Water

History of Water donation

သီတဂူရေအလှူသမိုင်းနှင့်အောင်မြင်မှုများ

 

ရေအလှူတော်ဖြစ်ပေါ်လာခြင်း

စစ်ကိုင်းတောင်သည် ခြောက်သွေ့သော ကျောက်တောင်ဖြစ်၍ မိုးခေါင်သော အရပ်ဒေသ ဖြစ်သည့်အတွက် သောက်ရေ သုံးရေ ရှားပါးခြင်းဖြင့် အမြဲကြုံတွေ့ရသည်။ မိုးခေါင်သောနှစ်များတွင် တောင်ရိုးပျော် သူတော်စင်တို့မှာ သောက်ရေသုံးရေအတွက် ပင်ပန်း ဆင်းရဲကြရသည်။ သီတဂူရေအလှူတော် မစတင်ခင်က သောက်ရေအတွက် ရေစည်လှည်းငှား၍ သောက်ခဲ့ရသည်၊ ရေချိုးရန်အတွက် ညနေတိုင်း မြစ်ဆိပ်သွား၍ ရေချိုးကြရသည်။
ဤအကြောင်းတရားများကို ကောင်းစွာ သိတော်မူသော သီတဂူဆရာတော်သည် တောင်ရိုးပျော် သူတောင်စင်တို့၏ အကျိုးကို ငါတတ်နိုင်သလောက် ဆောင်ရွက်မည်ဆိုသည့် ရည်ရွယ်ချက်ဖြင့် ကိုယ်ပိုင်သီတဂူ ရေအလှူတော် စီမံကိန်းကြီးကို ဆောင်ရွက်မည်ဟု ဆုံးဖြတ်ခဲ့သည်။

 
ရေအလှူတော် စတင်

ရေအလှူတော်အတွက် ဓမ္မသတင်းကို (၁၃၄၂-ခုနှစ်) စစ်ကိုင်းမြို့၊ နန်းတော်ရာရပ်ကွက်အတွင် ကျင်းပသည့် တရားပွဲတစ်ပွဲ၌ စတင်ကြေညာ၍ ဆောင်ရွက်ခဲ့သည်။ ထိုသတင်းစကား ကြားကြကုန်သော အချို့အချို့သော ဆရာတော်များသည် “သီတဂူရေအလှူ မဖြစ်နိုင်ပါဘူးကွာ၊ လေအလှူပဲ ဖြစ်မှာပါဟု အမနာပ ပြောကြားခဲ့သည်”။ ဦးဆောင် သီတဂူဆရာတော်၏ စွမ်းရည်သတ္တိ၊ သီတဂူသာသနာပြုအဖွဲ့၏ ဇွဲ လုံ့လ၊ စေတနာရှင် အလှူရှင်များ ဖြစ်ကြသော တိုင်းသူ/ ပြည်သားတို့၏ စေတနာသဒ္ဓါတွေကြောင့် အကောင်အထည် ပေါ်ခဲ့သော သီတဂူရေအလှူတော် စီမံကိန်းကြီးသည် ယခုဆိုလျှင် နှစ်ပေါင်း (၃ဝ)ကျော် သက်တမ်း ရှိလာခဲ့ပါသည်။
၁၃၄၂-ခုနှစ်က စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော သီတဂူရေအလှူတော် စီမံကိန်းကြီးသည် သြဝါဒါစရိယ ဆရာတော်ကြီးများအဖွဲ့၊ သီတဂူဆရာတော်က ပဓာနဦးဆောင်ပြု၍ ဦးဆောင်ဆရာတော်များအဖွဲ့၊ အနုပါလကဆရာတော်များ အဖွဲ့၊ ရေပိုက်လိုင်းကြီးကြပ်ရေး သံဃာ့အဖွဲ့၊ နာယကကြီးများ၊ အထက်မြန်မာပြည် သီတဂူကပ္ပိယကာရကအဖွဲ့၊ အောက်မြန်မာပြည် သီတဂူကပ္ပိယကာရကအဖွဲ့၊ အထောက်အကူပြု စေတနာရှင်များအဖွဲ့ စသည်တို့ဖြင့် အသီးသီးဖွဲ့စည်းထားပြီး၊ ထိုအဖွဲ့ကြီးသည် သြဝါဒဆရာတော်ကြီးများ၏ အဆုံးအမ သြဝါဒကို ဦးထိပ်တင်၍ ပဓာနဦးဆောင် ဆရာတော်၏ ဦးဆောင်လမ်းညွှန်မှု စီမံကွပ်ကဲမှု၊ ချမှတ်ပေးထားသည့် စည်းမျဉ်းစည်းကမ်းများနှင့် တာဝန်တို့ကို အလေးအနက်ဆောင်ရွက်ခဲ့ကြသည့်အတွက် နှစ်ပေါး (၃ဝ)ကျော်လာသည့်တိုင်အောင် ရေအလှူတော်ကို ပေးလှူလျှက် ရှိနေပါသည်။

 

သီတဂူရေကန်တော်များနှင့် အလှူရှင်များ

သီတဂူရေအလှူတော် စီမံကိန်းကြီးသည် ရှင်ပင်နံကိုင်းတောင်ထိပ်ပေါ်ရှိ ရန်ကုန်တိုင်း၊ လသာမြို့နယ်သူ/ မြို့နယ်သား အများကောင်းမှုဖြင့် ရေဂါလံ (၆၉ဝဝဝ)ဆံ့ လသာရေကန်တော်။
သယမ္ဘူစေတီအနီးရှိ ရန်ကုန်တိုင်း ပန်းဘဲတန်းမြို့နယ်သူ/ မြို့နယ်သား အများကောင်းမှု ဂါလံ (၇ဝဝဝဝ)ဆံ့ ပန်းဘဲတန်း ရေကန်တော်၊
စစ်ကိုင်းတောင် ဥမင် (၉ဝ)ဘုရားအနီး ရန်ကုန်မြို့၊ ဝေနေယျသုခ ရေချမ်းစင်အသင်း ကောင်းမှု ဂါလံ (၁၂၈၂၅ဝ)ဆံ့ မဟာစေတီကန်တော်၊ ရှင်ပင်နံကိုင်း တောင်ထိပ် ရန်ကုန်တိုင်း၊ လသာမြို့နယ်သူ/ မြို့နယ်သား အများကောင်းမှု၊ ဂါလံ (၂၄ဝဝဝဝ)ဆံ့ လသာရေကန်တော်၊ အောင်မြေသာစည်ကျောင်းတိုက် အတွင်းရှိ မန္တလေးမြို့ (၂၇)လမ်း၊ ဦးငွေတင်+ဒေါ်ဆယ် မိသားစု ကောင်းမှု၊ ဂါလံ (၄၂ဝဝဝ)ဆံ့ ငွေဆယ်ရေကန်တော်။

သာရာမဉ္ဇူကျောင်းတိုက်အတွင်းရှိ ရေနံချောင်းမြို့၊ ဦးတင်ဦး+ဒေါ်စိန်ရတိမိသားစု ကောင်းမှု၊ ဂါလံ (၆ဝဝဝ)ဆံ့ စိန်ရတီရေကန်တော်။ သဒ္ဓမ္မသီတဂူကျောင်းအတွင်းရှိ ရန်ကုန်မြို့ ကျောင်းအမကြီး ဒေါ်မြမြ ကောင်းမှု၊ ဂါလံ (၃၅၂ဝဝ)ဆံ သီဟပပါတရေကန်တော်။ မင်းဝံတောင်ရိုး သန္တိကရစေတီ အနီးရှိ မန္တလေးမြို့ ဦးထီးညို+ဒေါ်ခင်အုံးရီ သဇင်ဘီစကစ်မိသားစု ကောင်းမှု၊ ဂါလံ (၅ဝဝဝဝ)ဆံ့၊ သန္တိကရ ရေကန် အမှတ် (၂)။

စစ်ကိုင်းတောင်ရိုး၊ ရတနင်္ကရစေတီအနီးရှိ မန္တလေးမြို့၊ ဝါးတန်းရပ်၊ ဦးခင်မောင်မြဲ+ဒေါ်ညွန့်ညွန့် နွားနီဂျုံစက် မိသားစု ကောင်းမှု၊ ဂါလံ (၅ဝဝဝဝ)ဆံ့ ရတနင်္ကရ ရေကန်တော်။
သီတဂူအာယုဒါန ဆေးရုံအတွင်းရှိ ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ ဦးမောင်မောင်မြင့်+ ဒေါ်အေးကြည် မိသားစု ကောင်းမှု၊ ဂါလံ (၁၅ဝဝဝ)ဆံ့ ရထကာရ ရေကန်တော်။ 

သီတဂူအာယုဒါဆေးရုံတော် အတွင်းရှိ ကျပ်သုံးသောင်းတန် ရေစစ်ကန်များကို

၁။ ရန်ကုန်မြို့၊ ပြည်လမ်း၊ ဒေါ်သန်းရင်။
၂။ လန်ကစ္စတာလမ်း၊ ဦးချိန်ဆိုင်+ဒေါ်စန်းကြူ မိသားစု။
၃။ ဗိုလ်အောင်ကျော်လမ်း၊ ဦးမောင်မောင်+ ဒေါ်ငွေအိမ် မိသားစု။
၄။ ပါရမီရိပ်သာလမ်း ပါရမီရှင်များ ကောင်းမှု။
၅။ မန္တလေးမြို့၊ ဒါးတန်းရပ်၊ ကျောင်းအမကြီး ဒေါ်ဒေါ်အုန်း မိသားစု။
၆။ မိုးကောင်းမြို့ အရှေ့ရပ်၊ ဦးစိန်+ ဒေါ်သိုက် မိသားစု။
၇။ စစ်ကိုင်းတောင် သာသနပါလချောင် ကျောင်းအမကြီး ဒေါ်ခင်မိမိ မိသားစု ကောင်းမှု။ ရေစစ်ကန် (၇)လုံး။
၈။ မန္တလေးမြို့၊ ကျောင်းအမကြီး ဒေါ်တုတ်တုတ် သား ကိုကံတင်+မဌေးဌေး မိသားစု ကောင်းမှု ကျပ်တစ်သိန်းတန် ရေစစ်ကန်ကြီး (၁)လုံး။
စစ်ကိုင်းတောင် ပတ္တမြားစေတီအနီးရှိ ဂါလံ (၆ဝဝဝဝ)ဆံ့ ရေကန်ကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီး ဦးစိုးသာ+ ဒေါ်ကြူကြူဝင်း မိသားစုတို့ အလှူတော်
စုစုပေါင်း ရေကန် (၁၃)လုံးတို့ဖြင့် ရေများ သိုလှောင်၍ စစ်ကိုင်းတောင်အနှံ့ ရေလှူဒါန်းနိုင်ခဲ့ပါသည်။
စင်္ကာပူနိုင်ငံမှ ဦးဝင်းသိန်း မိသားစုတို့က ရေတင်စက်ကြီး (၂)လုံး။
အမေရိကန်နိုင်ငံ လော့(စ်)အိန်ဂျလီမြို့နေ ဒေါက်တာ ဦးစံအေး+ဒေါ်အဲလစ် မိသားစုတို့ ရေတင်စက် (၂)လုံး။
အမေရိကန်နိုင်ငံ လော့(စ်)အိန်ဂျလီမြို့နေ ဒေါက်တာညွန့်လွင်နှင့် ဇနီး မိသားစုတို့က ရေတင်စက် (၂)လုံး။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့နေ ဦးထွန်းသိန်း+ဒေါ်မေမေပု မိသားစုတို့က ရေတင်စက် (၁)လုံး။
ရန်ကုန်မြို့နေ ဦးကျော်ငြိမ်း+ဒေါ်နွဲ့နွဲ့ရီ မိသားစုတို့က ရေတင်စက် (၂)လုံး။
စင်္ကာပူနိုင်ငံနေ ဦးအောင်သန်း+ဒေါ်ခင်မြမြ မိသားစုတို့က ရေတင်စက် (၁)လုံး။
စင်္ကာပူနိုင်ငံနေ ဦးတင်မောင်ဝင်း+ဒေါ်မို့မို့ရီ မိသားစုတို့က ရေတင်စက် (၁)လုံး။
စင်္ကာပူနိုင်ငံ၊ အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့၊ အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ တပည့် ဒကာ ဒကာမ အများကောင်းမှု ရေတင်စက် (၁)လုံး။
သြစတေးလျနိုင်ငံ ဆစ်ဒနီမြို့နေ ဦးသန်းလွင်+ဒေါ်ရီရီမြင့် မိသားစု ကောင်းမှု ရေတင်စက် (၁)လုံး။
ရွှေဟင်္သာ ဆရာတော်ကြီးကို အမှူးထား၍ မန္တလေးမြို့ ဦးသာဌေး+ဒေါ်သန်းသန်း သမီး ဒေါ်မြင့်မြင့် မိသားစု ကောင်းမှု ရေတင်စက် (၁)လုံးတို့ကို သီတဂူ ရေအလှူတော် စီမံကိန်းတွင် ဦးစွာပထမ လှူဒါန်းကြသည့် ရေစက်အလှူရှင်များ ဖြစ်ကြသည်။ 

 

တိုးချဲ့ကန်တော်များနှင့် သီတဂူရေစက်ကြီးများ

 ယနေ့အချိန်တွင် ဧရာဝတီမြစ်အတွင်းမှ ရေများကို တောင်ပေါ်ရှိ ရေကန်အသီးသီးသို့ ရေတင်ပို့သော စက်ရုံများမှာ ထုံးဘိုရပ်ကွက်ရှိ အမှတ် (၁) ရေတင်စက်ရုံ၊ သဒ္ဓမ္မသီတဂူကျောင်းအတွင်းရှိ အမှတ် (၂)ရေတင် စက်ရုံ။ ဝါးချက်ကျေးရွာရှိ အမှတ် (၃)ရေတင် စက်ရုံ။ စက်ရုံ (၃)ရုံတို့ဖြင့် အချိန်ပြည့် ရေတင်၍ လိုအပ်သည့်ကျောင်း (ချောင်)များသို့ အရောက် ပို့လွှတ် လှူဒါန်းလျှက် ရှိပါသည်။
အမှတ် (၁)စက်ရုံတွင် မြင်းကောင်ရေ (၄ဝ)အားရှိ ရေတင်စက်ကြီး (၄)လုံး။
မြင်းကောင်ရေ (၃ဝ)အားရှိ ရေတင်စက် (၅)လုံး။
မြင်းကောင်ရေ (၁၅)ကောင် အားရှိ ရေတင်စက်ကြီး (၂)လုံးတို့ဖြင့်လည်းကောင်း၊
အမှတ် (၂)စက်ရုံတွင် မြင်းကောင်ရေ (၄ဝ)အားရှိ စက် (၂)လုံး၊
မြင်းကောင်ရေ (၃ဝ)အားရှိ စက် (၁)လုံးတို့ဖြင့် တောင်ပေါ်ရှိ ရေကန်တို့သို့ နေ့စဉ်တင်ပို့ ပေးနေပါသည်။
ရေကန်နှင့် ဝေးကွာသည့် ကျောင်း (ချောင်)များသို့ ရေပို့လွှတ်ရာတွင် အလှမ်းဝေးသည့်အတွက် ရေဖိအားနည်းသဖြင့် ရေအားသန်ခြင်း၊ လမ်းခရီးရှိ ရေပိုက်ခေါင်း ဂိတ်ဘားစသည်တို့မှ ရေယိုခြင်းကြောင့် (၁ဝ)ပေးပတ်လည်ခန့်ရှိ ရေကန်တစ်ကန် ရေပြည့်ဖို့ အနည်းဆုံး (၄)ရက်လောက် ပို့လွှတ်မှ ရေအပြည့်ရနိုင်ပါသည်။ ယခုအခါ စက်ရုံက တိုက်ရိုက်စက်ဖြင့် မောင်း၍ လိုအပ်သည့်ကျောင်း (ချောင်း)များသို့ အရောက်တင်ပို့သည့် စနစ်ဖြင့် တင်ပို့ပေးဝေလျှက် ရှိပါသည်။
တောင်ရိုးပျော် သူတော်စင်တို့အတွက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့နေ မစ္စတာပရာဖန် မိသားစုက စစ်ကိုင်းတောင် တစ်ခွင်လုံးအတွက် သောက်ရေသန့် စက်ကြီး ပေးလှူထားပြီး ဖြစ်ပါသည်။ သီတဂူရေအလှူမှ သီတဂူရေသန့် အလှူဖြစ်လာတော့မည် ဖြစ်ပါကြောင်း သတင်းကောင်း ပါးအပ်ပါသည်။ 

 

ဆထက်တိုး၍ အောင်မြင်လျက်

ချောင်ပေါင်း (၉ဝဝ)ကျော်က စ၍ လှူဒါန်းလာခဲ့သော သီတဂူရေအလှူတော်သည် အသစ်အသစ်သော ကျောင်း (ချောင်)များဖြစ် အမြဲတိုးပွားလာရာ ယနေ့အချိန် စစ်ကိုင်းတောင်ရိုးမှာ ချောင်ပေါင်း (၁ဝဝဝ)ကျော် ရှိနေပါသည်။ ထိုအသစ်အသစ်သော ကျောင်း (ချောင်)များအတွက်လည်း သီတဂူရေအလှူတော်က အမြဲလှူဒါန်းလျှက်ပင် ရှိပါသည်။
သီတဂူရေအလှူတော်တွင် ဝန်ထမ်းပေါင်း (၈)ယောက်တို့ဖြင့် နားရက်မရှိ၊ အချိန်ပြည့်တာဝန် ထမ်းဆောင်နေပါသည်။ ယခင်အခါက အစိုးရလျှပ်စစ် မီးအခက်အခဲကြောင့် ကိုယ်ပိုင် မီးစက်ကြီး ဝယ်ယူ၍ ရေအတွက် ပင်ပန်းကြကုန်သော တောင်ရိုးပျော် သူတော်စင်တို့အား သက်သာရာ ရစေခဲ့ပါသည်။

  

သီတဂူရေအလှူ၏ ကုန်ကျမှု

သီတဂူရေအလှူတော် စီမံကိန်းကြီး၏ ကုန်ကျစရိတ်မှာ လျှပ်စစ်မီတာခ တစ်လပျမ်းမျှ ကျပ်သိန်း (၃ဝ) နှင့် (၄ဝ)အကြား လစဉ် ကုန်ကျပါသည်။ အခြား စက်ပြင်ဆင် စရိတ် ဝန်ထမ်းစရိတ် စသည်များဖြင့် တစ်လ ကျပ်သိန်း (၆ဝ)ကျော် ကုန်ကျပါသည်။ သီတဂူရေအလှူသည် ပြည်သူတို့၏ မေတ္တာ သဒ္ဓါ စေတနာများနဲ့ ပေါင်းစီးပြီး ပဓာနဦးဆောင်ဆရာတော်၏ လမ်းညွှန်မှု၊ သီတဂူဝန်ဆောင်အဖွဲ့ဝင်တို့ လုပ်ငန်းကြီးကြပ်ကွက်ကဲမှု၊ သီတဂူသာသနာပြု အဖွဲ့ဝင်များ စည်းမျဉ်းစည်းကမ်းများနှင့် အညီ ဆက်လက်ပြီး သီတဂူရေအလှူတော်စီမံကိန်းကို ကောင်းသထက် ကောင်းမွန်အောင် ထမ်းဆောင်လျှက် ရှိပါသည်။

“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)

Search

မာတိကာ

Home

FOUNDER

ACADEMICS

MINISTRY

MISSIONARY

MEDITATION

PUBLICATIONS

TALKS

NEWS & INFO

CONTACT

Guests Online

We have 9 guests and no members online

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း - ၀၇၂-၂၁၆၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊

ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)

မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈