Gazette

ကပ်ရှ်မီးယား ဆင်းတုတော် (7 cen. AD)

**********

အေဒီ-၇ ရာစုတွင် ကပ်ရှမီးယားဒေသတွင် တွေ့ရသော ဆင်းတုတော် ဖြစ်ပါသည်။ အေဒီ-၇ ရာစုတွင် ဂန္ဓာရတိုင်းသည် ဗုဒ္ဓသာသနာတော် အလွန်အားကောင်းသည့် အချိန်ဖြစ်ပါသည်။ ထိုအချိန်တွင် ကူမီရတို င်း (ကပ်ရှ်မီးယားဒေသ) တွင်လည်း ဗုဒ္ဓသာသနာတော် အားကောင်းလျက်ရှိသည်။ ကနစ်ရှ်ကမင်းကြီး နန်းတက်ပြီး ဗုဒ္ဓသာသနာတော်ကို အင်တိုက်အားတိုက် ချီးမြောက်သည့်အတွက်ကြောင့် ကူမီရတို င်းရှိ ဟိမဝန္တာတောင်ခြေတလျောက်ရှိ ဟိန္ဓုကတောင်တန်း၊ ဘာမီရန်တောင်တန်း တလျောက် ဗုဒ္ဓဆင်းတုတော်များ ထုလုပ်ခြင်းလုပ်ငန်း အလွန် ခေတ်စားခဲ့ပါသည်။

 

မြတ်စွာဘုရား သာသနာတော်ကို ပြန့်ပွားလိုသောစိတ်ဖြင့် ဘီစီ-၃ ရာစုခန့်က အသောကမင်းကြီး ကိုးတိုင်း ကိုးဌာန သာသနာပြုလွတ်ရာတွင် ကူမီရတို င်းသို့လည်း စေလွှတ်ခဲ့ပါသည်။ ကနစ်ရှ်က မင်းကြီးလက်ထက်တွင် ကူမီရတို င်း (ကက်ရှ်မီးယား) တွင် မဟာယာန ဗုဒ္ဓဘာသာ အထူးအားကောင်းခဲ့ပါသည်။ အထူးသဖြင့် ဗုဒ္ဓဘာသာဂိုဏ်းကြီး (၁၈) ဂိုဏ်းရှိရာတွင် သဗ္ဗတ္ထိဝါဒဂိုဏ်းသည် ဂန္ဓာရတို င်းနှင့် ကူမီရတို င်းတွင် အားအကောင်းဆုံး၊ သြဇာအာဏာ အရှိဆုံး ဗုဒ္ဓဘာသာဂိုဏ်းကြီဖြစ်ပါသည်။

 

သာသနာနှစ်-၅၀၀ ခန့် (ခန်မှန်းခြေ) က  ကူမီရတို င်းတွင်  ကနစ်ရှ်ကမင်းကြီး၏ အထောက်အပံ့ (ပစ္စယနုဂ္ဂဟ) ကို ခံယူပြီး သဗ္ဗတ္ထိဝါဒဂိုဏ်ကြီးက ခေါင်းဆောင်ကာ သံဃာဂိုဏ်းပေါင်းစုံ သင်္ဂါယနာတင်ပွဲ ကျင်းပခဲ့သည်။ မြောက်ပိုင်း ဗုဒ္ဓဘာသာ မဟာယာနဂိုဏ်းကြီး၏ အလွန်အံ့သြဖွယ်ကောင်းသည့် သင်္ဂါယနာတင်ပွဲကြီးဖြစ်သည်။ တောင်ပိုင်းဗုဒ္ဓဘာသာဂိုဏ်းများသည်  သဗ္ဗတ္ထိဝါဒဂိုဏ်၏ သံဃာယနာကို အသိအမှတ်မပြုခဲ့ပါ။ သို့သော် မြောက်ပိုင်းမဟာယန သဗ္ဗတ္ထိဝါဒဂိုဏ်း၏ သင်္ဂါယနာမှ ဖြစ်ပေါ်လာသော ပိဋကတ်တော်များကို ပါဠိဘာသာဖြင့် သင်္ဂါယနာမတင်ပဲ သက္ကတဘာသာဖြင့် သင်္ဂါယနာတင်ခဲ့ကြသည်။ ထို့ကြောင့် ပါဠိဗုဒ္ဓဘာသာ  (Pali Buddhism) ၊ သက္ကတဗုဒ္ဓဘာသာ (Sanskrit Buddhism) ဟူ၍ ဗုဒ္ဓဘာသာဂိုဏ်း တောင်ပိုင်းဗုဒ္ဓဘာသာ မြောက်ပိုင်းဗုဒ္ဓဘာသာ ဟူ၍ ကွဲသွားခဲ့သည်။

 

မြောက်ပိုင်းတွင် သင်္ဂါယနာတင်ခဲ့သည့် သက္ကတဗုဒ္ဓပိဋကတ်များကို တိဗက်ဘာသာ၊ တရုတ်ဘာသာသို့ ပြန်ဆိုပြီး မြောက်ပိုင်းတခွင် ဟိမဝန္တာဒေသ , တိဗက်ဒေသ, မွန်ဂိုလီးယားဒေသ, တရုတ်, ကိုရီးယား၊ ဂျပန်အထိ ပြန့်ပွားအောင် သယ်ဆောင်တော်မူသည့်ပုဂ္ဂိုလ်မှာ ဘိက္ခုဗောဓိ ဆိုသည့် အာဇာနည် ရဟန်းတော်ဖြစ်သည်။ ဘိက္ခုဗောဓိသည် အိန္ဒိယပြည်တောင်ပိုင်း တမီနာဒူး ပြည်နယ်သားဖြစ်သည်။ သိုသော်လည်း မြောက်ပိုင်းသဗ္ဗတ္ထိဝါဒဂိုဏ်း၌ ရဟန်းဖြစ်သည်။ စင်ပြိုင်သင်္ဂါယနာမှ ဖြစ်ပေါ်လာသော သက္ကတ္တဗုဒ္ဓဘာသာ ကျမ်းစာများကို တရုတ်ဘာသာသို့ ပြန်ဆိုပြီး မြောက်ပိုင်းတခွင်လုံးသို့ ပြန့်နှံ့စေခဲ့သည်။

 

မြောက်ပိုင်းတွင် သင်္ဂါယနာတင်ခဲ့သည့် သက္ကတဗုဒ္ဓပိဋကတ်များကို တိဗက်ဘာသာ၊ တရုတ်ဘာသာသို့ ပြန်ဆိုပြီး မြောက်ပိုင်းတခွင် ဟိမဝန္တာဒေသ , တိဗက်ဒေသ, မွန်ဂိုလီးယားဒေသ, တရုတ်, ကိုရီးယား၊ ဂျပန်အထိ ပြန့်ပွားအောင် သယ်ဆောင်တော်မူသည့်ပုဂ္ဂိုလ်မှာ ဘိက္ခုဗောဓိ ဆိုသည့် အာဇာနည် ရဟန်းတော်ဖြစ်သည်။ ဘိက္ခုဗောဓိသည် အိန္ဒိယပြည်တောင်ပိုင်း တမီနာဒူး ပြည်နယ်သားဖြစ်သည်။ သိုသော်လည်း မြောက်ပိုင်းသဗ္ဗတ္ထိဝါဒဂိုဏ်း၌ ရဟန်းဖြစ်သည်။ စင်ပြိုင်သင်္ဂါယနာမှ ဖြစ်ပေါ်လာသော သက္ကတ္တဗုဒ္ဓဘာသာ ကျမ်းစာများကို တရုတ်ဘာသာသို့ ပြန်ဆိုပြီး မြောက်ပိုင်းတခွင်လုံးသို့ ပြန့်နှံ့စေခဲ့သည်။

 

ထို့ကြောင့် ကက်ရှမီးယားဒေသ (သို့) ကူမီရတိုင်းသည် ဗုဒ္ဓဘာသာမှာ အထွတ်အထိပ်ရောက်သည့် တိုင်းပြည်တစ်ပြည် ဖြစ်ခဲ့ပါသည်။ ထိုကူမီရတို င်းမှ တိုင်းသူတိုင်းသား ဗုဒ္ဓဘာသာဝင်များ ကိုးကွယ်သည့် ဆင်းတုတော်ဖြစ်ပါသည်။ အလွန်သပ္ပါယ် ကြည်ညိုဖွယ်ကောင်းသည်။ ဂန္ဓာရ အငွေ့အသက်များ ပါဝင်နေပါသည်။ အိန္ဒိယဟန်စစ်စစ်လည်း မဟုတ်ပါ။ အိန္ဒိယဟန်နှင် ဂန္ဓာရဟန်တို့ ရောစပ်ထားသည်ဟု ပညာရှိတို့ ယူဆကြသည်။

 

သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ။
သီတဂူသတင်းနှင့် ပြန်ကြားရေးအဖွဲ့

 

20210913-news-01

Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)

Search

မာတိကာ

Home

FOUNDER

ACADEMICS

MINISTRY

MISSIONARY

MEDITATION

PUBLICATIONS

TALKS

NEWS & INFO

CONTACT

Guests Online

We have 5 guests and no members online

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း - ၀၇၂-၂၁၆၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊

ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)

မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈