Activities

သီတဂူရေဘေးအလှူတော် (၁၇-၈-၂၀၁၅ am)

သီတဂူရဲ့ (၁၄)ရက်မြောက် ရေဘေးအလှူတော်အဖြစ် အသုတ်မြို့နယ်သို့ နှစ်ကြိမ်မြောက် ဆန်အိတ် (၂၀၈)၊ ခေါက်ဆွဲဖာများ၊ ဆီများ၊ ပဲများ၊ ကုန်တင်ကား (၃)စီးဖြင့် ဒေါက်တာကိတ္တိဗလ ဦးဆောင်၍ ဒီကနေ့ (၁၇-၈-၂၀၁၅) မနက်စောစောက ထွက်သွားပြီ ဖြစ်ပါသည်။

လှူဒါန်းပြီးသည်

စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ကရင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ရှိ မြို့နယ်ပေါင်း (၄၂)၊ ကျေးရွာပေါင်း (၂၃၀)၊ အိမ်ထောင်စု (၁၇၆၈၀)၊ လူဦးရေ (၇၀၇၂၀)တို့ဆီသို့ ဆန်အိတ် (၇၂၀၇)၊ ပဲအိတ် (၁၇၀)၊ အခြား လူသုံးကုန်ပစ္စည်းအမျိုးမျိုး၊ စားစရာအမျိုးမျိုးတို့ကို ကုန်တင်ကားကြီး (၈၃)စီးနှင့် သင်္ဘောကြီးများဖြင့် ပို့ဆောင် လှူဒါန်းနိုင်ခဲ့ပြီးဖြစ်ပါသည်။

ရေဘေးကယ်ဆယ်ရေးအဖွဲ့တွေ ကျဲသွားပေမဲ့ သီတဂူအဖွဲ့ကတော့ ယခုအချိန်ထိ ဆက်လက်ပြီး လှုပ်ရှားတုန်းပဲဖြစ်ပါသည်။ သီတဂူတပည့်တွေလည်း နေ့ညမနား အလှည့်ကျရာ ဒေသသို့လိုက်ပါ ကုသိုလ်ယူနေကြပါသည်။ အလှူရှင်တွေ ရှိနေသရွေ့ ကူညီရေးတွေ ထောက်ပံ့ရေးတွေ ဆက်လက် လုပ်ဆောင်နေမှာ ဖြစ်ပါသည်။ နောက်ပိုင်းပြန်လည်ထူထောင်ရေးမှာလည်း ပြုလုပ်ရမှာဖြစ်ပါသည်။

အလှူရှင်များသို့ ပန်ကြားခြင်း
---------------------
ယနေ့အထိ အထည်အမျိုးမျိုး၊ စာစရာအမျိုး၊ ဆေးဝါအမျိုးတို့ကို ရေဘေးသင့်ပြည်သူအား လှူဒါန်းကြ၍လည်း အထူး ကျေးဇူးတင်လှပါသည်၊ ၀မ်းလည်းသာရပါသည်။ ယခုအခါ အထည်အဟောင်းများ ပြည့်လျှံနေသည်ဖြစ်၍ ထိုအစား ခေါက်ဆွဲခြောက်၊ ငါးသေတ္တာ၊ ဆန် စတဲ့ စားစရာများ တိုး၍လှူဒါန်းစေလိုပါသည်။ အထည်အသစ်တွေကိုတော့ လှူဒါန်းနိုင်ပါသည်။

လှူဒါန်းရန်ဋ္ဌာန
------------------------
(က) သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
ဖုန်း-၀၇၂-၂၁၆၁၁၊ ၀၇၂ ၂၂၁၆၅
(ခ) သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အုပ်ချုပ်ရေးရုံးခန်း၊ ပညာရေး ရုံးခန်း၊ ပြန်ကြားရေးရုံးခန်း
ဖုန်း-၀၁-၅၈၁ ရ၇၇၊ ၅၈၁ ၈၈၈၊ ၀၁ ၅၈၁၅၈၂
(ခ) သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)
မန္တလေးတောင်၊ ဖုန်း- 09797481944

ရန်ကုန်ဆိုက်ကို လှူချင်သူများ
-------------
မြောက်ဒဂုံ၊ ပါရမီလမ်းထိပ်၊ ပင်လုံလမ်း၊ ဘေလီတံတားအဆင်း
စားစရာ၊ အဝတ်အစား၊ ပိုက်ဆံ မည်သည့် လှူရန်ပစ္စည်းမဆို လှူဒါန်းနိုင်ပါသည်။
လှူဒါန်းကြသော အလှူရှင်များ၊ တပျော်တပါး ဝေယျာဝေစ္စကုသိုလ်ယူကြသူ အားလုံးကို သီတဂူသာသနာပြုအဖွဲ့က အထူးကျေးဇူးတင်ပါသည်။

“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၇-၈-၂၀၁၅
www.sitagustar2020.net

 

activities-178 activities-179 activities-180 activities-181 activities-182

Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)

Search

မာတိကာ

Home

FOUNDER

ACADEMICS

MINISTRY

MISSIONARY

MEDITATION

PUBLICATIONS

TALKS

NEWS & INFO

CONTACT

Guests Online

We have 3 guests and no members online

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း - ၀၇၂-၂၁၆၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊

ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)

မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈