Home

National Conference on Faith for Children

National Conference on Faith for Children“ယုံကြည်ဆောင်ရွက် ကလေးများအတွက်” နိုင်ငံတော်အဆင့် စုံညီ ဆွေးနွေးပွဲကို ၂-၄-၂၀၁၄ နေ့က ရန်ကုန်မြို့ ချက်ထရီယမ်ဟိုတယ် (Chatrium Hotel Royal Lake Yangon) တွင် ကျင်းပသည်။ ထိုပွဲသို့ သီတဂူဆရာတော်ကြီး တက်ရောက် မိန့်ခွန်းပြောသည်။

Read more: National Conference on Faith for Children

လိုကွက်များကို ဖြည့်စွက်ခြင်း

အရှင်ရဋ္ဌပါလက ကောရဗျမင်းကြီးအား မိန့်ကြားသောစကားတစ်ခွန်း ရှိပါသည်။ ““သဗ္ဗောလောကောဦနော”” ဟူ၍ဖြစ်ပါသည်။ အဓိပ္ပါယ်မှာ ““တစ်လောကလုံးမှာ ယုတ်လျှော့ နေသည်”” သို့မဟုတ် ““တစ်လောကလုံး လိုနေသည်”” သို့မဟုတ် ““တစ်လောကလုံးမှာ လိုကွက် ဟာကွက်တွေခြည်းပဲ””ဟု အဓိပ်္ပါယ်ရပါသည်။ လမ်းပမ်းဆက်သွယ်ရေး ဟာကွက်၊ တယ်လီအော်တိုဆက်သွယ်ရေး ဟာကွက်၊ လေကြောင်း, ရေကြောင်းဆက်သွယ်ရေး ဟာကွက်၊ လျှပ်စစ်ဓာတ်အားလိုကွက်၊ ကျန်းမာရေးလိုအပ်ချက်၊ ပညာရေးလိုအပ်ချက်၊ ဘာသာရေး, သာသနာရေးလိုအပ်ချက်၊ လုံခြုံရေးလိုအပ်ချက်၊ ညီညွတ်ရေး တည်ငြိမ်ရေးလိုအပ်ချက် စသည့်စသည့် ဟာကွက် လိုကွက်တို့မှာ တိုင်းပြည်တိုင်း၊ လူမျိုးတိုင်း၊ နေရာတိုင်းမှာ ရှိနေကြပါသည်။ လောဘလွန်ကဲသူတို့၏လိုအပ်ချက်မှာ ဖြည့်စွက်ရန်မဟုတ်ဘဲ ထိုလွန်ကဲသော လောဘတို့ကို ထိန်းပေးရန်သာ ဖြစ်ပါသည်။ လောဘသံတို့ဖြင့် ဘ၀ဂ်ညံအောင် တောင်းဆိုခြင်း မပြုကြဘဲ ရောင့်ရဲတင်းတိမ် ဆိတ်ငြိ်မ်စွာဖြင့် ကြေနပ်နှစ်သက်စွာ နေကြကုန်သော သူတို့၏ တောင်ပေါ်ဒေသများနှင့်, နိုင်ငံ့ ခေါင်းဆောင်တို့ အရောက်အပေါက်နည်းသည့် အစွန်အဖျားနှင့် တောတောင်လျှိုမြောင်တို့အကြားက တိုင်းရင်းသား လူမျိုးစုများ၏ လိုအပ်ချက်နှင့် ဟာကွက်တို့မှာ လောဘ, ဒေါသတို့၏ ကြွေးကြော်သံတို့မှကင်းသော အမှန်လိုအပ်သည့် လိုအပ်ချက် ဟာကွက်တို့ ဖြစ်ပေသည်။

Read more: လိုကွက်များကို ဖြည့်စွက်ခြင်း

သီတဂူကျန်းမာရေးစောင့်ရှောက်အဖွဲ့ ရှမ်းပြည်တောင်ပိုင်း ရောက်ရှိ

သီတဂူဆရာတော်ဦးဆောင်သော သီတဂူသာသနာပြု မျက်စိအထူးကုအဖွဲ့သည် စစ်ကိုင်းမြို့မှ ၁၇-၃-၂၀၁၄ ရက် နံနက် ၆နာရီ ၃၀ မိနစ်တွင် ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်မြို့သို့ စတင်ထွက်ခွာခဲ့သည်။

 ညနေ ၄-၃၀ မိနစ်တွင် ပင်လုံမြို့သို့ရောက်ရှိသည်၊ ပြည်မ-တောင်တန်း ပူးပေါင်းရေးစာချုပ်အတွက် အမှတ်တရ ပင်လုံကျောက်တိုင်ကိုလည်း ရောက်ရှိခဲ့သည်။ ထိုနေ့ ညပိုင်းတွင် မဟာရဋ္ဌာဘိသာမဂ္ဂီစေတီတော်မြတ်ကြီးတွင် တရားတော်များ ဟောကြားတော်မူခဲ့သည်။

Read more: သီတဂူကျန်းမာရေးစောင့်ရှောက်အဖွဲ့ ရှမ်းပြည်တောင်ပိုင်း ရောက်ရှိ

သီတဂူ ကျန်းမာရေးနှင့် ပညာရေးအလှူတော်

ပညာရေးအလှူတော်

၂၃-၃-၂၀၁၄ နေ့က ရှမ်းပြည်တောင်ပိုင်း၊ ခိုလန်မြို့၊ အမှတ် (၂၃) အခြေခံပညာ မူလတန်းကျောင်းဆောင်သစ်ကို ကျပ်သိန်းပေါင်း ၂၅၀ အကုန်ကျခံ၍ ဆောက်လုပ် လှူဒါန်းခြင်း အခမ်းအနားကို ပြုလုပ်ခဲ့သည်။

Read more: သီတဂူ ကျန်းမာရေးနှင့် ပညာရေးအလှူတော်

ဘာသာရေးသည် ငြိမ်းချမ်းရေးအတွက် ဆွေးနွေး

၁၉-၁-၂၀၁၄ ရက်နေ့က “အပြန်အလှန် ယုံကြည်မှုနှင့် မျက်နှာချင်းဆိုင် စကားပြောခြင်း၊ ဘာသာရေးသည် လူမှုကွန်ယက်ရဲ့ ညီညွတ်မှုဖြစ်ခြင်း” ဟူသော ခေါင်းစဉ်ဖြင့် Park Royal Hotel, Yangon တွင် ဘာသာကြီး ၄ဘာသာမှ ဘာသာရေး ခေါင်းဆောင်များ စာတမ်းဖတ်ခြင်း၊ ဆွေးနွေခြင်းများ ပြုလုပ်သည်။

Read more: ဘာသာရေးသည် ငြိမ်းချမ်းရေးအတွက် ဆွေးနွေး

သီတဂူကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့ ယနေ့ ဟုမ္မလင်း

သီတဂူ-ဘယ်လ်ဂျီယံအဖွဲ့မှ ဟုမ္မလင်း ကုတင် (၁၀၀) ဆေးရုံကြီးတွင် နှုတ်ခမ်းကွဲ အာခေါင်ကွဲ လူနာ (၅၃)နှင့် မီလောင်လူနာ (၃) ဦး။ သီတဂူ-UKသွားအထူးကု အဖွဲ့က လူနာပေါင်း (၂၀၃)ဦး၊ သီတဂူမျက်စိအထူးကုအဖွဲ့က သီတဂူစက္ခုဒါနဆေးရုံတွင် လူနာပေါင်း (၄၁၈)ဦးကို ယနေ့အထိ ကုသပေးပြီးဖြစ်သည်။

Read more: သီတဂူကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့ ယနေ့ ဟုမ္မလင်း

Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)

Search

Guests Online

We have 5 guests and no members online

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း - ၀၇၂-၂၁၆၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊

ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)

မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈