သြစတေးလျ နိုင်ငံမြောက်ပိုင်းမြို့ Brisbane မြို့ နိုင်ငံတကာ လေဆိပ် ၂၈-၅-၂၀၁၄ နံနက် ဒေသစံချိန် ၁၁ ခွဲရောက်။ ထိုမြို့ကနေ ၃ နာရီလောက် ကားစီးရသော Lismore မြို့ရှိ Bodhi Tree Monastery သြစတေးလျ ဘုန်းတော်ကြီးကျောင်း ရောက်ရှိ။ သီတဂူဆရာတော်ကြီးနှင့် တပည့် ၈ပါးတို့သည် ထိုကျောင်းတွင် ညနေပိုင်း သိမ်သမုတ်မည့်နေရာ ပြင်ဆင်၊ နောက်နေ့မနက် (၂၉-၅-၂၀၁၄) နေ့ ဆရာတော်ကြီး ဦးဆောင်၍ သိမ်နှုတ်၊ တစ်ဆက်တည်း သိမ်သမုတ်ကြသည်။
သီတဂူဆရာတော်ကြီးက သိမ်ဆောက်လုပ်ဖို့ရန် အမေရိကန် ဒေါ်လာ နှစ်သောင်း ငါးထောင် (၂၅၀၀၀)ကို ကျောင်းထိုင်ဆရာတော်အား လှူဒါန်းခဲ့သည်။ တပည့်များ သွားစရိတ် လာစရိတ်များသည်လည်း ဆရာတော်ကြီး၏ ကောင်းမှုပဲ ဖြစ်သည်။
ညနေပိုင်း သြစတေးလျတိုက်၏ အရှေ့ဘက် ပစိဖိတ်သမုဒ္ဒရာ ကမ်းခြေနှင့် အနီးအနားတဝိုက် လေ့လာရေး ထွက်ကြသည်။
ဆောင်းရာသီ စတင်ဝင်ရောက်နေသော သြစတေးလျနိုင်ငံ၏ ရာသီဥတုသည် မြန်မာပြည် အညာဒေသ အအေးဆုံးအချိန်နှင့် တူသည်။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၉-၅-၂၀၁၅
We have 3 guests and no members online
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉
မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈