ရုရှားနိုင်ငံ၊ မော်စကိုမြို့သို့ ရောက်ရှိနေသော သီတဂူဆရာတော်ကြီးသည် ၂၃-၆-၂၀၁၄ မနက်ပိုင်း ရုရှားရောက်မြန်မာကျောင်းသားများအား တရားဓမ္မများ ဟောကြားခြင်း၊ မြန်မာထေရဝါဒဗုဒ္ဓဘာသာ ကျောင်းတော်ကြီးအတွက် အမေရိကန်ဒေါ်လာ တစ်သိန်း လှူဒါန်းခြင်း အစီအစဉ်များကို ပြုလုပ်ခဲ့သည်။
ညနေပိုင်း
ထိုနေ့ ညနေပိုင်းတွင် ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး အိမ်တွင် ရုရှားနိ်ုင်ငံသားများအား တရားဓမ္မများ ဟောကြားခြင်း၊ ဓမ္မသာကစ္ဆာ- တရားဓမ္မများ အပြန်အလှန် ဆွေးနွေးခြင်းများ ပြုလုပ်သည်၊ ဆရာတော်ကြီး၏ ဟောပြောချက်၊ ရှင်းလင်းချက်များကို နားကြားခွင့်ရကြသော ရုရှားအမျိုးသား အမျိုးသမီးများ အလွန့်အလွန်ကို ကျေနပ် အားရကြသည်၊ ဆရာတော်ကြီး၏ လက်တွေ့ ဝိပဿနာ တရားအားထုတ်နည်းများကို စိတ်ဝင်တစား နာယူကြပြီး ၁၅ မိနစ် တရားထိုင်ကြသည်။ မြန်မာထေရဝါဒဗုဒ္ဓဘာသာကျောင်းတော်ကြီး ဖြစ်မြှောက်ဖို့အတွက် စိတ်အားထက်သန်နေကြသည်။
သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ
သီတဂူသာသနာပြုအဖွဲ့
We have 57 guests and no members online
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉
မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈