ယုဂန္ဓာ ၂၀၁၇ ဧပြီ ၂၂
ဒီကနေ့ (၂၂-၄-၂၀၁၇) ဒေသအချိန် ညနေ( ၄:၅၀)မှာ သီတဂူဆရာတော်ကြီးသည် အာဖရိကတိုက် ယုဂန္ဓာနိုင်ငံ ယုဂန္ဓာဗုဒ္ဓဘာသာကျောင်းမှာ မင်္ဂလာအကြောင်း ဓမ္မအကြောင်း သီလ သမာဓိ ပညာ အကြောင်း ဓမ္မသည် ဆုတောင်းရာ worship ပြုဖို့မဟုတ်ကြောင်း၊ religion မဟုတ်ကြောင်းတို့ကို ဟောပြောသည်၊ ရှေးဦးစွာ အာရှတိုက်ရဲ့ရတနာများ ဗုဒ္ဓ ဟိန္ဒူ ဂျေးစက် မိုဟာမက်တိုသည် အာရှတိုက်သားများဖြစ်ကြ၍ ဂုဏ်ယူစရာ အာရှတိုက် ရတနာများ ဖြစ်ကြောင်း စသည် ဟောပြောပါသည်။
ယုဂန္ဓာ ၂၀၁၇ ဧပြီ ၂၁
ခရစ်မစ်ရှင် တည်ထောင်သော University of Kisubi မှာ (၂၁-၄-၂၀၁၇) နေ့လည် သီတဂူဆရာတော်ကြီး တက်ရောက် ဟောပြောသည်။
စိတ်ပညာ ကျန်းမာရေးရှုထောင့် အောက်မှာ တက္ကသိုလ်ရဲ့ ပါမောက္ခများက ဟောပြောကြသည်။
ယုဂန္ဓာ ၂၀၁၇ ဧပြီ ၂၁
ကျေးဇူးရှင်သီတဂူဆရာတော်ကြီး ဦးဆောင်သော တိပိဋကဆရာတော် အရှင်ဂန္ဓမာလာလင်္ကာရနှင့် သီတဂူ ပါမောက္ခ ကထိက ဆရာများ၊ သီတဂူကပ္ပိယ အတွင်းရေးမှူး ၃ ဦးကျော်မိုးနိုင် ကင်မရာ အောင်သန်းဝင်း စုပေါင်း ၁၃ ယောက်အဖွဲ့တို့သည် အာဖရိကတိုက် ယုဂန္ဓာနိုင်ငံသို့ ဒေသ စံတော်ချိန် နေ့ ၁:၃၀ (၂၀-၄-၂၀၁၇) မြန်မာစံတော်ချိန် ညနေ ၅:၀၀ (၂၀-၄-၂၀၁၇) မှာ Entebbe မြို့ လေဆိပ်သို့ ရောက်ရှိပါသည်။
We have 11 guests and no members online
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉
မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈