Hospitals

သီတဂူစက္ခုဒါနဆေးရုံ (ဟုမ္မလင်း)ဖွင့်လှစ်

သီတဂူသာသနာပြုအဖွဲ့၏ မြန်မာပြည်အနှံ့ တည်ဆောက်ပြီး ဆေးရုံများတွင် (၂၆)ရုံမြောက် ဆေးရုံဖြစ်သော သီတဂူစက္ခုဒါနဆေးရုံတော်ကို စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့တွင် ၂၀၁၄၊ ဇန်နဝါရီ (၇)ရက်နေ့၊ နံနက် (၉)နာရီက ဖွင့်လှစ်လှူဒါန်းသည်။

ထိုဆေးရုံဖွင့်ပွဲသို့ သီတဂူအဓိပတိဆရာတော်၊ ယဉ်ကျေးမှု၊ အားကစားနှင့် ပြည်သူ့ဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ သူရ ဦးအေးမြင့်နှင့်အဖွဲ့၊ သီတဂူအလှူရှင်များ၊ သီတဂူသာသနာပြုအဖွဲ့၀င်များ၊ သီတဂူဆရာ၀န် ဆရာမများ၊ အင်္ဂလန်၊ ဘယ်လ်ဂျီယံနိုင်ငံများမှ အထူးကုဆရာ၀န်များနှင့် ဒေသခံပြည်သူများ စုစုပေါင်း အင်အား (၅၀၀၀)ကျော် တက်ရောက်သည်။

ဆေးရုံတော်ကြီး၏ကုန်ကျစရိတ်မှာ ကျပ်သိန်းပေါင်း (၃၀၀၀) သုံးထောင်ရှိပြီး၊ ဆေးရုံးသုံးပစ္စည်းများမှာ ကျပ်သိန်းပေါင်း (၃၀၀၀) သုံးထောင်ရှိသည်။ သီတဂူဆရာတော်ကြီးနှင့် သီတဂူအလှူရှင်များက လှူဒါန်းကြသည်။

ဒေသခံပြည်သူများက ရိုးရာယဉ်ကျေးမှု အဆို အကတို့ဖြင့် ဧည့်ခံ ဖျော်ဖြေကြသည်။

၁-၁-၂၀၁၄မှ ၁-၇-၂၀၁၄ နေ့အထိ သီတဂူမျက်စိအထူးကုအဖွဲ့က သီတဂူစက္ခုဒါနဆေးရုံတွင် မျက်စိဝေဒနာရှင်ပေါင်း (၃၄၃)ယောက်ကို ခွဲစိပ်ကုသပေးပြီးဖြစ်သည်၊ ပြင်ပလူနာ (၁၀၀၀)ကျော်တို့ကိုလည်း စမ်းသပ်ကုသပေးသည်။

ထို့ပြင် ဟုမ္မလင်း ကုတင် (၁၀၀)ဆန့် ခရိုင်ပြည်သူ့ဆေးရုံတွင် သီတဂူ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ အထူးကုအဖွဲ့က လူနာပေါင်း ၁၃၄ ဦးကို ခွဲစိပ်ကုသပေးပြီးဖြစ်သည်။

“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

home-ma-lin-01 home-ma-lin-02 home-ma-lin-03 home-ma-lin-04 home-ma-lin-05 home-ma-lin-06 home-ma-lin-07 home-ma-lin-08

Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)

Search

မာတိကာ

Home

FOUNDER

ACADEMICS

MINISTRY

MISSIONARY

MEDITATION

PUBLICATIONS

TALKS

NEWS & INFO

CONTACT

Guests Online

We have 4 guests and no members online

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း - ၀၇၂-၂၁၆၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊

ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)

မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈