Hospitals

ကယားတစ်ခွင် အလှဆင်မည် (သီတဂူ-ဘယ်ဂျီယံဆရာဝန်များ)

ကျေးဇူးတော်ရှင် သီတဂူဆရာတော်ကြီးဦးဆောင်လမ်းညွှန်မှုဖြင့် ၂၀၁၈ ခုနှစ် နိုဝင်ဘာလ-၂၅ ရက်နေ့မှ ၃၀ ရက်နေ့အထိ သီတဂူသာသနာပြုအဖွဲ့ အတွင်းရေးမှူးဦးမြင့်အောင် (လှဆန်းယဉ်) နှင့် ဒေါက်တာပက်ထရစ်တိုးနပ် (Dr. Patrick Tonnard) ဦးဆောင်၍ ဘယ်လဂျီယမ် ပလပ်စတစ်ဆာဂျရီ ဆရာဝန် See & Smile အဖွဲ့သည် ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ပြည်သူ့ဆေးရုံကြီးတွင် မီးလောင်နာ၊ လည်ပင်းကြီးနှင့် နှုတ်ခမ်းကွဲ-အာခေါင်ကွဲ ဝေဒနာရှင်များကို အထူးအစီစဉ်ဖြင့် ကုသပေးလျှက် ရှိပါသည်။

ဒေါက်တာပက်ထရစ်တိုးနပ် (Dr. Patrick Tonnard) သည် သီတဂူဆရာတော်ကြီး၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံသို့ တစ်နှစ်တစ်ကြိမ် နှစ်စဉ် လာရောက်ကုသပေးလျှက် ရှိသည်မှာ ယခုနှစ် အကြိမ် (၂၀) မြောက်ရှိပြီဖြစ်ပါသည်။

ယခုအကြိမ်တွင်လည်း ခက်ခဲသည့် မေးရိုးအတွင်းပြည်တည်နာ (ခွဲစိပ်ချိန်-၈:ဝ၀ နာရီ) ကြာသည့် ခွဲ့စိပ်ကုသခြင်းများကိုလည်း ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။

မိမိတို့၏ အားလပ်ရက်များတွင် မြန်မာနိုင်ငံသို့ လာရောက်ကာ ဝေဒနာရှင်များအား မေတ္တာစေတနာဖြင့် လာရောက်ကုသပေးဘယ်ဂျီယမ်ဆရာဝန်အဖွဲ့အား သီတဂူသာသနာပြုအဖွဲ့က ကျေးဇူးအထူးတင်ရှိပါကြောင်း မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။

သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

hospital-58 hospital-59 hospital-60 hospital-61 hospital-62 hospital-63 hospital-64

Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)

Search

မာတိကာ

Home

FOUNDER

ACADEMICS

MINISTRY

MISSIONARY

MEDITATION

PUBLICATIONS

TALKS

NEWS & INFO

CONTACT

Guests Online

We have 3 guests and no members online

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း - ၀၇၂-၂၁၆၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊

ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)

မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈