ယုဂန္ဓာ ၂၀၁၇ ဧပြီ ၂၂
ဒီကနေ့ (၂၂-၄-၂၀၁၇) ဒေသအချိန် ညနေ( ၄:၅၀)မှာ သီတဂူဆရာတော်ကြီးသည် အာဖရိကတိုက် ယုဂန္ဓာနိုင်ငံ ယုဂန္ဓာဗုဒ္ဓဘာသာကျောင်းမှာ မင်္ဂလာအကြောင်း ဓမ္မအကြောင်း သီလ သမာဓိ ပညာ အကြောင်း ဓမ္မသည် ဆုတောင်းရာ worship ပြုဖို့မဟုတ်ကြောင်း၊ religion မဟုတ်ကြောင်းတို့ကို ဟောပြောသည်၊ ရှေးဦးစွာ အာရှတိုက်ရဲ့ရတနာများ ဗုဒ္ဓ ဟိန္ဒူ ဂျေးစက် မိုဟာမက်တိုသည် အာရှတိုက်သားများဖြစ်ကြ၍ ဂုဏ်ယူစရာ အာရှတိုက် ရတနာများ ဖြစ်ကြောင်း စသည် ဟောပြောပါသည်။
ဟောပြောပွဲသို့ ယုဂန္ဓာသားများ အီဂျစ် အီတလီ ရဝန္ဒာ စင်္ကာပူ ထိုင်း အမေရိကန် နိုင်ငံများမှ ဗုဒ္ဓတရားတော်ကို စိတ်ဝင်စားသူများ တက်ရောက် နာယူကြသည်။
အားလုံးက စိတ်ဝင်တစား ရှိကြသည်၊ မြန်မာနိုင်ငံ တရားပွဲများကဲ့သို့ တလေးတစား နာယူကြသည်။ တချို့လည်း ဗုဒ္ဓဘာသာများမဟုတ်ကြပေမဲ့ ဆရာတော်ကြီး၏ ဟောပြောချက်များကို စိတ်ဝင်စားစွာ နားထောင်ကြသည်ကို တွေ့ရပါသည်။
သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
We have 4 guests and no members online
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉
မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈