ယုဂန္ဓာ ၂၀၁၇ ဧပြီ ၂၁
ကျေးဇူးရှင်သီတဂူဆရာတော်ကြီး ဦးဆောင်သော တိပိဋကဆရာတော် အရှင်ဂန္ဓမာလာလင်္ကာရနှင့် သီတဂူ ပါမောက္ခ ကထိက ဆရာများ၊ သီတဂူကပ္ပိယ အတွင်းရေးမှူး ၃ ဦးကျော်မိုးနိုင် ကင်မရာ အောင်သန်းဝင်း စုပေါင်း ၁၃ ယောက်အဖွဲ့တို့သည် အာဖရိကတိုက် ယုဂန္ဓာနိုင်ငံသို့ ဒေသ စံတော်ချိန် နေ့ ၁:၃၀ (၂၀-၄-၂၀၁၇) မြန်မာစံတော်ချိန် ညနေ ၅:၀၀ (၂၀-၄-၂၀၁၇) မှာ Entebbe မြို့ လေဆိပ်သို့ ရောက်ရှိပါသည်။
ကျေးဇူးရှင် သီတဂူဆရာတော်ကြီးသည် ယုဂန္ဓာနိုင်ငံ၏ တစ်ခုတည်းသော ဗုဒ္ဓဘာသာကျောင်း၊ ယုဂန္ဓာနိုင်ငံသားကိုယ်တိုင် (ဆရာတော် ဦးသီလာနန္ဓာဘိဝံသကို ဥပဇ္စျာယ်ပြု၍ ရဟန်းဖြစ်လာသူ) အရှင်ဗုဒ္ဓရက္ခိတ တည်ထောင်သော ကျောင်းကို အားပေးလို၍ အာဖရိကတိုက် ဗုဒ္ဓသာသနာထွန်းကားရေးကို မျှော်ကိုး၍ ကြွလာခြင်းဖြစ်သည်။
ယုဂန္ဓာနိုင်ငံသားတွေ လေဆိပ်မှာ လာကြိုကြ ရှိခိုး ဂါရဝပြုနေကြတာ မြင်တော့ ရှားရှားပါးပါး ဗုဒ္ဓရဲ့သားတော်တွေ ညီအစ်ကိုမောင်နှမတွေ မတွေ့တာကြာ ခွဲခွါနေတာကြာ ပြန်ဆုံမိကြသလို ဝမ်းသာ ကြည်နူးနေကြသည်။
သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
We have 7 guests and no members online
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉
မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈