Hospitals

သီတဂူအာယုပါလ ကုသိုလ်ဖြစ်ဆေးခန်း (မြင်းခြံ)

မြင်းခြံမြို့ အာယုပါလ ကုသိုလ်ဖြစ်ဆေးခန်း ကို သီတဂူဆရာတော်ကြီးနှင့် တပည့်ဒကာ ဒကာမများက သိန်းပေါင်း ၃၅၀၀ (သုံးထောင် ငါးရာ) ကျော် အကုန်ကျခံ၍ ၁၃၇၄ ခု (၁-၉-၂၀၁၂) ဝါ ခေါင်လပြည့် မေတ္တာအခါတော်နေ့တွင် ဖွင့်လှစ် လှူဒါန်းခဲ့သည်။

(က) ဆေးရုံအဆောက်အဦး- ကျပ်သိန်းပေါင်း (၂၀၀၀) နှစ်ထောင်ကျော်
 (ခ) ဆေးပစ္စည်းများ ကျပ်သိန်းပေါင်း (၁၅၀၀) တစ်ထောင့်ငါးရာကျော်
 (ဂ) ဆေးရုံအဆောက်အဦး အလှူရှင်- ဦးစွန်တိတ်+ ဒေါ်လွမ် (အာရှတော်၀င်နှင့် တော်၀င်ဆေးခန်းပိုင်ရှင်) မိသားစု၊ ရန်ကုန်မြို့

ယခုဖွင့်လှစ်ပြီးသော သီတဂူ အာယုပါလကုသိုလ်ဖြစ်ဆေးခန်း (မြင်းခြံ)သည် သီတဂူသာသနာပြုအဖွဲ့၏ ၁၈ ခုမြောက် ဆေးရုံတော် အလှူဖြစ်သည်။ ထိုဆေးခန်း ဖွင့်အပြီးမှာပဲ နိုင်ငံခြား မျက်စိပါရဂူများနှင့် မြန်မာ မျက်စိပါရဂူများ၊ သီတဂူဆေးရုံဆရာ ဆရာမများက မျက်စေိ၀ဒနာရှင်ပေါင်း ၃၀၀ ကျော်ကို ခွဲစိပ်ကုသပေးခဲ့သည်။


မြင်းခြံထောင်အလှူ

တစ်ဆက်တည်း ထိုမေတ္တာ အခါတော်နေ့မှာပဲ မြင်းခြံမြို့ရှိ မြင်းခြံထောင်တွင် သီတဂူ ကရုဏာအလှူများ ပြုလုပ်သည်။ အကျဉ်းကျခံ ထောင်သားများနှင့် ၀န်ထမ်းများ အားလုံး ၁၀၀၀ (တစ်ထောင်) ကျော် တို့အား သိန်းပေါင်း ၅၀ အကုန်ကျခံကာ လှူဒါန်းရာ၀ယ် မန္တလေးသီတဂူ ကျောင်းအမကြီး ဒေါ်ညွှန့်ညွန့်အေးနှင့် သီတဂူဒေါက်တာမြတ်သူတို့က လှူဒါန်းကြသည်။
ဆရာတော်ကြီး၏လမ်းညွှန်မှု့နှင့် မျက်စိအထူးကု ဆရာ၀န်ကြီး ဒေါက်တာမြအောင် ဦးဆောင်သော မျက်စိအထူးကု ဆရာ၀န်များသည် ထောင်သားများအား မျက်စိ စစ်ဆေးပေးပြီး လိုအပ်သော ကုသမှု့တွေကို ပြုလုပ်ပေးခဲ့ပါသေးသည်။

myin-chan01 myin-chan02 myin-chan03

 

Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)

Search

မာတိကာ

Home

FOUNDER

ACADEMICS

MINISTRY

MISSIONARY

MEDITATION

PUBLICATIONS

TALKS

NEWS & INFO

CONTACT

Guests Online

We have 4 guests and no members online

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း - ၀၇၂-၂၁၆၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊

ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)

မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈