သီတဂူဆရာတော်ဘုရားကြီးသည် ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့တွင်ကျင်းပသော အပြည်ပြည်ဆိုင်ရာ ဘာသာရေးခေါင်းဆောင်များ အပြန်အလှန်ဆွေးနွေးပွဲ (ASEM Hight-...Level Conference on International on Intercultural and Inter-Religious Dialogue)သို့ (အထူး) ဂုဏ်ထူးဆောင် ဘာသာရေးခေါင်းဆောင်အဖြစ် တက်ရောက်ခဲ့ပါသည်။
Read more: စိန့်ပီတာစဗတ်မြို့ အပြည်ပြည်ဆိုင်ရာ ကွန်းဖရင့်သို့တက်ရောက်ခြင်း
ဂျာမနီနိုင်ငံ ဘာလင် (Berlin)မြို့သို့ရောက်ရှိနေသော သီတဂူဆရာတော်ကြီးသည် ၂၈-၆-၂၀၁၄ နေ့၊ ဂျာမနီနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအိမ်တွင် သံရုံးမိသားစုများနှင့် ဘာလင်ရှိ မြန်မာနိုင်ငံသားအချို့၊ ဂျာမနီနိုင်ငံသားများအား ဗုဒ္ဓဓမ္မတရားတော်များကို နိုင်ငံခြားသားများ ပါသဖြင့် အင်္ဂလိပ်လို ဟောကြားသည်။ အထူးအားဖြင့် Buddhism and Religion ထူးခြားမှုကို လိုရင်း တိုရှင်းဟောသဖြင့် အချိန်အတိုအတွင်းမှာ မြန်မာလူမျိုးများရော နိုင်ငံခြားသားများပါ နားလည် သဘောပေါက် ကျေနပ် အားရကြသည်။
ရုရှားနိုင်ငံ၊ မော်စကိုမြို့သို့ ရောက်ရှိနေသော သီတဂူဆရာတော်ကြီးသည် ၂၃-၆-၂၀၁၄ မနက်ပိုင်း ရုရှားရောက်မြန်မာကျောင်းသားများအား တရားဓမ္မများ ဟောကြားခြင်း၊ မြန်မာထေရဝါဒဗုဒ္ဓဘာသာ ကျောင်းတော်ကြီးအတွက် အမေရိကန်ဒေါ်လာ တစ်သိန်း လှူဒါန်းခြင်း အစီအစဉ်များကို ပြုလုပ်ခဲ့သည်။
We have 19 guests and no members online
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉
မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈