Activities

သီတဂူဆရာတော်၏ စစ်တွေခရီးစဉ်

 

သီတဂူဆရာတော်၏ စစ်တွေခရီးစဉ် အောက်တိုဘာ (၁) ရက်နှင့် (၂) ရက်နေ့များက သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)တွင် International Interfaith Conference for Security Peace and Co-Exisitence အစည်းအဝေးကို ကျင်းပနေခဲ့သည်။ ဘာသာပေါင်းစုံ ငြိမ်းငြိမ်းချမ်းချမ်း ညီညီညွတ်ညွတ် လုံလုံခြုံခြုံ လက်တွဲနေထိုင်ရေး ဦးတည်ချက်ဖြင့် အစည်းအဝေးကို ကျင်းပသည်။

အမေရိကန်နိုင်ငံ ဝါရှင်တန် ဒီစီတွင် အခြေစိုက်သော (The Institute for Globle Engagement) ကမ္ဘာလုံးဆိုင်ရာ လုပ်ငန်းဌာနနှင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်တို့က ပူးတွဲထောက်ပံ့ စည်းရုံး၍ ကျင်းပခြင်း ဖြစ်သည်။

 

ထိုအစည်းအဝေး၌ နိုင်ငံပေါင်း (၁၂)နိုင်ငံမှ ကိုယ်စားလှယ်ပေါင်း (၈၀)ကျော် တက်ရောက်ကြသည်။ သံရုံးပေါင်း (၁၀)ရုံးမှ သံအမတ်ကြီးများ၊ သံမှူးကြီးများ တက်ရောက်ခဲ့ကြသည်။ မြန်မာနိုင်ငံမှ (ပရိယတ္တိသာသနတက္ကသိုလ်၊ ထေရ၀ါဒတက္ကသိုလ်၊ ဗုဒ္ဓတက္ကသိုလ်) သာသနာ့တက္ကသိုလ်ကြီး၊ ဗုဒ္ဓတက္ကသိုလ်တက္ကသိုလ်ကြီး ၆ ခုတို့မှ ပါမောက္ခများ၊ ဆရာ ဆရာမများ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။ ရန်ကုန် မန္တလေး အစ္စလာမ်အသင်းအဖွဲ့များနှင့် ခရစ်ယာန်အသင်းများမှ ဘာသာရေးခေါင်းဆောင်များ တက်ရောက်ကြသည်။ သတင်း မီးဒီယာ (၁၅)ခု တို့မှ သတင်းလာယူကြသည်။

 

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့က သ၀ဏ်လွှာများ ပေးပို့ကြသည်။ လုံခြုံရေး ငြိမ်းချမ်းရေး လက်တွဲနေထိုင်ရေးဟူသော ခေါင်းစဉ်ဖြင့် စာတမ်းပေါင်း ၃၆ စောင်တို့ကို ဖတ်ကြား တင်သွင်းကြသည်။

 

ထိုငြိမ်းချမ်းရေး ညီညွတ်ရေး အတူယှဉ်တွဲ နေထိုင်ရေးအတွက် ဆွေးနွေးပွဲကြီး ပြုလုပ်နေစဉ် အောက်တိုဘာ (၁) ရက်နေ့ ညပိုင်းက ရခိုင်ပြည်နယ် သံတွဲမြို့အနီး ကျေးရွာ သုံးစုတို့တွင် ရခိုင်နှင့် ဘင်္ဂါလီတို့ အဓိကရုဏ်းဖြစ်ကြကြောင်း သတင်းတစ်ပုဒ် အစည်းအဝေးခန်းမဆောင်ထဲသို့ ရောက်ရှိလာသည်။ ဘာသာပေါင်းစုံ အစည်းအဝေးကြီးသို့ တက်ရောက်လာကြသော ကိုယ်စားလှယ်အပေါင်းတို့က စိုးရိမ်ပူပန်ကြသည်။ ထိုအတွက် သီတဂူဆရာတော်က ဘာလုပ်မည်နည်းဟု မေးမြန်းကြသည်။ အစည်းအဝေးကြီး၏ ရည်ရွယ်ချက်နှင့် ဆုံးဖြတ်ချက်အတိုင်း ကိုယ်တိုင် သွားရောက်၍ ငြိမ်းချမ်းရေးနှင့် ညီညွတ်ရေး တရားဟောမည်ဟု ကိုယ်စားလှယ်အားလုံးကို ပြောလိုက်သည်။ ဘာသာပေါင်းစုံ အစည်းအဝေး၏ ရည်ရွယ်ချက်နှင့်ဆုံးဖြတ်ချက်ကို Actiion Plan လုပ်လိုက်ခြင်းပင် ဖြစ်သည်။

 

သံတွဲမြို့၌လည်းကောင်း ကိုယ်တိုင်သွားရောက်နိုင်သော ကျေးရွာများ၌လည်းကောင်း ရခိုင်လူမျိုးနှင့် ဘင်္ဂါလီလူမျိုးတို့ကို တစ်နေရာစီ စု၍စု၍ အုပ်စုလိုက် တရားဟောမည်ဟု မေတ္တာရပ်ခံပြီး သီတဂူဆရာတော်၏ နှစ်ပေါင်းများစွာ ဆောင်ရွက်ခဲ့သော ပရဟိတ လုပ်ငန်းများမှ ကျန်းမာရေးနှင့် ပညာရေး ဆောင့်ရှောက်မှု ဤနှစ်ခုသည် ဦးစားပေး ပဓာန ဖြစ်သည့်အားလျှော်စွာ မီးလောင်းခံရသော ကျေးရွာများ၌ ဆေးပေးခန်းနှင့် စာသင်ကျောင်းများ ဆောက်မည်ဟု ဆုံးဖြတ်ခဲ့သည်။ သံတွဲမြို့၌ ဆောက်လုပ်ဆဲဖြစ်သော သီတဂူစက္ခုဒါနဆေးရုံတော်ကိုလည်း အမြန်ဆုံး ဖွင့်လှစ်မည်ဟု ဆုံးဖြတ်ခဲ့သည်။ ထိုဆုံးဖြတ်ချက်အတိုင်း နိုင်ငံတော် အကြီးအကဲများထံ တင်ပြ၍ အောက်တိုဘာ (၇)ရက်နေ့က ကမ္ဘောဇ အဲယားလိုင်းဖြင့် သွားရောက်ခဲ့သည်။

 

သံတွဲမြို့ လေဆိပ်၌ စစ်စဉ်ရေးကွပ်ကွဲအထူးအဖွဲ့ အဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး လှမင်းနှင့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဘာသာရေးအသင်းအဖွဲ့ (ဗုဒ္ဓဘာသာ၊ မွတ်စလင်) တို့က ကြိုဆိုခဲ့ကြသည်။ ရန်ကုန်မြို့ အစ္စလာမ်အဖွဲ့ချုပ်မှ ဦးအေးလွင်ကိုလည်း ဆရာတော်က ခေါ်ဆောင်သွားခဲ့သည်။

 

အောက်တိုဘာ (၇) ရက်နေ့ ညနေခင်းက သံတွဲမြို့တော်ခန်းမ၌ သီတဂူဆရာတော်နှင့် အစ္စလာမ်ခေါင်းဆောင် ဦးအေးလွင်တို့က ရခိုင်ဗုဒ္ဓဘာသာ၀င်တို့အား ငြိမ်းချမ်းရေး ညီညွတ်ရေး တရားများ ဟောကြားကြသည်။

 

အောက်တိုဘာ (၈)ရက်နေ့ နံနက်ပိုင်းတွင် ခရိုင်အုပ်ချုပ်ရေးရုံး၌ အစ္စလာမ်ဘာသာ၀င်တို့အား သီတဂူဆရာတော်နှင့် ဦးအေးလွင်တို့က ငြိမ်းချမ်းရေး တရားဟောကြသည်။

 

အောက်တိုဘာ (၈)ရက်နေ့ နေလည်ခင်းတွင် ဒုတိယဗိုလ်ချုပ်ကြီး လှမင်း၏ စီမံဆောင်ရွက်ပေးမှုကြောင့် အိမ်ခြေ ၁၄ လုံးခန့် မီးလောင်ခံရသော သပြုချိုင်းရွာသို့ ရဟတ်ယာဉ်ဖြင့် သွားရောက် ကြည့်ရှုခဲ့သည်။ မွတ်စလင်နှင့် ဗုဒ္ဓဘာသာ နှစ်မျိုးတို့ကို နှစ်နေရာ စု၍ ငြိမ်းချမ်းရေး ညီညွတ်ရေး တရား ဟောခဲ့သည်။

 

ယိမ်းရိုင်နေသာ မူလတန်းကျောင်းကို အသစ်ဆောက်ပေးရန်နှင့် လုံး၀မရှိသေးသော ဆေးခန်းကို တည်ဆောက်ပေးရန် သီတဂူဆရာတော်က ကြေညာခဲ့သည်။ ထိုသပြုချိုင်းရွာ၌ စာသင်ကျောင်းနှင့် ဆေးခန်း ဆောက်လုပ်ရန် အလှူခံခဲ့ရာ ယခုအခါ ကျပ်သိန်း (၆၀၀) ခြောက်ရာ ရရှိပြီးဖြစ်သည်။ ပါ၀င်လှူဒါန်းလိုသော ပုဂ္ဂိုလ်များသည် သီတဂူသာသနာပြုအဖွဲ့နှင့် ဆက်သွယ်နိုင်ပါသည်။

 

မိုးလုံး၀ ရပ်စဲ ဆောင်းအလည်လောက် ရောက်သည့်အခါ သီတဂူမေတ္တာစက္ခုဒါန ဆေးရုံကိုလည်း ဖွင့်လှစ်၍ လူမျိုးမရွေး ဘာသာမရွေး မျက်စိ ခွဲစိပ်ပေးမည်ဖြစ်သည်။ သပြုချိုင်းရွာ ကျန်းမာရေးစောင့်ရှောက်မှုများကိုလည်း ဆောင်ရွက်မည် ဖြစ်သည်။

 

သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ

 

သီတဂူသာသနာပြုအဖွဲ့

 

ဖုန်း၀၁-၅၈၁၉၉၉၊ ၅၈၁၇၇၇

 

trip_rakhine1 trip_rakhine2 trip_rakhine3 trip_rakhine4 trip_rakhine5 trip_rakhine6 trip_rakhine7 trip_rakhine8 trip_rakhine9 trip_rakhine10 trip_rakhine11 trip_rakhine12 trip_rakhine13 trip_rakhine14

Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)

Search

မာတိကာ

Home

FOUNDER

ACADEMICS

MINISTRY

MISSIONARY

MEDITATION

PUBLICATIONS

TALKS

NEWS & INFO

CONTACT

Guests Online

We have 2 guests and no members online

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း - ၀၇၂-၂၁၆၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊

ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)

မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈