သီတဂူဆရာတော်ကြီး၏ လမ်းညွှန်ချက်ဖြင့် သီပေါဆရာတော် ဦးပညာသိရီ ဦးဆောင်သော မျက်စိအထူးကုအစီအစဉ်ကို (၂၅-၉ -၂၀၁၄)မှ (၂၈-၉-ဝ၁၄)ရက်အထိ ဆောင်ရွက်နေပါသည်။
နှစ်ရက်တာကာလအတွင်း မျက်စိဝေဒနာရှင်(၅၀၂)ယောက်ကို စမ်းသပ်စစ်ဆေးပေးပြီး၊ မျက်စိဝေဒနာရှင် (၆၂)ဦး ခွဲစိပ်ကုသပြီး ဖြစ်ပါသည်။ စမ်းသပ်စစ်ဆေးခွဲစိပ်ကုသ ပေးနေဆဲဖြစ်ပါသည်။
သီပေါဆရာတော် ဦးပညာသိရီ ဦးဆောင်သော သီတဂူသီပေါစက္ခုဒါနအစီအစဉ်သည် (၃)လ (၁)ကြိမ် စီစဉ်ဆောင်ရွက်ခဲ့ရာ (၂၉)ကြိမ်မြောက်အထိ ရောက်လာပြီဖြစ်သည်။ ယနေ့အထိ မျက်စိဝေဒနာရှင်(၁၄၂၄၇)ယောက်ကို စမ်းသပ်စစ်ဆေးပေးခဲ့သည်၊ (၂၉၀၆)ဦးကိုတော့ ခွဲစိပ်ကုသပြီး လောကအလင်းများ ရရှိသွားကြပြီ ဖြစ်သည်။
ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ ကျောက်မဲ၊ လားရှိုးနှင့် ပြင်ဦးလွင်မြို့မှ မျက်စိအထူးကု ဆရာဝန်ကြီးများကလည်း လာရောက်ကူညီ ပညာဒါန၊ လုပ်အားဒါနများ ပြုပေးကြပါသည်။ ထို့အပြင် အမေရိကနိုင်ငံ၊ အင်္ဂလန်နိုင်ငံများမှ မျက်စိအထူးကု ဆရာဝန်ကြီးများကလည်း လာရောက် ပညာဒါန၊ လုပ်အားဒါနပြုကြပါသည်။
သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ...
သူတော်ကောင်းတရား နေရာတိုင်းမှာ ထွန်းတောက်ပါစေ..
We have 4 guests and no members online
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉
မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈