာနိုင်ငံ တနင်္သာရီ ကမ်းမြှောင်ဒေသ၊ ရှေ့တောင်အာရှ ကျွန်းစုတခွင်လုံးကို သုဝဏ္ဏဘုမ္မိဟုဆိုသော် ငြင်းခုံဖွယ်မရှိဟု ယူဆသည်။

 

ထို့ကြောင့် အင်ဒိုနီးရှား ဆင်းတုတော်၊ မွန်ပြည်နယ် ဆင်းတုတော်၊ ထိုင်း. လာအို. ကမ္ဘောဒီးယား. ဗီယက်နမ် ဆင်းတုတော်များကို စုံလင်စွာ ထုလုပ်ပူဇော်လိုက်ပါသည်။

 

သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ။
သီတဂူသတင်းနှင့် ပြန်ကြားရေးအဖွဲ့

 

20210927-news-01

Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)

Search

မာတိကာ

Home

FOUNDER

ACADEMICS

MINISTRY

MISSIONARY

MEDITATION

PUBLICATIONS

TALKS

NEWS & INFO

CONTACT

Guests Online

We have 4 guests and no members online

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း - ၀၇၂-၂၁၆၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊

ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)

မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈