Activities

သီတဂူရေဘေးကူညီရေး အလှူတော်သို့

မနေ့က (၃-၈-၂၀၁၄)

အလှူတော်ငွေ ကျပ်သိန်း (၁၁၅၀)၊ ဆန်အိတ် ၁၀၀ ကျော်နှင့် ခေါက်ဆွဲခြောက်၊ ငါးသေတ္တာ၊ သောက်ရေသန့်၊ အခြား စားစရာ အမျိုးမျိုး၊ အဝတ်အထည်အမျိုးမျိုး၊ လူသုံးကုန်ပစ္စည်းမျိုးစုံတို့ကို ပြည်တွင်း ပြည်ပမှ ကရုဏာရှင်များက လာရောက်လှူဒါန်းသည်။ တော်ဝင်ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းကလည်း ကလေးမြို့ရှိ စာသင်တိုက် ၅တိုက်မှ သံဃာတော် ၅၅၀ပါးတို့အား သင်္ကန်းဒွိစုံ၊ ရေဘေးသင့်ပြည်သူများအတွက် ခေါက်ဆွဲခြောက်၊ ငါးသေတ္တာ၊ သောက်ရေသန့်စသော ပစ္စည်းများ လှူဒါန်းသည်။

ဒီကနေ့ (၄-၈၂၀၁၅) နယူးဇီလန်နိုင်ငံ ၀ယ်လင်တန်မြိုရောက် မြန်မာမိသားစုများ၊ ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းမြန်မာမိသားစုများ၊ မလေးရှားရောက်မြန်မာမိသားစုများနှင့် ပြည်တွင်းပြည်ပမှ ကရုဏာရှင် မိသားစုများက အလှူတော်ငွေ ကျပ်သိန်း (၉၀၀)နှင့် သင်္ကန်း၊ လူသုံးကုန်ပစ္စည်းများ၊ အဝတ်အထည်၊ စားစရာ အမျိုးမျိုးတို့ကို လာရောက်လှူဒါန်းသွားသည်။

လှူဒါန်းပြီးဒေသများ-
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ ကောလင်း၊ ၀န်းသိုနှင့် ကျွန်းလှမြို့များ၊ မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့၊ ကရင်ပြည်နယ် ဘားအံ့မြို့ (၆)မြို့သို့ လှူဒါန်းပြီး ဖြစ်သည်။


မနက်ဖန်သွားရန်
မနက်ဖန် (၅-၈-၂၀၁၅)နေ့မှာတော့ ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့သို့ သွားမည် ဖြစ်ပါသည်။
(ကျန်ရှိနေသေးသော ရေဘေးသင့်ဒေသများသို့ ဆက်လက် သွားရောက် လှူသွားမည် ဖြစ်ပါသည်။)
သို့ဖြစ်ပါသောကြောင့် အောက်ပါဌာနများတွင် ဆက်လက် လှူဒါန်းနိုင်ပါကြောင်း အသိပေးအပ်ပါသည်။

လှူဒါန်းရန်ဋ္ဌာန
------------------------
(က) သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
ဖုန်း-၀၇၂-၂၁၆၁၁၊ ၀၇၂ ၂၂၁၆၅
(ခ) သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အုပ်ချုပ်ရေးရုံးခန်း၊ ပညာရေး ရုံးခန်း၊ ပြန်ကြားရေးရုံးခန်း
ဖုန်း-၀၁-၅၈၁ ရ၇၇၊ ၅၈၁ ၈၈၈၊ ၀၁ ၅၈၁၅၈၂
(ခ) သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)
မန္တလေးတောင်၊ ဖုန်း- 09797481944

ရန်ကုန်ဆိုက်ကို လှူချင်သူများ
-------------
မြောက်ဒဂုံ၊ ပါရမီလမ်းထိပ်၊ ပင်လုံလမ်း၊ ဘေလီတံတားအဆင်း
စားစရာ၊ အဝတ်အစား၊ ပိုက်ဆံ မည်သည့် လှူရန်ပစ္စည်းမဆို လှူဒါန်းနိုင်ပါသည်။
လှူဒါန်းကြသော အလှူရှင်များ၊ တပျော်တပါး ဝေယျာဝေစ္စကုသိုလ်ယူကြသူ အားလုံးကို သီတဂူသာသနာပြုအဖွဲ့က အထူးကျေးဇူးတင်ပါသည်။

“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၄-၈-၂၀၁၅
www.sitagustar2020.net

 

activities-102 activities-103 activities-104 activities-105

Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)

Search

မာတိကာ

Home

FOUNDER

ACADEMICS

MINISTRY

MISSIONARY

MEDITATION

PUBLICATIONS

TALKS

NEWS & INFO

CONTACT

Guests Online

We have 3 guests and no members online

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း - ၀၇၂-၂၁၆၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊

ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)

မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈