Activities

သီတဂူ ရေဘေးအလှူတော် (၁၆-၈-၂၀၁၅ am)

သီတဂူရေဘေးသင့်ပြည်သူများ ကူညီစောင့်ရှောက် ထောက်ပံ့ရေးအဖွဲ့ဟာ အထက်-အောက် အဖွဲ့ခွဲပြီး (၃-၈-၂၀၁၅) နေ့က စပြီး ဒီကနေ့ (၁၆-၈-၂၀၁၅)နေ့အထိ အဆက်မပြတ် မြန်မာပြည်အနှံ့အပြား ရေဘေးသင့်ဒေသများဆီသို့ ဆန်၊ ဆီ၊ ပဲ၊ ခေါက်ဆွဲ၊ စားစရာအမျိုးမျိုး၊ သောက်ရေသန့်၊ ဆေးဝါးအမျိုးမျိုးနှင့် အဝတ်အထည်အမျိုးမျိုးတို့ကို ပို့ပေးလှူနေသည်မှာ ၁၃ ရက်တိုင်တိုင်ရှိနေပါပြီ။

စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ကရင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ရှိ မြို့နယ်ပေါင်း (၄၂)၊ ကျေးရွာပေါင်း (၂၂၅) တို့ဆီသို့ ဆန်အိတ် (၇၂၀၇)၊ ပဲအိတ် (၁၇၀)၊ အခြား လူသုံးကုန်ပစ္စည်းအမျိုးမျိုး၊ စားစရာအမျိုးမျိုးတို့ကို ကုန်တင်ကားကြီး (၈၄)စီးနှင့် သင်္ဘောကြီးများဖြင့် ပို့ဆောင် လှူဒါန်းနိုင်ခဲ့ပြီးဖြစ်ပါသည်။

ဒီကနေ့မနက်စောစောက သီတဂူတပည့်ရဟန်းတော်များ ဦးဆောင်၍ အင်္ဂပူ (တတိယအကြိမ်)သို့ ကုန်တင်ကားကြီးတစ်စီးဖြင့် အိမ်ထောင်စု ၁၉၀ စာအတွက် အစုံပါသော စာလာအိတ်ကြီး ၁၉၀ကို သွားရောက်လှူဒါန်းနေပါသည်။

နေ့လည်ပိုင်းမှာတော့ ဒေါက်တာကိတ္တိဗလနှင့်အတူ ကိုရီးယားနိုင်ငံက အလှူရှင်များက ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်စသည်တို့ကို သွားရောက်လှူဒါန်းမှာ ဖြစ်ပါသည်။

ရေဘေးကယ်ဆယ်ရေးအဖွဲ့တွေ ရပ်နားသွားတဲ့အဖွဲ့တွေ ရှိသလို၊ အခု စတင်ပြီး ကူညီရေးတွေ လုပ်နေတာလည်း တွေ့ရပါသည်။ သီတဂူအဖွဲ့ကတော့ ယခုအချိန်ထိ ဆက်လက်ပြီး လှုပ်ရှားတုန်းပဲဖြစ်ပါသည်။ အလှူရှင်တွေ ရှိနေသရွေ့ ကူညီရေးတွေ ထောက်ပံ့ရေးတွေ ဆက်လက် လုပ်ဆောင်နေမှာ ဖြစ်ပါသည်။ နောက်ပိုင်းပြန်လည်ထူထောင်ရေးမှာလည်း ပြုလုပ်ရမှာဖြစ်ပါသည်။


အလှူရှင်များသို့ ပန်ကြားခြင်း
---------------------
ယနေ့အထိ အထည်အမျိုးမျိုး၊ စာစရာအမျိုး၊ ဆေးဝါအမျိုးတို့ကို ရေဘေးသင့်ပြည်သူအား လှူဒါန်းကြ၍လည်း အထူး ကျေးဇူးတင်လှပါသည်၊ ၀မ်းလည်းသာရပါသည်။ ယခုအခါ အထည်အဟောင်းများ ပြည့်လျှံနေသည်ဖြစ်၍ ထိုအစား ခေါက်ဆွဲခြောက်၊ ငါးသေတ္တာ၊ ဆန် စတဲ့ စားစရာများ တိုး၍လှူဒါန်းစေလိုပါသည်။ အထည်အသစ်တွေကိုတော့ လှူဒါန်းနိုင်ပါသည်။

လှူဒါန်းရန်ဋ္ဌာန
------------------------
(က) သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
ဖုန်း-၀၇၂-၂၁၆၁၁၊ ၀၇၂ ၂၂၁၆၅
(ခ) သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အုပ်ချုပ်ရေးရုံးခန်း၊ ပညာရေး ရုံးခန်း၊ ပြန်ကြားရေးရုံးခန်း
ဖုန်း-၀၁-၅၈၁ ရ၇၇၊ ၅၈၁ ၈၈၈၊ ၀၁ ၅၈၁၅၈၂
(ခ) သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)
မန္တလေးတောင်၊ ဖုန်း- 09797481944

ရန်ကုန်ဆိုက်ကို လှူချင်သူများ
-------------
မြောက်ဒဂုံ၊ ပါရမီလမ်းထိပ်၊ ပင်လုံလမ်း၊ ဘေလီတံတားအဆင်း
စားစရာ၊ အဝတ်အစား၊ ပိုက်ဆံ မည်သည့် လှူရန်ပစ္စည်းမဆို လှူဒါန်းနိုင်ပါသည်။
လှူဒါန်းကြသော အလှူရှင်များ၊ တပျော်တပါး ဝေယျာဝေစ္စကုသိုလ်ယူကြသူ အားလုံးကို သီတဂူသာသနာပြုအဖွဲ့က အထူးကျေးဇူးတင်ပါသည်။

“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၆-၈-၂၀၁၅
www.sitagustar2020.net

activities-174 activities-175 activities-176 activities-177

Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)

Search

မာတိကာ

Home

FOUNDER

ACADEMICS

MINISTRY

MISSIONARY

MEDITATION

PUBLICATIONS

TALKS

NEWS & INFO

CONTACT

Guests Online

We have 6 guests and no members online

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း - ၀၇၂-၂၁၆၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊

ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)

မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈