Activities

သီတဂူကျန်းမာရေးစောင့်ရှောက်အဖွဲ့ ရှမ်းပြည်တောင်ပိုင်း ရောက်ရှိ

သီတဂူဆရာတော်ဦးဆောင်သော သီတဂူသာသနာပြု မျက်စိအထူးကုအဖွဲ့သည် စစ်ကိုင်းမြို့မှ ၁၇-၃-၂၀၁၄ ရက် နံနက် ၆နာရီ ၃၀ မိနစ်တွင် ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်မြို့သို့ စတင်ထွက်ခွာခဲ့သည်။

 ညနေ ၄-၃၀ မိနစ်တွင် ပင်လုံမြို့သို့ရောက်ရှိသည်၊ ပြည်မ-တောင်တန်း ပူးပေါင်းရေးစာချုပ်အတွက် အမှတ်တရ ပင်လုံကျောက်တိုင်ကိုလည်း ရောက်ရှိခဲ့သည်။ ထိုနေ့ ညပိုင်းတွင် မဟာရဋ္ဌာဘိသာမဂ္ဂီစေတီတော်မြတ်ကြီးတွင် တရားတော်များ ဟောကြားတော်မူခဲ့သည်။

၁၈-၃-၂၀၁၄ နေ့မှာ လွိုင်လင်မြို့တွင် ညအိပ်နားသည်၊ ထိုနေ့ နံနက် ၆ နာရီခွဲတွင် ရှမ်းပြည်တောင်ပိုင်း ခိုလန်မြို့သို့ ခရီးဆက်ကြသည်။ ခိုလန်မြို့တွင် ကမ္ဘောဇဘဏ်မှ ဆောက်လုပ်လှူဒါန်းထားသော ကုတင် (၁၀၀)ဆန့် ဆေးရုံတွင် မျက်စိခွဲအစီအစဉ်အတွက် ဝေဒနာရှင်များကို စမ်းသပ် စစ်ဆေးသည်။

မျက်စိကုသမှုအစီအစဉ်တွင် မျက်စိအထူးကု ပါမောက္ခ အငြိမ်းစား သီတဂူ ဒေါက်မြအောင် ဦးဆောင်ကာ မျက်စိဝေဒနာရှင်ကို စမ်းသပ်စစ်ဆေးပေးခဲ့ရာမှာ ၁၈-၃-၂၀၁၄မှ ၂၀-၃-၂၀၁၄ရက်နေ့အထိ မျက်စိဝေဒနာရှင် (၁၀၄၈)ဦးကို စမ်းသပ်စစ်ဆေးခဲ့သည်၊ ထိုစစ်ဆေးပြီး မျက်စိဝေဒနာရှင်များမှ လူနာပေါင်း ၁၂၂ ယောက်ကို ခွဲစိပ်သည်၊ အလင်းရောင်များ ရရှိသွားကြသည်။ ထိုမျက်စိဝေဒနာရှင်များတွင် မွေးရာပါ မျက်လုံးနှစ်လုံး တိမ်စွဲနေသော ဝေဒနာရှင်တစ်ဦး ထူးထူးခြားခြား ပါ၀င်သည်။ မျက်လုံး နှစ်လုံးကို တပြိုင်နက်တည်း ခွဲစိပ်ခဲ့ရပါသည်။

 

သီတဂူ အခြေခံပညာမူလတန်းကျောင်း

သီတဂူသာသနာပြုအဖွဲ့သည် ကျန်းမာရေးစောင့်ရှောက်မှုအပြင် ပညာရေးအတွက်ပါ ဆောင်ရွက်လျှက်ရှိသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ခိုလန်မြို့မှာပဲ အခြေခံပညာမူလတန်းကျောင်းကို သီတဂူ သာသနာပြုအဖွဲ့မှ ဦးအောင်သောင်း (ထရန်စဖော်မာ) နှင့် ဦးကျော်မိုးနိုင် (Krislite) မိသားစုတို့က ကျပ်သိန်း ၂၅၀ မတည် လှူဒါန်း ခဲ့ပါသည်။

 

“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”

 

20140324 05 20140324 06 20140324 07 20140324 08 20140324 09 20140324 10

Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)

Search

မာတိကာ

Home

FOUNDER

ACADEMICS

MINISTRY

MISSIONARY

MEDITATION

PUBLICATIONS

TALKS

NEWS & INFO

CONTACT

Guests Online

We have 6 guests and no members online

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း - ၀၇၂-၂၁၆၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊

ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)

မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈