Activities

သီတဂူရေဘေးအလှူတော် ချင်းပြည်နယ်အတွက် စတင်

၂၀၁၅ခုနှစ်၊ စက်တင်ဘာ ၁ရက်

 

(၃၀-၈-၂၀၁၅)နေ့ညက သီတဂူဆရာတော်ကြီးသည် ချင်းပြည်နယ်အတွက် အထူးအစီအစဉ်တစ်ရပ်ကို ဆောင်ရွက်ရန် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် စီမံအုပ်ချုပ်ရေးအဖွဲ့ သံဃာတော်များကို အစည်းအဝေးခေါ် ညွှန်ကြားခဲ့သည်။

(က) စီမံအုပ်ချုပ်သံဃာတော်များ၏ ကြီးကြပ်မှုဖြင့် သီတဂူအထောက်ကူပြုအဖွဲ့က အလှူပစ္စည်းများကို သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)မှ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)သို့ ပို့ဆောင်ရန် ထိုမှတဆင့် ကလေးမြို့ သန္တာရုံကျောင်းတိုက်မှ သံဃာတော်များနှင့် ညှိနှိုင်း၍ ချင်းပြည်နယ်သို့ ပို့ရန်

(ခ) ကလေးမြို့ရောက်ပစ္စည်းများကို ဆရာတော်ကိုယ်တိုင် ကြွရောက်၍ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် သံဃာတော်များနှင့်တကွ ချင်းပြည်နယ် အစိုးရအဖွဲ့နှင့် ဆက်သွယ်လှူဒါန်းရန်များဖြစ်ပါသည်။

 

လှူဒါန်းပြီးစီးမှု
----------------
ချင်းပြည်နယ်မှတပါး ရေဘေးသင့်ဒေသ အားလုံးဆီသို့ “သီတဂူ ရေဘေးသင့်ပြည်သူများ ကူညီစောင့်ရှောက်ထောက်ပံ့ရေးအဖွဲ့”၏ အလှူတော်များမှာ-

(က) ကျပ်သိန်းပေါင်း (၇၀၀၀) ခုနှစ်ထောင်ကျော်

(ခ)ဆန်အိတ်ပေါင်း (၁၀၀၀၀) တစ်သောင်းကျော်

(ဂ) ခေါက်ဆွဲခြောက်၊ အဝတ်အထည် စသော လူသုံးကုန်ပစ္စည်းများ ကုန်တင်ကားကြီး (၁၃၀)ကျော်

မြိုနယ်ပေါင်း (၅၃)

ကျေးရွာပေါင်း (၃၀၀)ကျော်တို့ဖြစ်သည်။

 

အလှူရှင်များသို့ အထူးမေတ္တာရပ်ခံခြင်း
-------------------------
ချင်းပြည်နယ်ကရုဏာဒါနအစီအစဉ်သည် လမ်းပန်း ဆက်သွယ်ရေး အခက်အခဲမှုများအဆင့်ဆင့် အဆက်ဆက် သွားရောက်လှူဒါန်းရမည် ဖြစ်သည့်အတွက် ဆန်အိတ်၊ ရေသန့်ဗူး၊ ခေါက်ဆွဲထုပ်အစရှိသည့် လေးလံသောပစ္စည်းများကို သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)တွင် လှူဒါန်းခြင်း မပြုကြဘဲ၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)သို့ တိုက်ရိုက်အရောက်ပို့ဆောင်လှူဒါန်း ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) တွင် ပေါ့ပါးသောပစ္စည်းများနှင့် အလှူငွေများကိုသာ လှူဒါန်းပေးကြပါရန် မေတ္တာရပ်ခံပန်ကြားအပ်ပါသည်။

 

ရန်ကုန်အလှူခံဌာန
---------------
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)၊ မြောက်ဒဂုံ၊ ပါရမီလမ်းဆုံး၊ ပင်လုံလမ်းမကြီး၊ ဘေလီတံတားအဆင်း။
ဖုန်း- ၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၈၈၈၊ ၀၁-၅၈၁၅၈၂

 

စစ်ကိုင်းအလှူခံဌာန
--------------------
သီတဂူရေဘေးအလှူခံဌာန (စစ်ကိုင်း)
ဆရာတော် ဦးကောဝိဒ (၀၉ ၅၁၂ ၀၃၂၂)
ဆရာတော် ဦးသုန္ဒရ (၀၉၇၃၇၃၂၅၀၀)
ဆရာတော် ဦးသေဋ္ဌိလ (၀၉ ၂၅၉ ၁၄၇၄၄၆)
ဆရာတော် ဦးကုမာရ (၀၉ ၂၁၃၂၀၄၄)
ဆရာတော် ဦးသဇ္ဇန (၀၉ ၂၁၁၁၂၄၂)
ဧည့်ခံကြိုဆိုရေးဌာန ဒေါ်စိုးစိုးထွေး (၀၉ ၂၅၉၀၄၉၇၃၂)

 

“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

 

activities-206

Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)

Search

မာတိကာ

Home

FOUNDER

ACADEMICS

MINISTRY

MISSIONARY

MEDITATION

PUBLICATIONS

TALKS

NEWS & INFO

CONTACT

Guests Online

We have 9 guests and no members online

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း - ၀၇၂-၂၁၆၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊

ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)

မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈