Activities

သီတဂူရေဘေး အလှူတော် (မင်းတပ်မြို့) (၂၂-၈-၂၀၁၅ am)

အထက်မြန်မာပြည် သီတဂူရေဘေးကူညီရေးအဖွဲ့သည် ချင်းပြည်နယ်သို့ ဒေါက်တာအရှင်သုန္ဒရဦးဆောင်၍ ရောက်နေပြီဖြစ်သည်။ ယနေ့ (၂၂-၈-၂၀၁၅)နေ့မှာတော့ ဒေါက်တာကုမာရ၊ ဒေါက်ဣန္ဒာစရိယတို့ဦးဆောင်၍ မင်းတပ်မြို့သို့ ဆန်အိတ် (၁၀၀) ဆီ (၁၆)ပုံး၊ အထည်အထုပ်ကြီး ၂၇၀နှင့် အခြား လူသုံးကုန်ပစ္စည်းများကို ၁၂ ဘီးကားကြီးဖြင့် သယ်ဆောင်၍ တက်သွားကြပြီ ဖြစ်ပါသည်။

ဒီနေ့မှာ သီတဂူဆရာတော်ကြီး ပြန်ရောက်မည်ဖြစ်သည်၊ ရခိုင်ပြည်နယ်သို့ သယ်ဆောင်ရန် ပစ္စည်းများကို ပြင်ဆင်ပြီးဖြစ်သည်။ ဆန်အိတ် (၂၀၀၀) ရောက်နှင့်နေပြီ ဖြစ်သည်။

လှူဒါန်းပြီးသည်
---------------------
စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ကရင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ရှိ မြို့နယ်ပေါင်း (၄၅)၊ ကျေးရွာပေါင်း (၂၄၂)၊ အိမ်ထောင်စု (၁၈၄၅၇)၊ လူဦးရေ (၇၅၇၅၈)တို့ဆီသို့ ဆန်အိတ် (၇၇၈၇)၊ ပဲအိတ် (၃၂၀)၊ အခြား လူသုံးကုန်ပစ္စည်းအမျိုးမျိုး၊ စားစရာအမျိုးမျိုးတို့ကို ကုန်တင်ကားကြီး (၉၆)စီးနှင့် သင်္ဘောကြီးများဖြင့် ပို့ဆောင် လှူဒါန်းနိုင်ခဲ့ပြီးဖြစ်ပါသည်။

(မှတ်ချက်။ ။စစ်ကိုင်းသီတဂူအဖွဲ့ထံမှ မည်သည့်မြို့၊ မည်သည့်ရွာ၊ မည်သည့်အိမ်ထောင်စုပေါင်း၊ လှူပြီးကြောင်း စာရင်းအတိကျမရသေး)

ရေဘေးအတွက် အသုံးပြုြုပီး အလှူငွေပမာဏ ကျပ်သိန်း (၂၀၀၀) နှစ်ထောင် ရှိသွားပြီ ဖြစ်ပါသည်။

လှူဒါန်းရန်ဋ္ဌာန
------------------------
(က) သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
ဖုန်း-၀၇၂-၂၁၆၁၁၊ ၀၇၂ ၂၂၁၆၅
(ခ) သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အုပ်ချုပ်ရေးရုံးခန်း၊ ပညာရေး ရုံးခန်း၊ ပြန်ကြားရေးရုံးခန်း
ဖုန်း-၀၁-၅၈၁ ရ၇၇၊ ၅၈၁ ၈၈၈၊ ၀၁ ၅၈၁၅၈၂
(ခ) သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)
မန္တလေးတောင်၊ ဖုန်း- 09797481944

ရန်ကုန်ဆိုက်ကို လှူချင်သူများ
-------------
မြောက်ဒဂုံ၊ ပါရမီလမ်းထိပ်၊ ပင်လုံလမ်း၊ ဘေလီတံတားအဆင်း
စားစရာ၊ အဝတ်အစား၊ ပိုက်ဆံ မည်သည့် လှူရန်ပစ္စည်းမဆို လှူဒါန်းနိုင်ပါသည်။
လှူဒါန်းကြသော အလှူရှင်များ၊ တပျော်တပါး ဝေယျာဝေစ္စကုသိုလ်ယူကြသူ အားလုံးကို သီတဂူသာသနာပြုအဖွဲ့က အထူးကျေးဇူးတင်ပါသည်။

 

“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၂-၈-၂၀၁၅
www.sitagustar2020.net

 

activities-197 activities-198 activities-199 activities-200

Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)

Search

မာတိကာ

Home

FOUNDER

ACADEMICS

MINISTRY

MISSIONARY

MEDITATION

PUBLICATIONS

TALKS

NEWS & INFO

CONTACT

Guests Online

We have 10 guests and no members online

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း - ၀၇၂-၂၁၆၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊

ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)

မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈