Hospitals

သူလည်းဝမ်းသာ ငါလည်းရွှင်ပြုံး (ကချင်ပြည်ကို အလှဆင်ကြမည်)

ကျေးဇူးတော်ရှင် သီတဂူဆရာတော်ကြီး၏ ဖိတ်ကြားမှုဖြင့် ဘယ်လ်ဂျီယမ်နိုင်ငံမှ ဒေါက်တာပက်ထရစ်တိုးနပ် ဦးဆောင်သော see & smile အထူးကုဆရာဝန်များအဖွဲ့သည် ၅-၁၀-၂၀၁၉ ရက်နေ့၊ နံနက်ခင်းတွင် ရန်ကုန်မြို့သို့ရောက်ရှိပါသည်။

သီတဂူဆရာတော်ကြီးနှင့် ဒေါက်တာပက်ထရစ်တိုးနပ်သည် ၂၀၀၈ ခုနှစ် နားဂစ်အပြီး ပြန်လည်ထူထောင်ရေးအချိန်မှ စတင်၍ ယနေ့တိုင် လက်တွဲကာ မြန်မာနိုင်ငံ၏ ပြည်နယ်နှင့်တိုင်းအစုံ ဝေးလံခေါင်ဖျား နာဂဒေသအထိ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို လက်တွဲညီညီ ဆောင်ရွက်နေကြဆဲဖြစ်သည်။

ဒေါက်တာပက်ထရစ်တိုးနပ်အဖွဲ့တွင် ပလပ်စတစ်ဆာဂျရီ အထူးကုဆရာဝန်ကြီးများနှင့် အထူးသူနာပြုတို့ပါဝင်ပြီး သီတဂူဆရာတော်ကြီးနှင့်အတူ ၅-၁၀-၂၀၁၉ ရက်နေ့မှ ရ ရက်တိုင်တိုင် ကချင်ပြည်နယ် ပူတာအိုမြို့သို့သွားရောက်ပြီး နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ၊ လည်ပင်းကြီးနှင့် အပူလောင်နာ ဝေဒနာရှင်များကို ခွဲစိပ်ကုသပေးမည်ဖြစ်သည်။ ဒေါက်တာပက်ထရစ်တိုးနပ်နှင့်အဖွဲ့၏ မြန်မာနိုင်ငံ ကျန်းမာရေးစောင့်ရှောက်ရေး ကူညီသည့် ခရီးစဉ်မှာ အကြိမ်-၂၀ ပြည့်မြောက်ပြီဖြစ်သည်။

ပူတာအိုခရီးစဉ်အတွက် အသွားအပြန် လေကြောင်းလိုင်း လှူဒါန်းပေးပါသော ကမ္ဘောဇလေကြောင်းနှင့် တည်းခိုနေထိုင်ရေး စီစဉ်ဆောင်ရွက် လှူဒါန်းပေးပါသော ထူးလုပ်ငန်းစုတို့ကို ကျေးဇူးအထူးတင်ရှိပါသည်။

ကျေးဇူးတော်ရှင် သီတဂူဆရာတော်ကြီးနှင့်အတူ မြန်မာနိုင်ငံသို့ ကျန်းမာရေးစောင့်ရှောက်မှုကို အထူးဂရုပြု ဆောင်ရွက်ပေးခဲ့ကြသည့် ဆရာဝန်ကြီးများနှင့်တကွ ပါဝင်ဆောင်ရွက်သူများ အားလုံးကို ကျေးဇူးတင်ရှိပါကြောင်း သီတဂူ သာသနာပြုအဖွဲ့က ကျေးဇူးမှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။

#သီတဂူ #sitagu #ဘယ်လ်ဂျီယမ်
#ပူတာအို #ကချင်ပြည်နယ် #အထူးကု

သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)

Search

မာတိကာ

Home

FOUNDER

ACADEMICS

MINISTRY

MISSIONARY

MEDITATION

PUBLICATIONS

TALKS

NEWS & INFO

CONTACT

Guests Online

We have 10 guests and no members online

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း - ၀၇၂-၂၁၆၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊

ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)

မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈