Activities

သီတဂူရေဘေးအလှူတော် (၅ ကြိမ်မြောက် တိုက်ကြီးသို့) (၁၉-၈-၂၀၁၅ am)

၁၉-၈-၂၀၁၅ နေ့ နံနက်စောစောက ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်ရှိ ကျေးရွာ (၆)ရွာ၊ အိမ်ထောင်စု (၇၀၇) လူဦးရေ (၃၀၃၈) ရေဘေးသင့်ပြည်သူများဆီသို့ ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်၊ ငါးသေတ္တာ၊ အဝတ်အထည်စသော ပစ္စည်းမျိုးစုံတို့ကို ကုန်တင်ကားကြီး ၂ စီးဖြင့် သီတဂူရဟန်းတော်များ ဦးဆောင်၍ သယ်ဆောင်သွားပြီ ဖြစ်သည်။ ထိုနေ့မှာပဲ သီတဂူဒေါက်တာကိတ္တိဗလ ဦးဆောင်၍ ကိုရီးယားအဖွဲ့ကလည်း ဧရာဝတီတိုင်းဒေသကြီး ငါးသိုင်းချောင်းမြို့နယ်သို့ ကုန်တင်ကားကြီး (၃)စီးဖြင့် ဆန်၊ ပဲ၊ ဆီ၊ ခေါက်ဆွဲခြောက်၊ ငါးပိစသည်တို့ကို သယ်ဆောင်သွားပြီ ဖြစ်ပါသည်။

အထက်မြန်မာပြည် သီတဂူအဖွဲ့ကလည်း ချင်းပြည်နယ်သို့ စတင်တက်နေပြီ ဖြစ်ပါသည်။ ဒေါက်တာအရှင်သုန္ဒရ ဦးဆောင်သောအဖွဲ့တစ်ဖွဲ့ ကလေးဝ၊ ကလေးမြို့ကနေ ချင်းပြည်ဘက်သို့ သွားနေပြီ ဖြစ်ပါသည်။

ယခုအကြိမ်သည် “သီတဂူ ရေဘေးသင့်ပြည်သူများ ကူညီစောင့်ရှောက် ထောက်ပံ့ရေးအဖွဲ့”၏ (၁၆)ရက်မြောက်နေ့ဖြစ်သလို တိုက်ကြီးမြို့နယ်အတွက် (၅)ကြိမ်မြောက်ဖြစ်ပါသည်။ နေ့စဉ် ပြည်တွင်းပြည်ပမှ အဖွဲ့အစည်းများနှင့် တသီးပုဂ္ဂလ အလှူရှင်များ၏ ကုသိုလ်ဖြစ်ပါသည်။

ဒီကနေ့ ဦးဆာမိ ဟိန္ဒူအဖွဲ့က အဝတ်အစား၊ စောင် စသည်တို့ကို အသစ်စက်စက်တွေ လာလှူသွားကြသဖြင့် သွားလှူပေးရတဲ့ မိမိတို့အဖွဲ့လည်း မျက်နှာပန်းလှ၊ အလှူခံမည့်သူတွေလည်း မျက်နှာလှကြရမှာဖြစ်ပါသည်။ ထို့ကြောင့် အဝတ်အထည်များကို အဟောင်းတွေ အစား အသစ်တွေပဲလှူလျှင်ပိုသင့်တော်ပါကြောင်းနှင့် အစားအစာနှင့်ဆန်၊ ဆီ၊ ပဲများလည်း လိုအပ်ပါကြောင်း မေတ္တာရပ်ခံပါသည်။
ရေဘေးကယ်ဆယ်ရေးအဖွဲ့တွေ ကျဲသွားပေမဲ့ သီတဂူအဖွဲ့ကတော့ ယခုအချိန်ထိ ဆက်လက်ပြီး လှုပ်ရှားတုန်းပဲဖြစ်ပါသည်။ အထူးသဖြင့် ပြန်လည်ထူထောင်ရေးအတွက် စတင်နေပြီ ဖြစ်ပါသည်။

လှူဒါန်းပြီးသည်
---------------------
စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ကရင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ရှိ မြို့နယ်ပေါင်း (၄၄)၊ ကျေးရွာပေါင်း (၂၄၂)၊ အိမ်ထောင်စု (၁၇၉၅၇)၊ လူဦးရေ (၇၄၇၅၈)တို့ဆီသို့ ဆန်အိတ် (၇၅၇၇)၊ ပဲအိတ် (၂၂၀)၊ အခြား လူသုံးကုန်ပစ္စည်းအမျိုးမျိုး၊ စားစရာအမျိုးမျိုးတို့ကို ကုန်တင်ကားကြီး (၉၀)စီးနှင့် သင်္ဘောကြီးများဖြင့် ပို့ဆောင် လှူဒါန်းနိုင်ခဲ့ပြီးဖြစ်ပါသည်။
ရေဘေးအတွက် အသုံးပြုြုပီး အလှူငွေပမာဏ ကျပ်သိန်း (၂၀၀၀) နှစ်ထောင်ခန့် ရှိသွားပြီ ဖြစ်ပါသည်။

လှူဒါန်းရန်ဋ္ဌာန
------------------------
(က) သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
ဖုန်း-၀၇၂-၂၁၆၁၁၊ ၀၇၂ ၂၂၁၆၅
(ခ) သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အုပ်ချုပ်ရေးရုံးခန်း၊ ပညာရေး ရုံးခန်း၊ ပြန်ကြားရေးရုံးခန်း
ဖုန်း-၀၁-၅၈၁ ရ၇၇၊ ၅၈၁ ၈၈၈၊ ၀၁ ၅၈၁၅၈၂
(ခ) သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)
မန္တလေးတောင်၊ ဖုန်း- 09797481944

ရန်ကုန်ဆိုက်ကို လှူချင်သူများ
-------------
မြောက်ဒဂုံ၊ ပါရမီလမ်းထိပ်၊ ပင်လုံလမ်း၊ ဘေလီတံတားအဆင်း
စားစရာ၊ အဝတ်အစား၊ ပိုက်ဆံ မည်သည့် လှူရန်ပစ္စည်းမဆို လှူဒါန်းနိုင်ပါသည်။
လှူဒါန်းကြသော အလှူရှင်များ၊ တပျော်တပါး ဝေယျာဝေစ္စကုသိုလ်ယူကြသူ အားလုံးကို သီတဂူသာသနာပြုအဖွဲ့က အထူးကျေးဇူးတင်ပါသည်။

“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၉-၈-၂၀၁၅
www.sitagustar2020.net

activities-187 activities-188 activities-189 activities-190 activities-191

 

Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)

Search

မာတိကာ

Home

FOUNDER

ACADEMICS

MINISTRY

MISSIONARY

MEDITATION

PUBLICATIONS

TALKS

NEWS & INFO

CONTACT

Guests Online

We have 6 guests and no members online

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း - ၀၇၂-၂၁၆၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊

ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)

မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈