Home

ကျေးဇူးရှင် သီတဂူဆရာတော်ကြီး၏ ကရုဏာအလှူတော်

**********

၂၄-၁၁-၂၀၂၂ နေ့

 

မြန်မာနိုင်ငံ လုပ်သား ၄၃ ယောက်တို့သည် အိန္ဒိယနယ်နမိတ် ပင်လည်ထဲသို့ နယ်ကျွန်ကာ ငါးဖန်းကြသဖြင့် အိန္ဒိယအာဏာပိုင်များ၏ ဖမ်းဆီးခြင်းကို ခံရပါသည်။ ၄ နှစ်ကျော်ကြာ ထောင်ထဲမှာ ထိန်းသိမ်းခံခဲ့ကြပါသည်၊ တချို့လည်း ၃ နှစ်ကျော် ထောင်ထဲမှာ နေခဲ့ကြပါသည်။ အများစုက ဧရာဝတီတိုင်းဒေသကြီး လပွတ္တာနှင့် ရခိုင်ပြည်နယ် ဂွမြို့နယ်မှ ဖြစ်ကြသည်။

 

ထောင်သက်တမ်းပြည့်၍ မြန်မာပြည်ပြန်ရန် အခက်ခဲဖြစ်နေကြသော မြန်မာနိုင်ငံသား ၄၃ ယောက်ကို ကျေးဇူးရှင်သီတဂူဆရာတော်ကြီးက လေယာဉ်စရိတ် ပေးလှူ၍ မြန်မာနိုင်ငံသို့ အရောက်ခေါ်ခဲ့သည်၊ ရန်ကုန်မှ မိမိတို့ နေရပ်ပြန်နိုင်ရန် လမ်းစရိတ် ၂ သောင်းကျပ်စီ လှူပေးခဲ့ပါသည်။ ဆရာတော်ကြီး၏ ညွှန်ကြားချက်ဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) ပါမောက္ခ ဒေါက်တာ အရှင်ကောဝိဒသိရီ (သီတဂူစတား)၊ အရှင်ဓမ္မိက နှင့် သီတဂူကပ္ပိယအချို့တို့က ကြိုဆိုနှုတ်ဆက် လမ်းစရိတ်များ ပေးအပ်ခဲ့ပါသည်။

 

၂၀၁၃ ခုနှစ်က မလေးရှားနိုင်ငံ အကျဉ်းထောင်ထဲမှ မြန်မာနိုင်ငံသား (၂၀၀၀) ခန့်ကို လေယာဉ် အစီး ၁၂ ခေါက်ဖြင့် ကယ်ထုတ်ခဲ့ဖူးသည်။

 

၂၀၁၀ ခုနှစ်ကလည်း သီရိလင်္ကာနိုင်ငံသို့ အကြောင်းအမျိုးမျိူးကြောင့် ရောက်နေကြပြီး ဒုက္ခရောက်နေကြသော မြန်မာနိုင်ငံသား ကိုရင်ငယ်များ၊ သီလရှင်ဆရာလေးများ စုစုပေါင်း ၅၀ ခန့်ကို လေယာဉ်စရိတ် ပေးလှူကာ ကယ်တင်ခဲ့ဖူးသည်။

 

ကျေးဇူးရှင် သီတဂူဆရာတော်ကြီးသည် "ငါသည် သူတပါးတို့၏ အကျိုးစီးပွားကို ဆောင်ရွက်နိုင်ပါရစေ။ သူတပါးတို့ကလည်း ငါ၏အကျိုးစီးပွားကို ဆောင်ရွက်နိုင်ကြပါစေ။" ဟုသော ခံယူချက်ဖြင့် ကရုဏာအလှူတော်များကို ပြုလုပ်နေခြင်းဖြစ်ပါသည်။

 

သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ။

20221124-gazette-01

20221124-gazette-02

20221124-gazette-03

20221124-gazette-04

20221124-gazette-05

20221124-gazette-06

20221124-gazette-07

မြိတ်မြို့ သီတဂူဇီဝိတဒါန စက္ခုဒါန ဆေးရုံတော်ထိန်းသိမ်းဆောင်ရွက်ရန် ရန်ပုံငွေအတွက် သီတဂူဆရာတော်မှ အလှူတော်ငွေ ကျပ်သိန်း(၅၀၀)လှူဒါန်း

**********

မြိတ် နိုဝင်ဘာ ၁၈

 

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ တပ်ပြင်ရပ် စပါးရွှေဝါလမ်းရှိ သီတဂူ ဇီဝိတဒါန,စက္ခုဒါန ဆေးရုံ တော် ထိန်းသိမ်းဆောင်ရွက်ရန် ရန်ပုံငွေအတွက် သီတဂူဆရာတော် မှ အလှူတော်ငွေကျပ်သိန်း(၅၀၀)ကို နိုဝင် ဘာ(၁၈)ရက် နံနက်ပိုင်းက မြိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဧည့်ရိပ်သာ အစည်းအဝေးခန်းမတွင် လှူဒါန်းခဲ့သည်။

 

ဆေးရုံတော် ထိန်းသိမ်းဆောင်ရွက်နိုင်ရန်အတွက် ကမ္ဘာ့သာသနာပြု ရွှေကျင်နိကာယ သာသနာပိုင်၊ နိုင်ငံတော်ဩဝါဒါစရိယ၊ သီတဂူ ကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်များ နှင့် သီတဂူဆေးရုံတော်များ၏ အဓိပတိ၊ အဘိဓဇ မဟာရဋ္ဌဂုရု၊ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာ ပဏ္ဍိတ၊ မဟာဓမ္မကထိက ဗဟုဇန ဟိတဓရ၊ သီတဂူ ဆရာတော်ကြီး ဒေါက်တာ အရှင်ဉာဏိဿရ ကိုယ်စား တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို က အလှူတော်ငွေကျပ်သိန်း(၅၀၀)လှူဒါန်းပေးအပ်ရာ ဆေးရုံတော်စီမံစောင့်ရှောက်ရေးအဖွဲ့ဥက္ကဌ ဦးထွန်းထွန်းဝင်း က လက်ခံရယူခဲ့သည်။

 

ထိုနောက် သီတဂူ ဆရာတော် ဒေါက်တာ အရှင်ဉာဏိဿရ က မြိတ်မြို့ရှိ ဆရာတော်များနှင့် ဆေးရုံ တော်စီမံစောင့်ရှောက်ရေးအဖွဲ့အား ဆေးရုံတော်အလုပ်အမှုဆောင်ကော်မတီကို စနစ်တကျဖွဲ့စည်းပြီး ဆောင် ရွက်ကြရန် မိန့်ကြားသည်။ မြိတ်မြို့ သီတဂူ ဇီဝိတဒါန,စက္ခုဒါန ဆေးရုံတော်ကို ယမန်နေ့က ဖွင့်လှစ်ခဲ့ပြီး ဆေးရုံတော်အတွင်း ရဟန်း၊ ရှင်၊ လူ ပြည်သူများအား သီတဂူ ဆရာတော် ဦးဆောင်သည့် အထူးကု ဆရာဝန်ကြီး များမှ မျက်စိရောဂါ ဝေဒနာများကို အခမဲ့စမ်းသပ်ခွဲစိတ်ဆောင်ရွက်ပေးလျက်ရှိသည်။

 

မြိတ်မြို့ သီတဂူ ဇီဝိတဒါန,စက္ခုဒါန ဆေးရုံတော်ကို သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူဆေးရုံ တော်များ၏ အဓိပတိ သီတဂူဆရာတော် ဦးဆောင်မှုဖြင့် (၇)ရက်သားသမီး အလှူရှင်များ စုပေါင်းလှူဒါန်းငွေ ကျပ်သိန်းပေါင်း(၄၅၀၀)ကျော်နှင့် ဆေးရုံတော်အတွင်း တပ်ဆင်အသုံးပြုရန် သီတဂူဆရာတော်ကြီး လှူဒါန်း သည့် စက်ပစ္စည်းတန်ဖိုး အမေရိကန်ဒေါ်လာ(၁)သိန်းခွဲတို့ဖြင့် တပ်ဆင်တည်ဆောက်ထားခြင်းဖြစ်ပြီး ဆေးရုံ တော် ထိန်းသိမ်းဆောင်ရွက်ရန် ရန်ပုံငွေအတွက် သီတဂူဆရာတော် မှ အလှူတော်ငွေ ထပ်မံလှူဒါန်း ခြင်းဖြစ် ကြောင်း သိရသည်။

20221118-gazette-01

20221118-gazette-02

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့မှာ မျက်စိဝေဒနာရှင်များ အခမဲ့ကုသလို့ရမည့် မျက်စိဆေးရုံ(၁)ရုံကို နိုဝင်ဘာလ(၁ရ)ရက်နေ့ အမျိုးသားနေ့မှာ ဖွင့်လှစ်

**********

၁၇-၁၁-၂၀၂၂

 

ဆေးရုံဖွင့်ပွဲ အခမ်းအနားသို့ ကျေးဇူးရှင်အဘိဓဇမဟာရဋ္ဌဂုရု ရွှေကျင်သာသနာပိုင် သီတဂူအဓိပတိဆရာတော်ဘုရားကြီး၊ တနင်္သာရီတိုင်း သံဃနာယကဆရာတော်များ၊တနင်္သာရီတိုင်းဝန်ကြီးချုပ်ဦးမြတ်ကို၊ ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်စောသန်းလှိုင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ မြို့မိမြို့ဖများ တက်ရောက်ကြပါသည်။

 

ဆေးရုံကို တနင်္သာရီတိုင်းဝန်ကြီးချုပ်ဦးမြတ်ကိုနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပါသည်။

 

ဆက်လက်ပြီး အဘိဓဇမဟာရဋ္ဌဂုရုရွှေကျင်သာသနာပိုင် သီတဂူအဓိပတိဆရာတော်ဘုရားကြီးနှင့် တနင်္သာရီတိုင်းဒေသကြီး သံဃာနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်ကြီးတို့က ကဗ္ဗည်းမော်းကွန်းကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပြီး အမွှေးနံသာရေ ပက်ဖြန်းပေးပါသည်။

 

အဲဒီနောက် ဒုတိယပိုင်း ရေစက်ချ အခမ်းအနားကို ဆောင်ရွက်ခဲ့ပါတယ်။

 

အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပါသည်။

 

သီတဂူအဓိပတိဆရာတော်ဘုရားကြီးထံမှ ဧည့်ပရိတ်သတ်တို့က ငါးပါးသီလခံယူဆောက်တည်ခဲ့ကြပါသည်။

 

တနင်္သာရီတိုင်းဒေသကြီးသံဃာနာယကအဖွဲ့ ဥက္ကဋ္ဌ (သုဓမ္မာဂိုဏ်း) မြိတ်မြို့၊ မော်တောင်ပရိယတ္တိစာသင်တိုက်ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တနာရဒ(အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ)က သီတဂူ ဇီဝိတဒါန၊ စက္ခုဒါနဆေးရုံတော်ကြီး ဖြစ်ပေါ်လာရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းလျေှက်ထားပါသည်။

 

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြတ်ကိုက သိတဂူဆရာတော်ကြီးထံ ဂါရဝပြု ကျေးဇူးတင်လွှာ ဆက်ကပ်လှူဒါန်းပါသည်။

 

ဆေးရုံတော်ကြီး၏ စာရွက် စာတမ်း အထောက်အထားများကို သီတဂူဆရာတော်ကြီးက ဆေးရုံတော်စံမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းထံ လွှဲပြောင်းပေးပါသည်။

 

ဆေးရုံတော်စီမံစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက ကျေးဇူးတင်းစကား လျှောက်ထားတင်ပြခဲ့ပါသည်။

 

ဆက်လက်ပြီး သံဃာတော်အရှင်သူမြတ်တို့အား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် သီတဂူဇီဝိတဒါန၊ စက္ခုဒါန ဆေးရုံတော်ဖြစ်မြောက်ရေးအတွက် လှူဒါန်းထားကြသည့် အလှူရှင်များနှင့် ပရဟိတအဖွဲ့များကို သီတဂူဆရာတော်ကြီးက ဂုဏ်ပြုမော်ကွန်းလွှာများ ချီးမြှင့်ခဲ့ပါသည်။

 

ထို့နောက် သီတဂူအဓိပတိဆရာတော်ဘုရားကြီးမှ သြဝါဒစကားနှင့် ရေစက်ချအနုမောဒနာ တရားမိန့်ကြားခဲ့ပါသည်။

 

သြဝါဒမိန့်ကြားပြီးနောက် သီတဂူအဓိဌာန် သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

 

သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ..
သူတော်ကောင်းတရားနေရာတိုင်းမှာ ထွန်းတောက်ပါစေ..
ကိုဗစ်-၁၉ ရောဂါအမြန်ဆုံးကင်းဝေးကြပါစေ….

 

မြန်မာပြည်ကြီး အမြန်ဆုံးငြိမ်းချမ်းပါစေ…

 

Photoed by- Sitagu Kyaw San Win

20221117-gazette-01

20221117-gazette-02

20221117-gazette-03

20221117-gazette-04

20221117-gazette-05

20221117-gazette-06

20221117-gazette-07

20221117-gazette-08

20221117-gazette-09

20221117-gazette-10

20221117-gazette-11

20221117-gazette-12

20221117-gazette-13

သီတဂူဆရာတော်ကြီး ၄၉ခုမြောက် မြိတ် သီတဂူစက္ခုဒါနဆေးရုံဖွင့်ပြီ၍ စတင်ကုသ

**********

၁၆.၁၁.၂၀၂၂ရက်နေ့

 

သက်တော်(၈၆)နှစ်အရွယ်ရှိပြီဖြစ်သော ကျေးဇူးရှင်အဘိဓဇမဟာရဋ္ဌဂုရု ရွှေကျင်သာသနာပိုင် သီတဂူအဓိပတိဆရာတော်ကြီသည် မြိတ်မြို့ရှိ သီတဂူစက္ခုဒါနဆေးရုံသို့ ကြွရောက်စစ်ဆေးပြီး မျက်စိဝေဒနာရှင်များကို အားပေးနှုတ်ဆက်ခဲ့ပါသည်။

 

မြိတ်သီတဂူစက္ခုဒါနဆေးရုံသည် သီတဂူစက္ခုဒါနဆေးရုံ(၄၉)ရုံမြောက်ဆေးရုံဖြစ်ပါသည်။

 

မြိတ်သီတဂူစက္ခုဒါနဆေးရုံသည် (၁၆.၁၁.၂၀၂၂)မှ (၂၀.၁၁.၂၀၂၂)ရက်နေ့အထိ မျက်စိအခမဲ့ စမ်းသပ်စစ်ဆေးခွဲစိပ်ကုသပေးပါမည်။

 

ထိုကြောင့်မြိတ်မြို့နှင့် မြိတ်မြို့အနီးအနားရှိကျေးရွာများမှ ဝေဒနာရှင်များ လာရောက်စမ်းသပ်စစ်ဆေးနိုင်ပါမည်။

 

သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ..
သူတော်ကောင်းတရားနေရာတိုင်းမှာ ထွန်းတောက်ပါစေ..
ကိုဗစ်-၁၉ ရောဂါအမြန်ဆုံးကင်းဝေးကြပါစေ….
မြန်မာပြည်ကြီး အမြန်ဆုံးငြိမ်းချမ်းပါစေ…
Photoed by -Sitagu Kyaw San Win

20221116-gazette-01

20221116-gazette-02

20221116-gazette-03

20221116-gazette-04

20221116-gazette-05

20221116-gazette-06

20221116-gazette-07

20221116-gazette-08

20221116-gazette-09

20221116-gazette-10

သီတဂူ စတုပစ္စယ နဝကမ္မ ကျပ်သိန်း (၃၆၂၃) အလှူတော် (ခန္တီးမြို့)

**********

(၃၁.၁၀.၂၀၂၂ ) ရက်နေ့

 

အဘိဓဇမဟာရဋ္ဌဂုရုရွှေကျင်သာသနာပိုင် သီတဂူအဓိပတိဆရာတော်ကြီး ဦးဆောင်ကာ လဟယ်၊ နန်းယွန်း၊ လေရှီး၊ ခန္တီးရှိ ဘုန်းတော်ကြီးကျောင်းပေါင်း (၁၃၀)ကျောင်း၊ သီလရှင်ကျောင်း(၆)ကျောင်း၊ ရဟန်း (၂၁၇)ပါး၊ သာမဏေ(၁၉၁)ပါး၊ သီလရှင်(၈၄)ပါး၊ ခရစ်ယာန်ကျောင်း(၆) ကျောင်းတို့ ဆန်၊ ဆီ၊ နဝကမ္မဝတ္တုငွေ(၅)သိန်းစီ လှုဒါန်းခဲ့ပါသည်။

 

လှူဒါန်းမှုစုစုပေါင်းငွေ သိန်းပေါင်း(၃၆၂၃)သိန်းတိတိကို လှူဒါန်းခဲ့ပါသည်။

 

သီတဂူဆရာတော်ဘုရားကြီး၏ အလှူတော်တွင်
၁။ ကိုကျော်သူရမိသားစု မန္တလေးမြို့ သိန်း (၁၀၀၀)၊
၂။ ဆရာလေးဒေါ် ဒီပင်္ကရာ ပြင်ဦးလွင် သိန်း(၁၀၀)၊
၃။ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ သိန်း (၁၄၈)
၄။ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာနမှ သိန်း(၁၇၀)၊
၅။ နယ်စပ်ရေးရာဝန်ကြီးဌာနမှ သိန်း(၁၅၀)၊
၆။ ဒေါက်တာဦးဝင်းမြင့်+ဒေါ်ခိုင်ခိုင်ဦး (မြတ်မေတ္တာမွန်) မိသားစုမှ သိန်း(၅၀၀)တို့က ပါဝင်လှူဒါန်းခဲ့ကြပါသည်။

 

ဤကောင်းမှုကို နတ်၊ လူ၊ သာဓုခေါ်စေသော်။

 

သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ..
သူတော်ကောင်းတရားနေရာတိုင်းမှာ ထွန်းတောက်ပါစေ..
ကိုဗစ်-၁၉ ရောဂါအမြန်ဆုံးကင်းဝေးကြပါစေ….
မြန်မာပြည်ကြီး အမြန်ဆုံးငြိမ်းချမ်းပါစေ…

 

သီတဂူဓမ္မသဘင် Live မှ မျှဝေပါသည်။
သီတဂူစတား

20221031-gazette-01

20221031-gazette-02

20221031-gazette-03

20221031-gazette-04

20221031-gazette-05

20221031-gazette-06

20221031-gazette-07

20221031-gazette-08

20221031-gazette-09

သီတဂူစတုပစ္စယ အလှူတော်ပွဲကြီး (လဟယ်မြို့)

**********

(၃၀.၁၀.၂၀၂၂ ) ရက်နေ့

 

သီတဂူစတုပစ္စယအလှူတော်မင်္ဂလာ အခမ်းအနားကို လဟယ်မြို့၊ ရွှေပြည်သာ ခန်းမမှာ ကျင်းပခဲ့ပါသည်။

 

ယနေ့ကျင်းပပြုလုပ်သော အခမ်းအနားသည် လဟယ်မြို့နယ်၊ နန်းယွန်းမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း(၄၇)ကျောင်း၊ သီလရှင်ကျောင်း(၁)ကျောင်း၊ ခရစ်ယာန်ကျောင်း(၃)ကျောင်း။

 

တစ်ကျောင်းလျှင် နဝကမ္မ (၅)သိန်းကျပ်၊
ဗဟိုကျောင်း(၂)ကျောင်း (၁၀)သိန်းစီ၊
ဆန် (၁)အိတ်၊ ဆီ(၅)ပိဿာပုံး (၁)ပုံး၊
သင်္ကန်းဒွိစုံ (၁)စုံစီ (၄၇)စုံ၊ မျက်နှာသုတ် ပုဝါ(၄၇)ခု၊
လွယ်အိတ် ၂လုံးစီ (၉၄)လုံး၊ သီလရှင် ဝတ်စုံ (၄၃)စုံ

 

ရဟန်း၊ သာမဏေ၊ သီလရှင် စုစုပေါင်း (၁၅၉)ပါးအတွက်

**********

ဆန် (၁)အိတ်စီ၊
ဆီ(၅)ပိဿာပုံး (၁)ပုံးစီ၊
ငွေ၆၀၀၀၀ ကျပ်နှင့် ပစ္စည်း(၁၂)မျိုး (၁)အိတ်စီ လှူဒါန်း

 

တောင်တန်းသာသနာပြုဗဟိုကျောင်း သိန်း(၁၀၀)
တောင်တန်းသာသနာပြုသီလရှင်ကျောင်းကို သိန်း(၁၀၀)
ငွေပဒေသာပင် စိုက်ထူလှူဒါန်းခဲ့ပါသည်။

 

ဤကောင်းမှုကို နတ်၊ လူ၊ သာဓုခေါ်စေသော်…

 

သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ..
သူတော်ကောင်းတရားနေရာတိုင်းမှာ ထွန်းတောက်ပါစေ..
ကိုဗစ်-၁၉ ရောဂါအမြန်ဆုံးကင်းဝေးကြပါစေ….
မြန်မာပြည်ကြီး အမြန်ဆုံးငြိမ်းချမ်းပါစေ…

 

သီတဂူဓမ္မသဘင် Live မှ မျှဝေပါသည်။
သီတဂူစတား

20221030-gazette-01

20221030-gazette-02

20221030-gazette-03

20221030-gazette-04

20221030-gazette-05

20221030-gazette-06

20221030-gazette-07

20221030-gazette-08

20221030-gazette-09

20221030-gazette-10

20221030-gazette-11

Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)

Search

Guests Online

We have 9 guests and no members online

  • Tab 1

    သီတဂူဆရာတော်  ဒေါက်တာ အရှင်ဉာဏိသရ၏ ထေရုပ္ပတ္တိအကျဉ်း

    ဆရာတော်အလောင်းအလျာကို  ၁၉၃၇ ခုနှစ် ဖေဖော်ဝါရီလ (၂၃)ရက်နေ့ (မြန်မာသက္ကရာဇ် ၁၂၉၈)တွင် မြန်မာနိုင်ငံ အလယ်ပိုင်း၊ ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်တွင်မီးရှူးသန့်စင်ခဲ့ပါသည်။
    ၁၉၄၄ (မြန်မာသက္ကရာဇ် ၁၃၀၅) ခုနှစ်မှစ၍ ဆရာတော်သည် ဗုဒ္ဓစာပေများကို သဲကုန်းမြို့နယ် တပ်ရွာရှိ  ရွာဦးကျောင်းတွင်  စတင်လေ့လာသင်ယူခဲ့ပါသည်။
    ၁၉၅၂ (မြန်မာသက္ကရာဇ် ၁၃၁၃) ခုနှစ်တွင် ဆရာတော်လောင်းလျာသည် ရှင်သာမဏေအဖြစ် သံဃာ့ဘောင်သို့၀င်ရောက်ခဲ့ပါသည်။



    Learn More
     
     
     
     
  • Tab 2

    ဗဟိုတက္ကသိုလ်

    စစ်ကိုင်းမြို့ သီတဂူ ကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်ကြီး (Main Campus) ဗဟို တက္ကသိုလ်ကြီးသည် ၁၉၉၆ ခုနှစ် ကထဲက စတင်ဖွင့်လစ်ခဲ့ရာ လုံးဝအောင်မြင်ပြီး တည်တည်ငြိမ်ငြိမ်နှင့် ပုံမှန် လည်ပတ်နေပါသည်။ Diploma course များ, B.A course များနှင့် M.A coruse များ ဟန်ချက်ညီညီ ပုံမှန် သက်ဝင်လှုပ်ရှားလျက်ရှိနေသည်မှာ အထူးအောင်မြင်လျက်ရှိပါသည်။ Diploma course အောင်မြင်ပြီးကျောင်းသား ၆ဝဝ ကျော်၊ B.A course အောင်မြင်ပြီးကျောင်းသား ၈ဝ ကျော် နှင့် M.A တန်းအောင်များကိုပါ မွေးထုတ်ပေးပြီး ဖြစ်သည်။

    Read More

    တက္ကသိုလ်ခွဲများ

    သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကြီးများကို ရန်ကုန်မြို့နှင့် အောက်မြန်မာပြည်ရှိ ဗုဒ္ဓစာပေများကို စိတ်၀င်စားသူတွေအတွက် အလွယ်တကူတက်ရောက် သင်ယူနိုင်ရန် ရန်ကုန် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကို ၎င်း၊ မန္တလေးမြို့၀န်းကျင်ရှိ ဗုဒ္ဓစာပေများကို လေ့လာသင်ကြားလိုသူများအတွက် အဆင်ပြေစေရန် ၂၀၀၉ ခုနှစ်က မန္တလေး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကို၎င်း ဖွင့်လှစ်ခဲသည်။ Diploma course များ B.A course များကို သင်ကြားပေးလျက်ရှိသည်။

    Read More

တက္ကသိုလ်များ


စစ်ကိုင်းမြို့ သီတဂူ ကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်ကြီး (Main Campus) ဗဟို တက္ကသိုလ်ကြီးသည် ၁၉၉၆ ခုနှစ် ကထဲက စတင်ဖွင့်လစ်ခဲ့ရာ လုံးဝအောင်မြင်ပြီး တည်တည်ငြိမ်ငြိမ်နှင့် ပုံမှန် လည်ပတ်နေပါသည်။

Read More...

အကျိုးပြုလုပ်ငန်းများ


ဟိုလွန်ခဲ့တဲ့တချိန်တုန်းက စစ်ကိုင်းတောင်ရိုး၌ လျှပ်စစ်မီးအလင်းရောင် ကောင်းစွာမရသေး၊ သွားလမ်း လာလမ်း လည်း ကောင်းစွာမရှိသေး၊ တယ်လီဖုန်းအဆက်အသွယ်လည်း မရှိသေး၊ ဆေးရုံလည်း မရှိသေး။

Read More...

သာသနာပြုလုပ်ငန်းစဉ်များ


သီတဂူဆရာတော်ကြီးသည် သီတဂူသာသနာ့ပြုအဖွဲ့များပါ၀င်စေလျှက် အမေရိကန်ပြည်ထောင်စုတွင် သီတဂူဗုဒ္ဓဝိဟာရ ကျောင်းတိုက်ကြီးနှင့် ထေရဝါဒဓမ္မအသင်း (Theravada Dhamma Society America) (အမေရိကန်)တို့ကို

Read More...

တရားစခန်းများ


တရားစခန်းများ တရားစခန်းများ တရားစခန်းများ တရားစခန်းများ တရားစခန်းများ တရားစခန်းများ တရားစခန်းများ တရားစခန်းများ တရားစခန်းများ တရားစခန်းများ တရားစခန်းများ တရားစခန်းများ

Read More...

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း - ၀၇၂-၂၁၆၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊

ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)

မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈