Activities

ဘာသာရေးသည် ငြိမ်းချမ်းရေးအတွက် ဆွေးနွေး

၁၉-၁-၂၀၁၄ ရက်နေ့က “အပြန်အလှန် ယုံကြည်မှုနှင့် မျက်နှာချင်းဆိုင် စကားပြောခြင်း၊ ဘာသာရေးသည် လူမှုကွန်ယက်ရဲ့ ညီညွတ်မှုဖြစ်ခြင်း” ဟူသော ခေါင်းစဉ်ဖြင့် Park Royal Hotel, Yangon တွင် ဘာသာကြီး ၄ဘာသာမှ ဘာသာရေး ခေါင်းဆောင်များ စာတမ်းဖတ်ခြင်း၊ ဆွေးနွေခြင်းများ ပြုလုပ်သည်။

ထိုပွဲကို အမမေရိကန်နိုင်ငံ ကိုလံဘီယာတက္ကသိုလ်၊ လူ့အခွင့်ရေးဆိုင်ရာဌာနနှင့် မြန်မာနိုင်ငံ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ အစ္စလာမ်အဖွဲ့ မြန်မာ၊ Myanmar Institute of Theology, Judson Research Centre တို့ ပူးပေါင်း ပြုလုပ်ကြသည်။ တက်ရောက်သူ ကိုယ်စားလှယ် ၇၀ ခန့်ရှိပြီး၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ သီတဂူဆရာတော်ကြီး၊ ကိုလံဘီယာတက္ကသိုလ်မှ ပါမောက္ခ Robert A.F Thurman, အလာဟာဂျီ ဦးအေးလွင်၊ ဒေါက်တာ စောလှို်င်ဘွား စာတမ်းဖတ် ဦးဆောင်ဆွေးနွေးသည်။

ရဟန်းတော်များမှ မန္တလေး မစိုးရိမ်တိုက်သစ်မှ အရှင်ဝိစိတ္တာဘိဝံသ (ဝီရသူ)၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး) မှ ဒေါက်တာအရှင် ဝေဠုရိယာလင်္ကာရ၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း) မှ အရှင်ဥက္ကံသ (M.A ဟာဝိုင်ယီ)၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)မှ ဒေါက်တာအရှင်ကောဝိဒသိရီ (သီတဂူစတား)၊ အရှင်ဝိသုတ (M.A Philosophy) နှင့် သီးခြားပင့်ထားသော ဒေါက်တာ အရှင်ဓမ္မပိယ (ထေရဝါဒတက္ကသိုလ်) နှင့် ဒေါက်တာအရှင်ဝိစိတ္တသာရ (ဓမ္မဂင်္ဂါ)နှင့်သူ၏သူငယ်ချင်းတို့ တက်ရောက်ကြသည်။

ဆွေးနွေးပွဲကို နေ့လည် (၁)နာရီမှစသည်၊ ညနေ (၆)နာရီတွင်ပြီးဆုံ၊ (၇)နာရီတွင် ပူးတွဲ ကြေညာချက်ထုတ်ခြင်းများ ပြုလုပ်သည်။

သီတဂူဆရာတော်ကြီး၏ မိန့်ခွန်းကို သီခြား ဖော်ပြပါမည်။

 

“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”

 

inter-faith-01inter-faith-02inter-faith-03inter-faith-04inter-faith-05

Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)

Search

မာတိကာ

Home

FOUNDER

ACADEMICS

MINISTRY

MISSIONARY

MEDITATION

PUBLICATIONS

TALKS

NEWS & INFO

CONTACT

Guests Online

We have 9 guests and no members online

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း - ၀၇၂-၂၁၆၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊

ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)

မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈