Yangon

M.A တန်း Viva Voce မှာ သီတဂူဆရာတော်ကြီး ကိုယ်တိုင် တက်ရောက်အားပေး

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) ၂၀၂၂/၂၀၂၃ ပညာသင်နှစ် M.A တန်းဘွဲ့အတွက် ကျမ်းစာ စစ်ဆေးခြင်းများကို ၉ ထပ်ဆောင် ၄ လွှာ အထူးစာသင်ခန်းမှာ ၁၃-၁-၂၀၂၄ နေ့ နေ့လည် ၁:၃၀မှ ညနေ ၅:၀၀ အထိ ပြုလုပ်သည်။

M.A ကျောင်းသားတို့၏ ကျမ်းစာများနှင့် ဆက်စပ်၍ မေးခွန်းများမေးခြင်း ဆွေးနွေးခြင်း အကြံပြုခြင်း ပြုလုပ်ကြသည်။ သင်ကြားစီမံ ဆရာများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

ကျမ်းစာ ၈ စောင်အပြီး သီတဂူဆရာတော်ကြီးက အကြံပြု သြဝါဒစကား ပြောသည်။ စာများများ ဖတ်ကြဖို့၊ စာဖတ်ပြီး မှတ်သားကြဖို့၊ အပြန်အလှန် ဆွေးနွေးကြဖို့ တိုက်တွန်းသည်။ သူ၏ ကျောင်းသားဘဝအကြောင်းများကို အတုယူလေ့လာနိုင်ရန် ထည့်သွင်း မိန့်ကြားသည်။

မင်းတို့ စာတမ်းတွေကို ကြားနာခွင့်ရ၍ ကျေးဇူးတင်ကြောင်းလည်း မိန့်ရှိသည်။

ကျန်ရှိနေသေးသော ကျမ်းစာ ၇ စောင်အတွက် ၁၄-၁-၂၀၂၄ နေ့၊ နေ့လည်ပိုင်းမှာ ဆက်လက်ပြုလုပ်မည်။

ယခုအကြိမ် M.A ကျမ်းစာ Viva Voce သည် ပထမဆုံးအကြိမ်ဖြစ်သည်၊ ရှေးနှစ်များက M.A ကျောင်းသားများအတွက် စစ်ကိုင်း သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ပြုလုပ်ပေးခဲ့သည်။

ရွှင်လန်းချမ်းမြေ့ပါစေ။
သီတဂူစတား

Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)

Search

မာတိကာ

Home

FOUNDER

ACADEMICS

MINISTRY

MISSIONARY

MEDITATION

PUBLICATIONS

TALKS

NEWS & INFO

CONTACT

Guests Online

We have 3 guests and no members online

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း - ၀၇၂-၂၁၆၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊

ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)

မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈