Activities

ထေရဝါဒတက္ကသိုလ်များအသင်းအတွက် သီတဂူဆရာတော် ဒေါ်လာ ငါးသောင်း (၅၀ဝ၀ဝ)လှူဒါန်းခြင်း

သီတဂူ ၂၀၁၇ နိုဝင်ဘာလ ၁၇

အပြည်ပြည်ဆိုင်ရာထေရဝါဒတက္ကသိုလ်များ၏ အသင်း (International Association of Theravada Buddhist Universities) ကို ၂၀ဝ၇ ခုနှစ်က ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ဖွဲ့စည်းရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ မဟာမကုဋ တက္ကသိုလ်၌ ကျင်းပ၍ ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

သီတဂူဆရာတော်ကြီးက ဥက္ကဋ္ဌ၊ Oxford ဆရာတော် ဒေါက်တာဓမ္မသာမိက အတွင်းရေးမှူး၊ ထိုင်းနိုင်ငံ မဟာမကုဋဆရာတော် ဒေါက်တာသုဂန္ဓောက ဘဏ္ဍာရေးမှူးအဖြစ် တာဝန်ယူခဲ့ကြ၍ မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ စင်္ကာပူ၊ မလေးရှား၊ သီရိလင်္ကာ၊ အိန္ဒိယ၊ နီပေါ၊ အင်ဒိုနီးရှား အင်္ဂလန်တို့ ပါဝင်သော နိုင်ငံပေါင်း (၁၂)နိုင်ငံမှ တက္ကသိုလ်ပေါင်း (၂၄)ခုတို့ဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ 

ထေရဝါဒတက္ကသိုလ်များအသင်း (Association of Theravada Buddhist Universities) ၏ နှစ်ပတ်လည် Conferences များကို နှစ်နှစ်တစ်ကြိမ် ကျင်းပခဲ့ရာ ၂၀ဝ၇ ခုနှစ်က မြန်မာနိုင်ငံ ပုပ္ပါးတောင် Woodland ဟိုတယ်၌လည်းကောင်း၊ ၂၀ဝ၉ခုနှစ်၌ စစ်ကိုင်းတောင်ရိုး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၌လည်းကောင်း၊ ၂၀၁၃ ခုနှစ် ထိုင်းနိုင်ငံ မဟာမကုဋတက္ကသိုလ်၌လည်းကောင်း၊ ၂၀၁၆ ခုနှစ်တို့၌ အင်ဒိုနီးရှား နိုင်ငံ ဂျာဗားကျွန်း ဗောဓောဗုဓု စေတီတော်ကြီးအနီး၌လည်းကောင်း အသီးသီး ကျင်းပခဲ့ရာ အစည်းအဝေးကြီး (၄)ကြိမ်တိုင် ကျင်းပခဲ့ပြီးဖြစ်သည်။

ယခု (၅)ကြိမ်မြောက် ထေရဝါဒဗုဒ္ဓတက္ကသိုလ်များ၏ အစည်းအဝေးကိုကို ၂၀၁၈ ခုနှစ် နိုဝင်ဘာလတွင် သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့နှင့် အနုရာဓပူရမြို့များ၌ ကျင်းပမည်ဖြစ်သည်။ ထိုအစည်းအဝေးကြီး ထည်ထည်ဝါဝါကျင်းပနိုင်ရေးအတွက် သီတဂူဆရာတော်ကြီးက အမေရိကန်ဒေါ်လာ ၅၀ဝ၀ဝ လှူဒါန်းခဲ့သည်။ 

ထိုအလှူငွေပေးအပ်ပွဲ အခမ်းအနားကို ၁၇.၁၁.၂၀၁၇ ရက်နေ့တွင် သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့ သီရိလင်္ကာအစိုးရ ပါလီမန်ခန်းမဆောင်တွင် ကျင်းပခဲ့သည်။ 

ထိုအခမ်းအနားသို့ သီရိလင်္ကာနိုင်ငံအစိုးရအဖွဲ့ ပညာရေးဝန်ကြီး Akila Viraj Kariyawasam သာသနာရေးဝန်ကြီးနှင့် ပါလီမန်အမတ်များ တက်ရောက် ခဲ့ကြသည်။
ထို့အပြင် သီရိလင်္ကာနိုင်ငံရှိ ကေလနီယတက္ကသိုလ်၊ ဗုဒ္ဓကျမ်းစာနှင့် ပါဠိတက္ကသိုလ်၊ ပေရာဒနီယတက္ကသိုလ်၊ သီရိလင်္ကာအကယ်ဒမီနှင့် ဘိက္ခုသံဃတက္ကသိုလ် အသီးသီးတို့မှ အဓိပတိဆရာတော်များ၊ ပါမောက္ခချုပ်ဆရာတော်များ၊ ပါမောက္ခများ အပြင် သတင်းဌာနအသီးသီးမှ မီဒီယာများလည်း တက်ရောက်ခဲ့ကြသည်။ ထိုအခမ်းအနား၌ Pali and Buddhist University အဓိပတိဆရာတော်ကြီးက ရှေးဦးစွာ မိန့်ခွန်းပြောကြားသည်၊ ထို့နောက် သီတဂူဆရာတော်ကြီး၏ အလှူငွေ အမေရိကန်ဒေါ်လာ ၅၀ဝ၀ဝ ကို သီရိလင်္ကာနိုင်ငံဆိုင်ရာ မြန်မာသံမှူးကြီး ဦးထွန်းအောင်ကျော်က သီတဂူဆရာတော်ကြီးကိုယ်စား ပေးအပ်၍ သီရိလင်္ကာနိုင်ငံအစိုးရအဖွဲ့ ပညာရေး ဝန်ကြီး Akila Viraj Kariyawasam က လက်ခံရယူသည်။ 

ထို့နောက် သီတဂူဆရာတော်ကြီးက ထေရဝါဒ ဗုဒ္ဓဘာသာနိုင်ငံများ ညီညွှတ်ရေး၊ နည်းပညာ၊ ဆရာ၊ ကျောင်းသားများအပြန်အလှန် လဲလှယ်ရေးစသည့်အကြောင်းအချက်များ ပါဝင်သည့် မိန့်ခွန်းကို ပြောကြားသည်။ ပညာရေးဝန်ကြီးက နိဂုံးချုပ်ကျေးဇူးတင်စကားပြောကြား၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

 

သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

activities30activities31activities32activities33activities34activities35activities36activities37activities38

Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)

Search

မာတိကာ

Home

FOUNDER

ACADEMICS

MINISTRY

MISSIONARY

MEDITATION

PUBLICATIONS

TALKS

NEWS & INFO

CONTACT

Guests Online

We have 7 guests and no members online

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း - ၀၇၂-၂၁၆၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊

ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)

မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈