Home

သီတဂူ ဆန် ဆီ အလှူတော် (စစ်ကိုင်း) ဒုတိယအကြိမ်

**********

၂၄.၁၀.၂၀၂၂ရက်နေ့

 

ကျေးဇူးရှင်အဘိဓဇမဟာရဋ္ဌဂုရု ရွှေကျင်သာသနာပိုင် သီတဂူအဓိပတိဆရာတော်ကြီး၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မင်းဝံတောင်ရိုး၊ သီတဂူအပြည်ပြည်ဆိုင်ရာဝိပဿနာအကယ်ဒမီအနီးရှိ ဘုန်းကြီးကျောင်းပေါင်း (၁၆၄)ကျောင်း၊ သံဃာတော်ပေါင်း (၁၆၈၂)ပါးအတွက် တစ်ပါးလျှင် ဆန်(၁)တင်း၊ ဆီ(၁)ပိဿာ ဖြင့်၊ ဆန်တင်းပေါင်း(၁၆၈၂)တင်း၊ ဆီပိဿာပေါင်း(၁၆၈၂)ပိဿာကို လှူဒါန်းခဲ့ပါသည်။

 

စစ်ကိုင်းတောင် မင်းဝံတောင် မင်းကွန်းတောင်တို့ရှိ သံဃာတော်များအား ဆက်လက် လှူဒါန်းမည်။

 

၂၀၂၀ ကိုဗစ်ကာလမှာ ပထမအကြိမ် စစ်ကိုင်း မန္တလေး ရန်ကုန်မြို့ကြီးများရှိ ရဟန်း သီလရှင်စာသင်တိုက်များ ဘိုးဘွားရိပ်သာများ မသန်စွမ်းများ မဘမဲ့ဂေဟာများအား ဆန် တင်း ဆီ ပိဿာ သောင်းနှင့်ချီ လှူဒါန်းခဲ့သည်။

 

ဤကောင်းမှုကို နတ်၊လူ၊ သာဓုခေါ်စေသော်….

 

သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ..
သူတော်ကောင်းတရားနေရာတိုင်းမှာ ထွန်းတောက်ပါစေ..
ကိုဗစ်-၁၉ ရောဂါအမြန်ဆုံးကင်းဝေးကြပါစေ….
မြန်မာပြည်ကြီး အမြန်ဆုံးငြိမ်းချမ်းပါစေ…

20221024-gazette-01

20221024-gazette-02

20221024-gazette-03

20221024-gazette-04

20221024-gazette-05

20221024-gazette-06

သီတဂူဆရာတော်ကြီး၏ သီတင်းကျွတ် သြဝါဒအနှစ်ချုပ် (ရန်ကုန်)

**********

၁၁-၁၀-၂၀၂၂ နေ့ နံနက်၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) မှာ ကျေးဇူးတော်ရှင် သီတဂူဆရာတော်ကြီးအား သီတဂူကထိက (ရန်ကုန်)၊ သီတဂူကပ္ပိယကာရ (ရန်ကုန်)နှင့် သီတဂူမြောက်ဒဂုံ ထောက်ကူပြုအဖွဲ့တို့က ဝါကျွတ် ကန်တော့ကြပါတယ်။

 

ဆရာတော်ကြီးက အဘိဝါဒသီလ- ရိုသေရှိခိုးခြင်းအကြောင်း သြဝါဒကို အနှစ်ချုပ်၍ အောက်ပါအတိုင်း ဖော်ပြပါတယ်။

 

ယခုလို သီတင်းကျွတ် ဝါကျွတ် ဆရာပူဇော်တဲ့ပွဲဟာ ဘာသာရေးနှင့် ယဉ်ကျေးမှုဓလေ့ ပေါင်းစပ်ပြီး ဖြစ်ပေါ်လာပါတယ်။ ဒီလို ယဉ်ကျေးမှု ဓလေ့ဟာ မြန်မာတို့ရဲ့ Dignity ဂုဏ်သိက္ခာ ဖြစ်ပါတယ်။ မြန်မာကို ဘယ်လိုသိနိုင်သလဲဆိုရင် မြန်မာတို့ရဲ့ နှစ်သစ်ကူးဓလေ့၊ သီတင်းကျွတ်ဓလေ့၊ သက်ကြီး ဝါကြီးတို့အား ကန်တော့ခြင်း၊ ဆရာ မိဘတို့အား ကန်တော့ခြင်း စသည့်ဓလေ့တို့ကြောင့် မြန်မာတို့ရဲ့ အသွင်အပြင် စရိုက်လက္ခဏာ ဖြစ်ပါတယ်။

 

ဒီလို ယဉ်ကျေးမှု ဓလေ့ကို လူမျိုးတို့ရဲ့ စရိုက်လက္ခဏာအဖြစ်၊ ဗုဒ္ဓရဲ့ အမွှေအနှစ်အဖြစ် ထိန်းထားသင့်ပါတယ်။

 

ဘာလို့လဲဆိုတော့ ဗုဒ္ဓရဲ့ မင်္ဂလာတရားတော်တွေထဲမှာ နိဝါတ-နိမာန- ဂါရ၀ တရားတွေဆိုတာ ရှိပါတယ်။ နိမာန- မာနကင်းခြင်း၊ နိဝါတ- ကိုယ်ကိုနှိမ်ချခြင်းလက္ခဏာ။ မြန်မာတွေဟာ မင်္ဂလာသုတ်တော်နှင့် အညီ ကြီးပြင်းလာတာ ဖြစ်လို့ မင်္ဂလာပါလို့ နှုတ်ဆက်ကြတယ်။ So call- အမည်မျှ မင်္ဂလာ မဖြစ်စေဘဲ တကယ့် မင်္ဂလာအစစ်ဖြင့် နှုတ်ဆက်နိုင်ကြဖို့ ပိုအရေးကြီးပါတယ်။

 

မင်္ဂံ ပါပံ လုနာတိ ဆိန္ဒတီတိ- မင်္ဂလာ။ မကောင်းမှု အကုသိုလ် ဖြတ်နိုင်ခြင်းဟာ မင်္ဂလာ အစစ်ဖြစ်ပါတယ်။ နိဝါတ နိမာန ဂါရ၀ တရားတွေ မရှိဘူးဆိုရင် So call မင်္ဂလာအမည်မျှ သက်သက်ပဲ ဖြစ်ပါတယ်။ ဒီကနေ့ လူမျိုးတို့ရဲ့ စရိတ်လက္ခဏာ ဂုဏ်ကို ဖော်ပြနေတာပဲ ဖြစ်ပါတယ်၊ ဒီသာသနာနှင့် ဒီမြန်မာမှာ respect to elder, mother, father- အသက်သိက္ခာကြီးရင့်သူ၊ အမေ အဖေတို့အား အရိုအသေ ပေးခြင်း ရှိခိုးခြင်း အလွန်ကောင်းတဲ့ ဓလေ့ရှိကြပါတယ်။

 

ကြီးသူ ငယ်သူ အပြန်အလှန် တန်ဖိုးထားတဲ့ မြန်မာတို့ ဓလေ့

 

ရုံးတွေ ဌာနတွေမှာ အရာရှိငယ်တွေက အရာရှိကြီးတွေကို အရိုသေပေးကြသလို၊ ကြီးသူတွေကလည်း ငယ်သူတွေကို တန်ဖိုးထားကြတယ်၊ အပြန်အလှန် respect အရိုအသေပေးရင် ဒီအစည်းအရုံး၊ ဒီအဖွဲ့အစည်းဟာ အလွန်လှပပြီး ခိုင်မာနေမှာပါ။ ကျောင်းတိုက်တွေမှာလည်း ငယ်သူက ကြီးသူကို အရိုသေပေး၊ ကြီးသူက ငယ်သူကို လေးစား တန်ဖိုးထား၊ အောက်ထစ်ဆုံး အမှိုက်လဲ၊ ပန်းကန်ဆေးတဲ့သူက အစ လေးစားတန်ဖိုးထားကြတယ်၊ အပြန်အလှန် အရိုသေပေး လေးစားခြင်းဟာ စည်းလုံး ညီညွှတ်ရေးကို အားပေးပါတယ်။ ကမ္မနှင့် ကမ္မဝိပါကပဲ။ ရေအိုင်ထဲကို ခဲတစ်လုံး ပစ်လိုက်လျှင် ခဲကျတဲ့နေရာ ရေဝိုင်းသေးသေးလေးကနေ အကြီးဖြစ်လာပြီး ပစ်လိုက်တဲ့သူအနားအထိ ရောက်လာပါတယ်။ ဒီဥပမာအတိုင်းပဲ၊ ကြီးသူက ငယ်သူကို တန်ဖိုး လေးစား ဆက်ဆံလျှင် ငယ်သူတွေရဲ့ ချစ်ခြင်းတွေ ဂါရဝတရားတွေ ရရှိမှာ ဖြစ်ပါတယ်။

 

Inter-related respect- အပြန်အလှန် လေးစားမှု နဲလာလျှင် ဂုဏ်တွေဟာ အလိုလျောက် ကျဆင်းသွားပါတယ်။ အပြန်အလှန်လေးစားမှုဟာ ဘယ်ကလာသလဲဆိုရင် နိဝါတ နိမာနက စတာပဲ။ သားသမီးနှင့် မိဘ၊ တပည့်နှင့် ဆရာ၊ အရာရှိငယ်နှင့် အရာရှိကြီးတို့ဟာ အပြန်အလှန် ဂါရ၀ နိဝါတရှိနေကြမယ်ဆိုရင် စည်းလုံး ညီညွှတ်ခြင်းကို ခိုင်မာ အားကောင်းစေပါတယ်။ ကိုယ်က နိဝါတ- ကိုယ့်ကိုနှိမ်ချ ဆက်ဆံ၊ မာန မရှိဘူးဆိုလျှင် အောက်လက် ငယ်သားတွေရဲ့ ချစ်ခင်ခြင်းကို ရပါမယ်။ Unity of Nation- တိုင်းပြည်နှင့် လူမျိုး ညီညွှတ်ရေးအတွက် အားကောင်းလာမယ်။ ဒီ စရိုက်လက္ခဏာတွေ ယဉ်ကျေးမှုတွေ မရှိဘူးဆိုလျှင် ချိနဲ့သွားမယ်။

 

ဂါရ၀ နိဝါတ မရှိသူ မာနကြီးသူဟာ ဒေါသလည်း ကြီးပါတယ်။ ဒေါသဟာ ဒုဿန- ဖျက်ဆီးခြင်းသဘော ရှိပါတယ်။ ဒေါသကြီးသူဟာ မိမိရဲ့ စိတ်ကို ဖျက်ဆီးပြစ်ပါတယ်၊ မိမိရဲ့ မွန်မြတ်တဲ့ မေတ္တာ၊ ကရုဏာ၊ မုဒိတာ စိတ်ဓာတ်တွေကို ဖျက်ဆီးပြစ်လိုက်ပါတယ်။ Noble Conduct- မွန်မြတ်တဲ့ အပြုအမူတွေ ပျက်စီးသွားတာနဲ့ စိတ်ဓာတ်စွမ်းရည်တွေလည်း ကျဆင်းသွားပါတယ်။

 

ဒါကြောင့် ဒီနေ့-

 

ကြီးကုန်ကြီးကုန်သော သူတို့အား ရိုသေခြင်း လေးစားခြင်း ရှိခိုးခြင်းအလေ့ထကြောင့်

 

အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ချမ်းသာခြင်း၊ ခွန်အားကောင်းခြင်း၊ ကျန်းမာခြင်း ငါးပါးတို့နှင့် ပြည့်စုံကြပါစေ။

 

သြဝါဒကို မှတ်စုရေးခြင်းမျှသာ၊ အကုန်ပြည့်စုံခြင်းမရသည့်အတွက် မပြည့်စုံပါက မှတ်စုရေးသော စာရေးသူ၏ အပြစ်သာ ဖြစ်ပါသည်။

 

#သီတင်းကျွတ် ကန်တော့

 

ရွှင်လန်းချမ်းမြေ့ပါစေ။
သီတဂူစတား
၁၁-၁၀-၂၀၂၂

 

20221011-gazette-01

20221011-gazette-02

20221011-gazette-03

20221011-gazette-04

20221011-gazette-05

20221011-gazette-06

သီတဂူအဓိပတိဆရာတော်ကြီး အမေရိကန်ဒေါ်လာတစ်သိန်းကျော်ဖိုး လှူဒါန်း

**********

၂၉-၉-၂၀၂၂

 

သီတဂူဆရာတော်ကြီးသည် ရှမ်းပြည်နယ် မြောက်ပိုင်း သီပေါမြို့ရှိ သီပေါသီတဂူစက္ခုဒါနဆေးရုံသို့ အမေရိကန်ဒေါ်လာ တစ်သိန်းလေးသောင်းကျော် တန်ဖိုးရှိသော မျက်စိဆေးရုံတစ်ရုံစာ စက်ကိရိယာ ပစ္စည်းများကို တစ်စုံလှူဒါန်းပေးတော်မူပါသည်။

 

သီပေါသီတဂူစက္ခုဒါနဆေးရုံ

 

မျှဝေပါသည်။
သီတဂူစတား

 

20220929-gazette-01

20220929-gazette-02

20220929-gazette-03

20220929-gazette-04

20220929-gazette-05

သီတဂူဆရာတော်ကြီး ဆန် တင်း ၁၁၀၀ လှူ

**********

၂၃-၉-၂၀၂၂ ကျေးဇူးတော်ရှင် အဘိဓဇမဟာရဋ္ဌဂုရု ရွှေကျင်နိကာယ သာသနာပိုင်ဆရာတော် သီတဂူအဓိပတိဆရာတော်ကြီးသည် စစ်ကိုင်းတောင် သီလရှင်ဆရာကြီး ဆရာလေး ၄၅၀၀ ကျော်တို့အား ဆွမ်းဆန်တော်များ လှူဒါန်းပါသည်။

 

၂၀၁၉-၂၀၂၀ နှစ်များက စစ်ကိုင်း မန္တလေး ရန်ကုန်ရှိ ပရိယတ္တိစာသင်တိုက်များ၊ ဘာသာမျိုးစုံက ဘိုးဘွားရိပ်သာများ၊ မျက်မမြင်ကျောင်း၊ မသန်စွမ်းကျောင်းများအား ဆန်အိတ်ပေါင်း သောင်းနှင့်ချီ လှူဒါန်းခဲ့သည်။

 

ရွှင်လန်းချမ်းမြေ့ပါစေ။
သီတဂူစတား

 

20220923-gazette-01

20220923-gazette-02

20220923-gazette-03

20220923-gazette-04

Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)

Search

Guests Online

We have 4 guests and no members online

  • Tab 1

    သီတဂူဆရာတော်  ဒေါက်တာ အရှင်ဉာဏိသရ၏ ထေရုပ္ပတ္တိအကျဉ်း

    ဆရာတော်အလောင်းအလျာကို  ၁၉၃၇ ခုနှစ် ဖေဖော်ဝါရီလ (၂၃)ရက်နေ့ (မြန်မာသက္ကရာဇ် ၁၂၉၈)တွင် မြန်မာနိုင်ငံ အလယ်ပိုင်း၊ ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်တွင်မီးရှူးသန့်စင်ခဲ့ပါသည်။
    ၁၉၄၄ (မြန်မာသက္ကရာဇ် ၁၃၀၅) ခုနှစ်မှစ၍ ဆရာတော်သည် ဗုဒ္ဓစာပေများကို သဲကုန်းမြို့နယ် တပ်ရွာရှိ  ရွာဦးကျောင်းတွင်  စတင်လေ့လာသင်ယူခဲ့ပါသည်။
    ၁၉၅၂ (မြန်မာသက္ကရာဇ် ၁၃၁၃) ခုနှစ်တွင် ဆရာတော်လောင်းလျာသည် ရှင်သာမဏေအဖြစ် သံဃာ့ဘောင်သို့၀င်ရောက်ခဲ့ပါသည်။



    Learn More
     
     
     
     
  • Tab 2

    ဗဟိုတက္ကသိုလ်

    စစ်ကိုင်းမြို့ သီတဂူ ကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်ကြီး (Main Campus) ဗဟို တက္ကသိုလ်ကြီးသည် ၁၉၉၆ ခုနှစ် ကထဲက စတင်ဖွင့်လစ်ခဲ့ရာ လုံးဝအောင်မြင်ပြီး တည်တည်ငြိမ်ငြိမ်နှင့် ပုံမှန် လည်ပတ်နေပါသည်။ Diploma course များ, B.A course များနှင့် M.A coruse များ ဟန်ချက်ညီညီ ပုံမှန် သက်ဝင်လှုပ်ရှားလျက်ရှိနေသည်မှာ အထူးအောင်မြင်လျက်ရှိပါသည်။ Diploma course အောင်မြင်ပြီးကျောင်းသား ၆ဝဝ ကျော်၊ B.A course အောင်မြင်ပြီးကျောင်းသား ၈ဝ ကျော် နှင့် M.A တန်းအောင်များကိုပါ မွေးထုတ်ပေးပြီး ဖြစ်သည်။

    Read More

    တက္ကသိုလ်ခွဲများ

    သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကြီးများကို ရန်ကုန်မြို့နှင့် အောက်မြန်မာပြည်ရှိ ဗုဒ္ဓစာပေများကို စိတ်၀င်စားသူတွေအတွက် အလွယ်တကူတက်ရောက် သင်ယူနိုင်ရန် ရန်ကုန် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကို ၎င်း၊ မန္တလေးမြို့၀န်းကျင်ရှိ ဗုဒ္ဓစာပေများကို လေ့လာသင်ကြားလိုသူများအတွက် အဆင်ပြေစေရန် ၂၀၀၉ ခုနှစ်က မန္တလေး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကို၎င်း ဖွင့်လှစ်ခဲသည်။ Diploma course များ B.A course များကို သင်ကြားပေးလျက်ရှိသည်။

    Read More

တက္ကသိုလ်များ


စစ်ကိုင်းမြို့ သီတဂူ ကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်ကြီး (Main Campus) ဗဟို တက္ကသိုလ်ကြီးသည် ၁၉၉၆ ခုနှစ် ကထဲက စတင်ဖွင့်လစ်ခဲ့ရာ လုံးဝအောင်မြင်ပြီး တည်တည်ငြိမ်ငြိမ်နှင့် ပုံမှန် လည်ပတ်နေပါသည်။

Read More...

အကျိုးပြုလုပ်ငန်းများ


ဟိုလွန်ခဲ့တဲ့တချိန်တုန်းက စစ်ကိုင်းတောင်ရိုး၌ လျှပ်စစ်မီးအလင်းရောင် ကောင်းစွာမရသေး၊ သွားလမ်း လာလမ်း လည်း ကောင်းစွာမရှိသေး၊ တယ်လီဖုန်းအဆက်အသွယ်လည်း မရှိသေး၊ ဆေးရုံလည်း မရှိသေး။

Read More...

သာသနာပြုလုပ်ငန်းစဉ်များ


သီတဂူဆရာတော်ကြီးသည် သီတဂူသာသနာ့ပြုအဖွဲ့များပါ၀င်စေလျှက် အမေရိကန်ပြည်ထောင်စုတွင် သီတဂူဗုဒ္ဓဝိဟာရ ကျောင်းတိုက်ကြီးနှင့် ထေရဝါဒဓမ္မအသင်း (Theravada Dhamma Society America) (အမေရိကန်)တို့ကို

Read More...

တရားစခန်းများ


တရားစခန်းများ တရားစခန်းများ တရားစခန်းများ တရားစခန်းများ တရားစခန်းများ တရားစခန်းများ တရားစခန်းများ တရားစခန်းများ တရားစခန်းများ တရားစခန်းများ တရားစခန်းများ တရားစခန်းများ

Read More...

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း - ၀၇၂-၂၁၆၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊

ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)

မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈