Sagaing

သီတဂူ မဟာဘွဲ့နှင်းသဘင် အောင်မြင်စွာ ကျင်းပ

သီတဂူ ၂၀၁၇ မတ်လ ၁၅

တတိယအကြိမ်မြောက် သီတဂူ မဟာဘွဲ့နှင်းသဘင် အခမ်းအနားကို သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း) ဘွဲ့နှင်းသဘင် ခန်းမဆောင်ကြီးမှာ (၁၅-၃-၂၀၁၇) အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါတယ်။

ထိုပွဲသို့ သီတဂူအဓိပတိဆရာတော်၊ ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ နန္ဒမာလာဘိဝံသ၊ မော်ကွန်းထိန်းဆရာတော် ဒေါက်တာ ပဏ္ဍိတဝရာဘိဝံသ၊ အဘိဓဇမဟာရဋ္ဌဂုရု ဆရာတော်ကြီးများ၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၏ ဂုဏ်ထူးဆောင် ပါမောက္ခများ ဖြစ်ကြသော ဒေါက်တာ ဓမ္မသာမိ၊ ဒေါက်တာ ဓမ္မပိယ၊ တိပိဋကဆရာတော် ဒေါက်တာ ဂန္ဓမာလာလင်္ကာရ၊ သီတဂူ ပါမောက္ခများ၊ ကထိကများ၊ ဘွဲ့ခံ Ph.D , M.A, B.A ဘွဲ့ရ ကျောင်းသားများ၊ စစ်ကိုင်းတိုင်းမှုးနှင့် စစ်ဘက်ဆိုင်ရာများ၊ အထူးဧည့်သည်တော်များ တက်ရောက်ကြသည်။

ပါမောက္ခချုပ်ဆရာတော်ကြီးက ဦးဆောင် ကျင်းပသည်။

ဂုဏ်ထူးဆောင်ပါမောက္ခ ဒေါက်တာဓမ္မသာမ၊ ပါမောက္ခချုပ် ဆရာတော်နှင့် အဓိပတိ ဆရာတော်ကြီးတို့က သြဝါဒများ ပေးကြသည်။

စုပေါင်းဓာတ်ပုံရိုက်ကြသည်။

“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

graduation-01graduation-02graduation-03graduation-04graduation-05graduation-06graduation-07graduation-08graduation-09graduation-10

Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)

Search

Sagaing

မာတိကာ

Home

FOUNDER

ACADEMICS

MINISTRY

MISSIONARY

MEDITATION

PUBLICATIONS

TALKS

NEWS & INFO

CONTACT

Guests Online

We have 4 guests and no members online

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း - ၀၇၂-၂၁၆၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊

ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)

မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈