Home

သီတဂူ သီပေါမျက်စိအထူးကုအစီအစဉ်

သီတဂူဆရာတော်ကြီး၏ လမ်းညွှန်ချက်ဖြင့် သီပေါဆရာတော် ဦးပညာသိရီ ဦးဆောင်သော မျက်စိအထူးကုအစီအစဉ်ကို (၂၅-၉ -၂၀၁၄)မှ (၂၈-၉-ဝ၁၄)ရက်အထိ ဆောင်ရွက်နေပါသည်။

Read more: သီတဂူ သီပေါမျက်စိအထူးကုအစီအစဉ်

သီတဂူ မျက်စိအထူးကုအဖွဲ့ ( မြင်းခြံမြို့)

သီတဂူဆရာတော်ဦးဆောင်သော သီတဂူမျက်စိအထူးကုအဖွဲ့သည် မြင်းခြံမြို့၊ ဆန္ဒတော်ပြည့် မျက်စိအထူးကုဆေးရုံတွင် (၁၄.၉-၂၀၁၄) မှ (၂၅-၉-၂၀၁၄)ရက်နေ့အထိ မျက်စိဝေဒနာရှင် (၄၅၀ဝ)ယောက်တို့ကို စမ်းသပ်စစ်ဆေးပြီးသည်။ စမ်းသပ်ပြီး မျက်စိဝေဒနာရှင် (၄၅၀)ယောက်ကို ခွဲစိပ်ကုသနိုင်ခဲ့ပြီးဖြစ်သည်။

Read more: သီတဂူ မျက်စိအထူးကုအဖွဲ့ ( မြင်းခြံမြို့)

သီတဂူ စီမီနာ (ရန်ကုန်)

ဒီနေ့ (၃၀-၈-၂၀၁၄) သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) က အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် ထိုင်းနိုင်ငံ မဟာချူလာလောင်ကွန်ဗုဒ္ဓတက္ကသိုလ် (Ph.D, M.A Tour) (၅၉)ယောက်ပါ ပါရဂူကျောင်းသားများ၊ မဟာတန်းကျောင်းသားများ လေ့လာရေးအဖွဲ့နှင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)တို့၏ စီမီနာပွဲကြီးကို ခန်းနားထည်ဝါစွာ အောင်မြင်စွာ စည်းကားသိုက်မြိုက်စွာ ကျင်းပသည်။

Read more: သီတဂူ စီမီနာ (ရန်ကုန်)

သီတဂူဟုမ္မလင်းဆေးရုံ - လည်ပင်းကြီးအထူးကုသမှု အစီစဉ်

သီတဂူဆရာတော်ဘုရားကြီး၏ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု အစီစဉ်များအရ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဟုမ္မလင်းမြို့ သီတဂူဆေးရုံတော်တွင် လည်ပင်းကြီးရောဂါ အထူးကုသရေး အစီစဉ် စတင်တော့မည် ဖြစ်ပါသည်။

Read more: သီတဂူဟုမ္မလင်းဆေးရုံ - လည်ပင်းကြီးအထူးကုသမှု အစီစဉ်

သီတဂူဟုမ္မလင်း မျက်စိအထူးကုအဖွဲ့

၁၂၊၁၃၊၁၄-၈-၂၀၁၄ နေ့များတွင် သီတဂူမျက်စိအထူးကု အဖွဲ့သည် စစ်ကိုင်းတိုင်းဒေကြီး၊ ဟုမ္မလင်းမြို့၊ သီတဂူစက္ခုဒါနဆေးရုံ၌ လူနာ (၉၁၃) ယောက်ကို စမ်းသပ်ပြီးစီးသည့်အခါ  မျက်စိဝေဒနာရှင် (၇၂) ယောက်ကိုတော့ ခွဲစိပ်ကုသရန် အဆင်သင့်ဖြစ်။


နောက်ထက်ရောက်လာကြမည့် မျက်စိဝေဒနာရှင်များကိုလည်း ယခုလ (၁၆) ရက်နေ့အထိ စမ်းသပ် ကုသပေးသွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Read more: သီတဂူဟုမ္မလင်း မျက်စိအထူးကုအဖွဲ့

သီတဂူဆရာတော်ကြီး ပျဉ်းမနားမျက်စိဆေးရုံ ဖွင့်ပွဲတက်ရောက်

သီတဂူဆရာတော်ကြီးသည် ၅-၈-၂၀၁၄ (အင်္ဂါနေ့)တွင် ပျဉ်းမနားမြို့ ဇီဝိတဒါနသံဃာ့ဆေးရုံဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

၄-၈-၂၀၁၄ နေ့မှစ၍ မျက်စိဝေဒနာရှင်များအား စမ်းသပ်၊ စစ်ဆေး၊ ခွဲစိတ်ခြင်းများကို သီတဂူသာသနာပြုအဖွဲ့ ဒုဥက္ကဋ္ဌဖြစ်သော မျက်စိအထူးကုဆရာဝန်ကြီး ပရော်ဖက်ဆာဒေါက်တာ မြအောင်ဦးဆောင်ကာ မျက်စိအထူးကု ဆရာဝန်ကြီး ဒေါက်တာလှမောင်ဒင်၊ မျက်စိအထူးကု ဆရာဝန်ကြီး ဒေါက်တာစဂျေလွင်၊ မျက်စိအထူးကုဆရာဝန်ကြီး ဒေါက်တာဒေါ်ခက်ခက်မျိုး၊ မျက်စိအထူးကု ဆရာဝန်ကြီး ဒေါက်တာ ညွန့်အောင်၊ မျက်စိအထူးကုဆရာဝန်ကြီး ဒေါက်တာ ဦးတင်မောင်သန့်၊ မျက်စိအထူးကုဆရာဝန်ကြီး ဒေါက်တာသိန်းသန်းထိုက်တို့မှ အလင်းလုပ်အားဒါနပြု ဆောင်ရွက်နေကြပါသည်။

Read more: သီတဂူဆရာတော်ကြီး ပျဉ်းမနားမျက်စိဆေးရုံ ဖွင့်ပွဲတက်ရောက်

Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)

Search

Guests Online

We have 6 guests and no members online

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း - ၀၇၂-၂၁၆၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊

ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)

မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈