သီတဂူဆရာတော်ဘုရားကြီးသည် ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့တွင်ကျင်းပသော အပြည်ပြည်ဆိုင်ရာ ဘာသာရေးခေါင်းဆောင်များ အပြန်အလှန်ဆွေးနွေးပွဲ (ASEM Hight-...Level Conference on International on Intercultural and Inter-Religious Dialogue)သို့ (အထူး) ဂုဏ်ထူးဆောင် ဘာသာရေးခေါင်းဆောင်အဖြစ် တက်ရောက်ခဲ့ပါသည်။
သီတဂူဆရာတော်ကြီး ရောက်ရှိသော ၂၀၁၄-ဇူလိုင်လ-၂ရက်နေ့တွင် စိန့်ပီတာစဘတ်မြို့ ပူကာဘာလေဆိပ်တွင် ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးမိသာစု၊ မြန်မာသံရုံးမိသားစုဝင်များနှင့် မြန်မာပညာတော်သင် ကျောင်းသားများက ကြိုဆိုကြပါသည်။
ဇူလိုင်-၃ရက်မနက် ဆရာတော်ကြီးတည်းခိုသည့် Grand Hotel Europe တွင် မြန်မာသံအမတ်ကြီးမိသားစု၊ မြန်မာသံရုံးမိသားစုနှင့် မြန်မာပညာတော်သင်ကျောင်းသားများက မြန်မာမုန့်ဟင်းခါးနှင့် တိုဖူးကြော်တို့ဖြင့် အရုဏ်ဆွမ်းဆက်ကပ်ကြပါသည်။
နေ့ဆွမ်း အား ကွန်းဖရင့်ကျင်းပရာ President Library အထူးစားသောက်ခန်းတွင် မြန်မာသံအမတ်ကြီးမိသားစု၊ မြန်မာသံရုံးမိသားစုနှင့် မြန်မာပညာတော်သင်ကျောင်းသားများက နေ့ဆွမ်း မြန်မာထမင်းနှင့် ဟင်းများ ဆက်ကပ်လှူဒါန်းကြပါသည်။
သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ
သီတဂူသာသနာပြုအဖွဲ့
We have 76 guests and no members online
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉
မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈