Activities

"သီတဂူရေအလှူတော် လှူဒါန်းခြင်း" (တပ်မတော်ကြည်း၊ရေ၊လေမိသားစု)

၂၆-၁၂-၂၀၁၉ ရက်နေ့၊ နံနက် ၉:၀၀ နာရီအချိန် ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်၊ ပင်လုံလမ်းရှိ သီတဂူဗုဒ္ဓတက္ကသိုလ်တွင်  မြန်မာနိုင်ငံ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဇနီး ဒေါ်ကြူကြူလှ အမှူးရှိသော တပ်မတော် (ကြည်း၊ရေ၊လေ) မိသားစုဝင်များက သီတဂူရေအလှူတော်ကို လာရောက် လှူဒါန်းကြပါသည်။

 

တပ်မတော် (ကြည်း/ရေ/လေ) မိသားစုများ၏ သီတဂူရေအလှူတော် သိန်း-၅၀၀ ကျပ်နှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် မိသားစုမှ ရေအလှူတော် အစု-၂၀ အတွက် သိန်း-၁၂၀ ကျပ် လှူဒါန်းကြပါသည်။

အခမ်းအနားကို ကျေးဇူးတော်ရှင် သီတဂူဆရာတော်ကြီးကိုယ်တိုင် တက်ရောက်ပြီး ရေစက်ချ အနုမောဒနာတရား ချီးမြှင့်ပေးတော်မူခဲ့ပါသည်။

စစ်ကိုင်းတောင်အတွက် သီတဂူဆရာတော်ကြီး နှစ်ပေါင်း-၄၀ ကြာဦးဆောင်၍ ဆောင်ရွက်နေတော်မူသည့် သီတဂူရေအလှူတော် ရေရှည်တည်တံ့နိုင်ရေး အနာဂတ်စီမံကိန်းအတွက် ပါဝင်လှူဒါန်းကြသည့် တပ်မတော်သားများအားလုံးနှင့် အနယ်နယ်အရပ်ရပ်မှ အလှူရှင်အပေါင်းအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း သီတဂူ သာသနာပြုအဖွဲ့က မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။

#sitagu #သီတဂူ #ရေအလှူတော်

သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

 

Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)

Search

မာတိကာ

Home

FOUNDER

ACADEMICS

MINISTRY

MISSIONARY

MEDITATION

PUBLICATIONS

TALKS

NEWS & INFO

CONTACT

Guests Online

We have 5 guests and no members online

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း - ၀၇၂-၂၁၆၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊

ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)

မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈