Activities

သီတဂူမျက်စိအလှူတော်များ

၂၀၁၅ခုနှစ်၊ စက်တင်ဘာလ ရ ရက်

၄-၉-၂၀၁၅ နေ့ကစပြီး ကယားပြည်နယ်၊ လွိုင်ကော်မြို့နှင့် ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့ရှိ သီတဂူစက္ခုဒါနဆေးရုံတော်များတွင် မျက်စိကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်လျက်ရှိပါသည်။

သီတဂူစက္ခုဒါနဆေးရုံ (လွိုင်ကော်မြို့)

ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ သီတဂူစက္ခုဒါနဆေးရုံ၌ ယနေ့ သုံးရက်မြောက်နေ့အဖြစ် ဆက်လက်စမ်းသပ်စစ်ဆေး ခွဲစိပ်ပေးလျက်ရှိရာ ပြင်ပလူနာပေါင်း ၂၆၆ယောက်ဖြစ်၍ စုစုပေါင်း ၁၀၁၄ယောက်၊ ခွဲစိပ်ပေးပြီး၍ အလင်းရသူပေါင်း ၆၈ယောက်ဖြစ်၍ စုစုပေါင်း ၁၆၆ယောက်၊ ခွဲစိပ်ပေးရန် စစ်ဆေးပြီးလူနာပေါင်း ၁၅ယောက် ကျန်ပါသေးသည်။

မျက်စိအထူးကုဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာမြအောင်၊ ဇနီး ဒေါက်တာ ခင်အေးသီ၊ ဒေါက်တာ စဂျေလွင်နှင့် ဒေါက်တာ မြတ်စုခင်တို့နှင့် သီတဂူအာယုဒါနဆေးရုံတော်မှ ဒေါက်တာမိမိခင်နှင့် သူနာပြုများ ကုသိုလ်ပြုကြသည်။

သီတဂူလှဆန်းယဉ် စက္ခုဒါနဆေးရုံ (မော်ကျွန်းမြို့)

အလားတူ ဧရာဝတီတိုင်းဒေသကြီး၊ မော်ကျွန်းမြို့ သီတဂူလှဆန်းယဉ် စက္ခုဒါန ဆေးရုံမှာလည်း ၄-၉-၂၀၁၅ နေ့ကစပြီး မျက်စိစမ်းသပ်ခြင်း၊ ခွဲစိပ်ခြင်းများ ပြုလုပ်ခဲ့ရာ ယနေ့အထိ စုစုပေါင်း စမ်းသပ်လူနာ ၆၂၃ ဦးနှင့် ခွဲစိပ်လူနာ ၁၀၂ ဦးရှိသည်၊ မျက်စိလူနာများအတွက် ဆေးပစ္စည်းကအစ လိုအပ်တာမှန်သမျှကို ဆေးရုံအလှူရှင် လှဆန်းယဉ်မိသားစုက ပံ့ပိုးလှူဒါန်းသည်။

ဧရာဝတီတိုင်းမှ မျက်စိအထူးကုဆရာဝန်ကြီးများက ကုသိုလ်ပြုပါသည်။

“သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

 

activities-207activities208activities209activities210activities211activities212

Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)

Search

မာတိကာ

Home

FOUNDER

ACADEMICS

MINISTRY

MISSIONARY

MEDITATION

PUBLICATIONS

TALKS

NEWS & INFO

CONTACT

Guests Online

We have 9 guests and no members online

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း - ၀၇၂-၂၁၆၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊

ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)

မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈