ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်က ရဟန်း သီလရှင်များအတွက် ဘီအေတန်း၊ ဒီပလိုမာတန်းများ အပြင် လူ၀တ်ကြောင်များအတွက် ဗုဒ္ဓဓမ္မဒီပလိုမာအတန်းများကိုလည်း သင်ကြားပေးလျက်ရှိသည်။
လူ၀တ်ကြောင်များအတွက် ကိုယ်နှုတ် နှစ်ပါးကို ထိန်းသည့် နည်းဥပဒေများဖြစ်သည့် ၀ိနည်း၊ ကိုယ်နှုတ်စိတ် သုံးပါးလုံးကို ထိန်းသည့် သုတ္တန်၊ လောက သဘာ၀ဓမ္မပါ၀င်သည့် အဘိဓမ္မာ၊ သံသရာလွတ်လမ်းကို ပေးသည့် ၀ိသုဒ္ဓိမဂ် အစရှိသည့် ဗုဒ္ဓစာပေများကိါတရား၊ အသိပညာ ဗဟုသုတများ တိုးပွားရေးကို ရည်စိတ်သန်လျက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) သင်ကြားပေးလျက်ရှိသည်။
ယခုအခါ ၆ လလုံးသင်ကြားထားသည့် ဗုဒ္ဓစာပေများကို ပထမ ၆ လပတ် (နှစ်သက်) စာမေးပွဲအဖြစ် ဖြေဆိုကြရသည်။ ကျောင်းသား ကျောင်းသူ ၃၀၀ (သုံးရာ) ကျော် ၀င်ရောက် ဖြေဆိုကြသည်။
“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
We have 8 guests and no members online
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉
မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈