Home

သီတဂူဆရာတော်နှင့် ကရုဏာ (Mercy Ship) ဆေးရုံသင်္ဘောကြီးအဖွဲ့တို့ တွေ့ဆုံခြင်း

အချိန် =   ၂၀၁၄-ဂျူလိုင်လ၂၈-ရက် နံနက် ၉:၀၀ - ၁၀:၃၀ နာရီ

 နေရာ =   အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ် Lindale မြို့

             ဧက-၄၀၀ ရှိ ခြံဝင်းကြီးအတွင်း (Mercy Ship )                              

             ဆေးရုံသင်္ဘောကြီး အဖွဲ့ရုံးချုပ်

 

သီတဂူဆရာတော်သည် သူ၏ ကိုယ်ရေးအတွင်းရေးမှုး စတီဗင်ဆင် (ဘုန်းကြီးကျောင်းသားလေး) နှင့်အတူ Mercy Ship ၏အဖွဲ့ချုပ်တည်ရာ Lindale ရုံးချုပ်သို့ရောက်ရှိသွားရာ Mercy Ship အပြည်ပြည်ဆိုင်ရာ အလုပ် အမှုဆောင်အဖွဲ့ကြီး၏ ဒုတိယဥက္ကဋ္ဌ Mr. Jim Paterson နှင့်ရုံးအဖွဲ့က ဆီးကြို နှုတ်ဆက်၍ လက်ခံကာ တွေ့ဆုံပါသည်။

သီတဂူအဖွဲ့၊ မြန်မာအစိုးရကျန်းမာရေးဝန်ကြီးဋ္ဌာနနှင့် Mercy Ship အဖွဲ့ ပူးတွဲ၍ မြန်မာပြည်တွင် အထွေထွေကျန်းမာရေးစောင့်ရှောက်မှု၊ ဆေးဝါးကုသမှု၊ အထွေထွေခွဲစိတ်၊ မျက်စိခွဲစိတ်၊ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ခွဲစိတ်မှု စသော အထူးကျန်းမာရေးစောင့်ရှောက်မှု ကုသမှုအစီအစဉ်တရပ် ပြုလုပ်ရန် သဘောတူ ကြသည်။

Read more: သီတဂူဆရာတော်နှင့် ကရုဏာ (Mercy Ship) ဆေးရုံသင်္ဘောကြီးအဖွဲ့တို့ တွေ့ဆုံခြင်း

သီတဂူ ဆေးရုံပစ္စည်း အလှူတော်

၂၇-၇-၂၀၁၄ နေ့က သီတဂူဆရာတော်ကြီးသည် နေပြည်တော်၊ ပျဉ်းမနားမြို့ရှိ သံဃာ့ဘေသဇ္ဇဌာန ဝိဟာရ (ဆေးရုံကြီး) သို့ ဆေးရုံးသုံးပစ္စည်း (မျက်စိခွဲစိပ်ပစ္စည်း)များကို ပေးအပ်လှူဒါန်းခဲ့သည်။

အမေရိကရောက်နေသော ဆရာတော်ကြီး၏ ကိုယ်စား သီတဂူသာသနာပြုအဖွဲ့ ကပ္ပိယ အတွင်းရေးမှူး သီတဂူဦးဟန်၊ သီတဂူ ဦးမြအောင် (မျက်စိအထူးကုဆရာဝန်ကြီး)၊ ဒေါက်တာခင်မောင်ဇော် (သီတဂူအာယုဒါနဆေးရုံအုပ်)နှင့် သီတဂူသာသနာပြုအဖွဲ့တို့က သွားရောက် လှူဒါန်းကြသည်။ ဆေးရုံသုံးပစ္စည်း၏ တန်ဖိုး- အမေရိကန်ဒေါ်လာ (၈၀၁၂၄) ရှစ်သောင်းကျော် ရှိသည်၊ မြန်မာကျပ်ငွေ သိန်း ရှစ်ရာနီးပါးဖြစ်သည်။

 

Read more: သီတဂူ ဆေးရုံပစ္စည်း အလှူတော်

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) ဝါဆိုဦးအလှူတော်

ဒီကနေ ၁၃၇၆ ခုနှစ် ဝါဆိုလပြည့်နေ့၊ (၁၁-၇-၂၀၁၄) သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) ၂၀၁၄-၅ ပညာသင်နှစ်တွင် ပညာသင်ကြားနေကြသော သင်ကြားစီမံ ပါမောက္ခ၊ ကထိက ဆရာများ၊ စာသင်သား (၂၉၃)နှင့် ပင့်သံဃာတော်များအား ဝါဆိုသင်္ကန်းကပ်ခြင်းကို စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။

Read more: သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) ဝါဆိုဦးအလှူတော်

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ၀င်ခွင့်စာမေးပွဲကျင်းပ

၂၀၁၄-၂၀၁၅ ပညာသင်နှစ် ဘီအေတန်းနှင့် ဒီပလိုမာတန်းများအတွက် ၀င်ခွင့်စာမေးပွဲများကို ၅-၆/၀၆/၂၀၁၄ နေ့များတွင် ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းမြို့ကြီးများရှိ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၌ တစ်ပြိုင်တည်း တစ်ချိန်တည်း ကျင်းပသည်။

Read more: သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ၀င်ခွင့်စာမေးပွဲကျင်းပ

သြစတေးလျရောက် သီတဂူအဖွဲ့

သြစတေးလျ နိုင်ငံမြောက်ပိုင်းမြို့ Brisbane မြို့ နိုင်ငံတကာ လေဆိပ် ၂၈-၅-၂၀၁၄ နံနက် ဒေသစံချိန် ၁၁ ခွဲရောက်။ ထိုမြို့ကနေ ၃ နာရီလောက် ကားစီးရသော Lismore မြို့ရှိ Bodhi Tree Monastery သြစတေးလျ ဘုန်းတော်ကြီးကျောင်း ရောက်ရှိ။ သီတဂူဆရာတော်ကြီးနှင့် တပည့် ၈ပါးတို့သည် ထိုကျောင်းတွင် ညနေပိုင်း သိမ်သမုတ်မည့်နေရာ ပြင်ဆင်၊ နောက်နေ့မနက် (၂၉-၅-၂၀၁၄) နေ့ ဆရာတော်ကြီး ဦးဆောင်၍ သိမ်နှုတ်၊ တစ်ဆက်တည်း သိမ်သမုတ်ကြသည်။

Read more: သြစတေးလျရောက် သီတဂူအဖွဲ့

သီတဂူဆရာတော်၏ လျှောက်ထားချက် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီး

၁၃၇၆-ခု၊ (သာသနာတော်နှစ်-၂၅၅၈နှစ်) ကဆုန်လဆန်း (၁၅)ရက်


ယနေ့ ဂိုဏ်းပေါင်းစုံသံဃာ့အစည်းအဝေးကြီးသို့ ကြွရောက်တော်မူလာကြကုန်သော သြဝါဒါစရိယ ဆရာတော်ကြီးများ၊ သံဃာ့မဟာနာယက ဆရာတော်ကြီးများ၊ ဗဟိုသံဃာ့ ဝန်ဆောင် ဆရာတော်ကြီးများနှင့် သမ္မုတိရ၊ အထူးပင့်သံဃာတော် အရှင်မြတ်တို့ဘုရား---။ ဘုရားတပည့်တော် ဉာဏိသရ ဂါရဝမေတ္တာဖြင့် ရှေးဦးစွာ ဦးညွတ်အရိုအသေ ပြုအပ်ပါသည် ဘုရား။

Read more: သီတဂူဆရာတော်၏ လျှောက်ထားချက် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီး

Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)

Search

Guests Online

We have 5 guests and no members online

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း - ၀၇၂-၂၁၆၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊

ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)

မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈