Hospitals

၃၃ ခုမြောက် သီတဂူစက္ခုဒါနဆေးရုံ-ဗန်းမော်မြို့

ကျေးဇူးတော်ရှင် သီတဂူဆရာတော်ကြီးသည် ၂၄-၂-၂၀၁၈ ရက်နေ့၊ နံနက်ခင်း ၇:၃၀ နာရီ အချိန် ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် တည်ဆောက်လျှက်ရှိသော သီတဂူစက္ခုဒါနဆေးရုံတော်ကို လှည့်လည်ကြည့်ရှု စစ်ဆေးကာ ဆက်လက်ဆောင်ရွက်ရမည့် ကိစ္စများကို လမ်းညွှန်မှာကြားပေးတော်မူခဲ့ပါသည်။


လာမည့် တန်ဆောင်မုန်းလတွင် လှစ်တော့မည့် ဗန်းမော်မြို့၊ သီတဂူစက္ခုဒါနဆေးရုံတော်သည် သြဝါဒစရိယဆရာတော်များကို ဦးထိပ်ပန်ဆင်ကာ အလှူရှင်များတို့က မြို့သူမြို့သားများနှင့် အနယ်အနယ်အရပ်ရပ်မှ မျက်စိဝေဒနာရှင်များ ချမ်းသာစွာဖြင့် ကုသနိုင်ရန်အတွက် ရည်စူးကာ ဆောက်လုပ်လှူဒါန်းခြင်းဖြစ်ပါသည်။

သီတဂူဆရာတော်ကြီးက မျက်စိ ဆေးရုံသုံး ပစ္စည်းများ၊ စက်ကိရိယာများ အားလုံးကို လှူဒါန်းပေးမည် ဖြစ်ပါသည်။

မြန်မာနိုင်ငံကျန်းမာရေးကဏ္ဍ၊ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်ချက်များကို တစ်ထောင့်တစ်နေရာမှ ဖြည့်ဆည်းပေးနိုင်ရန်အတွက် တည်ဆောက်ခဲ့သော ဗန်းမော်မြို့၊ သီတဂူစက္ခုဒါနဆေးရုံတော် အလှူရှင်များ၏ မွန်မြတ်သောအလှူတော်ကို သီတဂူသာသနာပြုအဖွဲ့က ဝမ်းမြောက်ဝမ်းသာဖြင့် သာဓုအနုမောဒနာ ခေါ်ဆိုပါကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။

 

“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

hospital-26 hospital-27 hospital-28 hospital-29

Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)

Search

မာတိကာ

Home

FOUNDER

ACADEMICS

MINISTRY

MISSIONARY

MEDITATION

PUBLICATIONS

TALKS

NEWS & INFO

CONTACT

Guests Online

We have 4 guests and no members online

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း - ၀၇၂-၂၁၆၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊

ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)

မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈