Activities

သီတဂူရေဘေးအလှူတော် (၂၁-၈-၂၀၁၅ am)

“သီတဂူ ရေဘေးသင့်ပြည်သူများ ကူညီစောင့်ရှောက်ထောက်ပံ့ရေးအဖွဲ့” ၏ (၁၈)ရက်မြောက် အလှူတော်သည် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်၊ ဒါးကမြို့နယ်နှင့် ဓနုဖြူဖြို့နယ်များဆီသို့ ဆန်၊ ဆီ၊ ပဲ၊ ခေါက်ဆွဲခြောက်၊ သောက်ရေသန့်စတဲ့ လူသုံးကုန်ပစ္စည်းများကို ကုန်တင်ကားကြီး (၅)စီးဖြင့် ဒေါက်တာကိတ္တိဗလ၊ အရှင်ကိတ္တိသာရနှင့် သီတဂူကျောင်းသား ရဟန်းတော်များ ဦးဆောင်၍ ဒီကနေ့ (၂၁-၈-၂၀၁၅)မနက်စောစောက သွားကြလေပြီ။

မနက်ဖန်ဆို သီတဂူဆရာတော်ကြီး ပြန်ကြွလာမည် ဖြစ်သည်၊ သဘက်ခါ (၂၃-၈-၂၀၁၅) ရခိုင်ပြည်သို့ လေယာဉ်များဖြင့် အဝတ်အထည်၊ စားကုန်၊ လူသုံးကုန်ပစ္စည်းများ သယ်ဆောင်သွားမည်ဖြစ်သည်။ ဆန်အိတ် (၂၀၀၀)လည်း ရခိုင်ပြည်သို့ ရောက်နှင့်နေပြီဖြစ်ပါသည်။

အထက်မြန်မာပြည် သီတဂူအဖွဲ့ကတော့ ချင်းပြည်နယ်သို့ ရောက်နေပြီ ဖြစ်ပါသည်။

လှူဒါန်းပြီးသည်
---------------------
စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ကရင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ရှိ မြို့နယ်ပေါင်း (၄၅)၊ ကျေးရွာပေါင်း (၂၄၂)၊ အိမ်ထောင်စု (၁၈၄၅၇)၊ လူဦးရေ (၇၅၇၅၈)တို့ဆီသို့ ဆန်အိတ် (၇၇၈၇)၊ ပဲအိတ် (၃၂၀)၊ အခြား လူသုံးကုန်ပစ္စည်းအမျိုးမျိုး၊ စားစရာအမျိုးမျိုးတို့ကို ကုန်တင်ကားကြီး (၉၆)စီးနှင့် သင်္ဘောကြီးများဖြင့် ပို့ဆောင် လှူဒါန်းနိုင်ခဲ့ပြီးဖြစ်ပါသည်။

(မှတ်ချက်။ ။စစ်ကိုင်းသီတဂူအဖွဲ့ထံမှ မည်သည့်မြို့၊ မည်သည့်ရွာ၊ မည်သည့်အိမ်ထောင်စုပေါင်း၊ လှူပြီးကြောင်း စာရင်းအတိကျမရသေး)

ရေဘေးအတွက် အသုံးပြုြုပီး အလှူငွေပမာဏ ကျပ်သိန်း (၂၀၀၀) နှစ်ထောင် ရှိသွားပြီ ဖြစ်ပါသည်။

လှူဒါန်းရန်ဋ္ဌာန
------------------------
(က) သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
ဖုန်း-၀၇၂-၂၁၆၁၁၊ ၀၇၂ ၂၂၁၆၅
(ခ) သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အုပ်ချုပ်ရေးရုံးခန်း၊ ပညာရေး ရုံးခန်း၊ ပြန်ကြားရေးရုံးခန်း
ဖုန်း-၀၁-၅၈၁ ရ၇၇၊ ၅၈၁ ၈၈၈၊ ၀၁ ၅၈၁၅၈၂
(ခ) သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)
မန္တလေးတောင်၊ ဖုန်း- 09797481944
ရန်ကုန်ဆိုက်ကို လှူချင်သူများ
-------------
မြောက်ဒဂုံ၊ ပါရမီလမ်းထိပ်၊ ပင်လုံလမ်း၊ ဘေလီတံတားအဆင်း
စားစရာ၊ အဝတ်အစား၊ ပိုက်ဆံ မည်သည့် လှူရန်ပစ္စည်းမဆို လှူဒါန်းနိုင်ပါသည်။
လှူဒါန်းကြသော အလှူရှင်များ၊ တပျော်တပါး ဝေယျာဝေစ္စကုသိုလ်ယူကြသူ အားလုံးကို သီတဂူသာသနာပြုအဖွဲ့က အထူးကျေးဇူးတင်ပါသည်။

“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၁-၈-၂၀၁၅
www.sitagustar2020.net

 

activities-192 activities-193 activities-194 activities-195 activities-196

Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)

Search

မာတိကာ

Home

FOUNDER

ACADEMICS

MINISTRY

MISSIONARY

MEDITATION

PUBLICATIONS

TALKS

NEWS & INFO

CONTACT

Guests Online

We have 6 guests and no members online

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း - ၀၇၂-၂၁၆၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊

ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)

မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈