Activities

သီတဂူ ရေးဘေးကယ်ဆယ်ရေးအဖွဲ့ ဟင်္သတာသို့

ဒီကနေ့ နံနက် (၅-၈-၂၀၁၅)က သီတဂူ ရေဘေးသင့်ပြည်သူများ ကူညီစောင့်ထောက်ပံ့ရေးအဖွဲ့ ဒေါက်တာကိတ္တိဗလ ဦးဆောင်၍ ဧရာဝတီတိုင်းဒေသကြီးသို့ သွားပြီ ဖြစ်သည်။

ဆန်အိတ် (၁၀၀)၊ ကျပ်သိန်း (၁၀၀)အပါ၀င် လူသုံးကုန်ပစ္စည်းများဖြစ်သည့် အဝတ်အထည်အမျိုးမျိုး၊ စားစရာအမျိုးမျိုး၊ ကျန်းမာရေးအတွက် ဆေးဝါးပစ္စည်းများ၊ သောက်ရေသန့်များ ကုန်တင်ကားကြီးနှစ်စီးဖြင့် သယ်ဆောင်သွားပြီ ဖြစ်ပါသည်။
မြို့ကြီး (၇)မြိုအတွက် ပင်မအလှူ ကျပ်သိန်း (၇၀၀)၊ ဆန်အိတ် (၈၀၀)နှင့် လူသုံးကုန်ပစ္စည်းအမျိုးမျိုးတို့ ကားကြီး (၇)စီးတိုက် လှူဒါန်းပြီး ဖြစ်ပါသည်။

(ကျန်ရှိနေသေးသော ရေဘေးသင့်ဒေသများသို့ ဆက်လက် သွားရောက် လှူသွားမည် ဖြစ်ပါသည်။)
သို့ဖြစ်ပါသောကြောင့် အောက်ပါဌာနများတွင် ဆက်လက် လှူဒါန်းနိုင်ပါကြောင်း အသိပေးအပ်ပါသည်။

လှူဒါန်းရန်ဋ္ဌာန
------------------------
(က) သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
ဖုန်း-၀၇၂-၂၁၆၁၁၊ ၀၇၂ ၂၂၁၆၅
(ခ) သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အုပ်ချုပ်ရေးရုံးခန်း၊ ပညာရေး ရုံးခန်း၊ ပြန်ကြားရေးရုံးခန်း
ဖုန်း-၀၁-၅၈၁ ရ၇၇၊ ၅၈၁ ၈၈၈၊ ၀၁ ၅၈၁၅၈၂
(ခ) သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)
မန္တလေးတောင်၊ ဖုန်း- 09797481944

ရန်ကုန်ဆိုက်ကို လှူချင်သူများ
-------------
မြောက်ဒဂုံ၊ ပါရမီလမ်းထိပ်၊ ပင်လုံလမ်း၊ ဘေလီတံတားအဆင်း
စားစရာ၊ အဝတ်အစား၊ ပိုက်ဆံ မည်သည့် လှူရန်ပစ္စည်းမဆို လှူဒါန်းနိုင်ပါသည်။
လှူဒါန်းကြသော အလှူရှင်များ၊ တပျော်တပါး ဝေယျာဝေစ္စကုသိုလ်ယူကြသူ အားလုံးကို သီတဂူသာသနာပြုအဖွဲ့က အထူးကျေးဇူးတင်ပါသည်။


“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၅-၈-၂၀၁၅
www.sitagustar2020.net

 

activities-97 activities-98 activities-99 activities-100 activities-101

Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)

Search

မာတိကာ

Home

FOUNDER

ACADEMICS

MINISTRY

MISSIONARY

MEDITATION

PUBLICATIONS

TALKS

NEWS & INFO

CONTACT

Guests Online

We have 30 guests and no members online

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း - ၀၇၂-၂၁၆၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊

ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)

မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈