Activities

သီတဂူဟုမ္မလင်းဆေးရုံ - လည်ပင်းကြီးအထူးကုသမှု အစီစဉ်

သီတဂူဆရာတော်ဘုရားကြီး၏ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု အစီစဉ်များအရ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဟုမ္မလင်းမြို့ သီတဂူဆေးရုံတော်တွင် လည်ပင်းကြီးရောဂါ အထူးကုသရေး အစီစဉ် စတင်တော့မည် ဖြစ်ပါသည်။


သီတဂူဆရာတော်ကြီး၏ (ကိုယ်စား) ဆရာတော်အရှင်ကောဝိဒ (သီတဂူသံဃာ့ဝန်ဆောင်အဖွဲ့ ဥက္ကဋ္ဌ)၊ ဒေါက်တာ အရှင်သေဋ္ဌိလ (သီတဂူအာယုဒါနဆေးရုံ အုပ်ချုပ်ရေးမှူး)တို့မှ ဦးဆောင်တာဝန်ယူကာ နိုင်ငံခြား ဆရာဝန်များ၊ မြန်မာဆရာဝန်များ၊ သီတဂူအာယုဒါနမှ ဆေးရုံအုပ်ကြီး ဒေါက်တာ ခင်မောင်ဇော်၊ လက်ထောက်ဆေးရုံအုပ် ဒေါက်တာမိမိခင်တို့မှ သူနာပြုများနှင့်အတူ လက်တွဲ ဆောင်ရွက်ကြမည်ဖြစ်ပါသည်။


၂၃-၀၈-၂၀၁၄ (စနေနေ့) မနက်ပိုင်းတွင် အမေရိကန်နိုင်ငံ၊ ဟာဝိုင်အီမှ အေလိုဟာ ဆရာဝန်အဖွဲ့သည် ရန်ကုန်မြို့မှ ဟုမ္မလင်းမြို့သို့ သွားရောက်ခဲ့ ကြပါသည်။ ရန်ကုန်မြို့ မင်္ဂလာဒုံ အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် နိုင်ငံခြားဆရာဝန်များအား ကြိုဆိုခြင်း၊ လိုက်လံ ပို့ဆောင်ခြင်းများကို သီတဂူဦးကျော်မိုးနိုင်နှင့်အဖွဲ့မှ ဆောင်ရွက်ပေးခဲ့ပြီး ဆရာဝန်များ ရောက်ရှိလာသည့်အခါ ဟုမ္မလင်း မြို့သူမြို့သားများမှ ရှမ်းရိုးရာအကများဖြင့် သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြကြောင်း သိရှိရပါသည်။


ထိုနေ့မှစပြီး အမေရိကန်ဆရာဝန်အဖွဲ့၊ ရွှေဘိုမှဆရာဝန်များနှင့်သူနာပြုများ၊ သီတဂူဆရာဝန်အဖွဲ့နှင့် သူနာပြုများ ပူးပေါင်းလျက် လည်ပင်းကြီးလူနာများကို ခွဲစိပ်ကုသပေးမည်ဖြစ်ပါကြောင်း သိရှိစေအပ်ပါသည်။
ဓါတ်ပုံများ - အစီစဉ်အလိုက်


၁။ သီတဂူဦးကျော်မိုးနိုင်မှ လိုက်လံပို့ဆောင် (ရန်ကုန်လေဆိပ်)
၂။ ဟုမ္မလင်းမှ သီတဂူဆရာဝန်၊ သူနာပြုများအဖွဲ့
၃။ စောင့်ဆိုင်းနေသာ လူနာများ
၄။ ဒေါက်တာဝေဠုရိယာလင်္ကာရ (သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ မန္တလေးကျောင်းအုပ်)နှင့် တိုင်းရင်းသူများ
၅။ ဟုမ္မလင်းလေဆိပ်ဆရာဝန်များကြိုဆို (ရှမ်းရိုးရာအက)
၆-၁၂။ လူနာများ၏အခြေနေကြည့်ရှုစစ်ဆေးစဉ်


စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ဟုမ္မလင်းမြို့၏ ဆက်သွယ်ရေး အခြေနေ အရ (ဖုန်း၊ အင်တာနက်) ဓါတ်ပုံများ ထပ်မံ ရောက်ရှိလာပါက ဆက်လက်တင်ပြပေးသွားမည် ဖြစ်ပါသည်။
၂၂၊ ၀၈၊ ၁၄မှ ၂၄၊ ၀၈၊ ၁၄အထိ ဟုမ္မလင်း သီတဂူဆေးရုံတွင် လည်ပင်းကြီးလူနာများကို ခွဲစိပ်ကုသခဲ့ရာ ခွဲစိပ်ကုသပြီးလူနာပေါင်း ၃၉ယောက်တို့ကို ကုသပေးနိုင်ခဲ့ပါကြောင်း ရပ်ဝေးရပ်နီးနေ မိတ်ဆွေ အပေါင်းကို သတင်းစကား ပါးအပ်ပါသည်။


“သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့

 

i1i2i3i4

Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)

Search

မာတိကာ

Home

FOUNDER

ACADEMICS

MINISTRY

MISSIONARY

MEDITATION

PUBLICATIONS

TALKS

NEWS & INFO

CONTACT

Guests Online

We have 4 guests and no members online

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း - ၀၇၂-၂၁၆၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊

ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)

မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈