Gazette

မဟာဘွဲ့နှင်းသဘင် ကျင်းပမည် (သီတဂူ၊ စစ်ကိုင်း)

**********

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ စစ်ကိုင်း မှာ စတုတ္ထအကြိမ် မဟာဘွဲ့နှင်းသဘင် ကျင်းပမည်ဖြစ်ကြောင်း တက္ကသိုလ်သင်ကြားစီမံအဖွဲ့က သတင်းထုတ်ပြန်လိုက်သည်။

 

Ph.D ဘွဲ့
M.A ဘွဲ့
B.A ဘွဲ့

 

ရွှင်လန်းချမ်းမြေ့ပါစေ။
သီတဂူစတား

20220309-announcement-01

20220309-announcement-02

ဘွဲ့နှင်းသဘင်ကျင်းပမည် (သီတဂူ၊ ရန်ကုန်)

**********

#သီတဂူဗုဒ္ဓတက္ကသိုလ်(ရန်ကုန်)

၂၀၁၇-၂၀၁၈/၂၀၁၈-၂၀၁၉/ ၂၀၁၉-၂၀၂၀ပညာသင်နှစ်များတွင် B.A BUDDHIST STUDIES ဖြင့် အောင်မြင်ခဲ့သော ရဟန်းတော်များ၊ သီလရှင်ဆရာလေးများအား ၁၃၈၃ခုနှစ်၊ တပေါင်းလဆန်း ၁ရက်၊ (၀၂-၀၃-၂၀၂၂ )ဗုဒ္ဓဟူးနေ့တွင် ဘွဲ့လက်မှတ် ဆက်ကပ်ပါမည်။

ဆက်သွယ်ရန်
အရှင်ပညာနန္ဒ
၀၉၇၉၅၆၂၄၁၁၆
၀၉၄၂၈၁၈၃၃၆၅

 

20220302-announcement-01

ရုရှားနိုင်ငံ မော်စကိုမြို့အနီး အတနာမီယဉ်းကျေးမှု့မြို့တော်တွင် သီတဂူသာသနာပြုအဖွဲ့ကတည်ထားသော ရွှေစည်းခုံစေတီတော်ကြီးအား ရွှေထီးတော် တင်လှူပြီးစီးပါပြီ။

**********

ယနေ့ ၁၃၈၃ ခုနှစ် တန်ဆောင်မုန်းလပြည့်နေ့ ( ၁၈၊၁၁၊၂၀၂၁) နံနက် ၉း၀၀ နာရီအချိန်တွင် ရုရှားနိုင်ငံရွှေစည်းခုံစေတီတော်ကြီး၏ ဘုံ ၁၁ ဆင့်ပါ ရွှေထီးတော် တင်လှူခြင်းအခမ်အနားကို စတင်ပါသည်။

 

အခမ်းအနားကို သီလခံယူခြင်း၊ မေတ္တာပွားများခြင်း၊ အောင်ဂါထာရွတ်ဆိုခြင်း၊ ဆုတောင်းခြင်း၊ အမျှပေးဝေခြင်းနှင့် ထီးတော်တပ်ဆင်ပူဇော်ခြင်းဟူ၍ ပထမပိုင်း၊ ဒုတိယပိုင်း နှစ်ပိုင်းကျင်းပခဲ့ပါသည်။

 

အခမ်းအနား ပထမပိုင်းတွင်
သီတဂူဆရာတော်ကြီးက ကြွရာက်လာသော ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့်သံရုံးမိသားစုများ၊ စစ်သံမှူးကြီးနှင့်စစ်သံရုံး မိသားစုများ၊ ရုရှားနိုင်ငံတွင် ပညာသင်ကြားနေကြသော ကျောင်းသားများ၊ သီတဂူမြန်မာမှု့ပညာရှင်များကို သီလပေးခြင်း၊သီလဆောက်တည်ခြင်းများကို ဆောင်ရွက်ပေးပါသည်။

 

ထို့နောက် သီတဂူဆရာတော်ကြီးနှင့်တပည့် သီတဂူဗုဒ္ဓဝိဟာရ (မော်စကို) ကျောင်းထိုင်ဆရာတော် အရှင်ဒေါက်တာအစ္ဆရိယ၊ အရှင်နန္ဒမာလာလင်္ကာရတို့က မေတ္တာသုတ်ပရိတ်တော်ရွတ်ဖတ်ပွားများကြပါသည်။ ထို့နောက်သီတဂူဆရာတော်မှ ဇယန္တော ဗောဓိယာ အစချီသော အောင်ဂါထာကို ရွတ်ဆိုပါသည်။ ထို့နောက် သီတဂူဆရာတော်ကြီးက ယနေ့ယခု ပြုလုပ်ရသောကောင်းမှု့များ၏အစွမ်းသတ္တိကြောင့် မြန်မာပြည်တဝှမ်း စစ်ပွဲများ လုံးဝချုပ်ငြိမ်းကာ ငြိမ်းချမ်းသာယာရှိပါစေ၊ ကမ္ဘာတဝှမ်း စစ်ပွဲများ လုံးဝချုပ်ငြိမ်းကာ ငြိမ်းချမ်းသာယာရှိပါစေ ကြောင်းဆုတောင်းကာ ကုသိုလ်ကောင်းမှု့ အဖို့ဘာဂကို သုံးဆယ့်တစ်ဘုံသားအားလုံးရစေကြောင်း အမျှဝေကာအခမ်းအနားဒုတိယပိုင်းကိုဆက်လက်ဆောင်ရွက်ပါသည်။

 

အခမ်းအနား ဒုတိယပိုင်းတွင် -
သီတဂူဆရာတော်ကြီးက ရွှေထီးတော်ကြီး၏ ပထမဘုံသုံးဆင့်ကို သံအမတ်ကြီးနှင့်စစ်သံမှူးကြီးတို့ထံ ပေးအပ်ပါသည်။ သံအမတ်ကြီးနှင့် စစ်သံမှူးကြီးတို့က ထီးတော်ကိုအထက်သို့ ပင့်ဆောင်မည့် ကရိန်းယာဉ်ရှိရာသို့ပင့်ဆောင်ကြပါသည်။ ထိုသို့ပင့်ဆောင်စဉ် ဧည့်ပရိတ်သတ်များက မြတ်စွာဘုရား၏ ဂုဏ်တော်ကိုးပါးကို ရွတ်ပွားပူဇော်ကြပါသည်။

 

ထီးတော်ကြီး၏ ပထမဘုံ သုံးဆင့်ကို မြန်မာမှု့ပန်းတဉ်းပညာရှင် ကိုရန်လင်းအောင် (တော်ဝင်စတီးလုပ်ငန်း) နှင့် တပည့်တို့က တပ်လှူပူဇော်ပါသည်။ ဒုတိယဘုံ သုံးဆင့်ကို သီတဂူ မြန်မာမှု့ပန်းတမော့ပညာရှင် ကိုကျော်နိုင်ဦးနှင် ကိုဇော်ခိုင်ဦးတို့က တပ်လှူပူဇော်ပါသည်။ တတိယနှင့် စတုတ္ထ ဘုံငါးဆင့်ကို သီတဂူကိုရန်နိုင်လင်းနှင် ကိုကျော်စန်းဝင်းတို့က တင်လှူပူဇော်ပါသည်။ ထီးတော်ကြီး၏ ထိပ်ဆုံးပိုင်းဖြစ်သော ဆပ်သွားဖူး နှင့် ဇွန်ပန်းပွင့်များကို ရွှေစည်းခုံစေတီတော်ကြီးတည်ထားရာတွင် အစမှအပြီးတိုင်တတပ်တအား ပါဝင်ဆောင်ရွက်ခဲ့ကြသော မော်စကိုသီတဂူကျောင်းကပ္ပိယကိုစည်သူသန့်စင်နှင် ကိုခန့်ကိုဇံတို့က တင်လှူပူဇော်ပါသည်။ ထို့နောက်အရှင်ဒေါက်တာအစ္ဆရိယနှင့် အရှင်နန္ဒမာလာလင်္ကာရတို့က သီတဂူဆရာတော်ကြီးပေးအပ်သော သာသနာ့အလံတော်ကိုပင့်ဆောင်ကာ ထီးတော်ကြီး၏ထိပ်တွင် လွှင့်ထူခဲ့ပါသည်။

 

(မှတ်ချက်။ စိန်းဖူးတော်နှင့် ငှက်မြတ်နားတော်ကို လာမည့် နွေဦးရာသီဖွင့်ပွဲနှင့်အနေကဇာတင်ပွဲအခမ်းအနား၌ခမ်းနားစွာ တင်လှူပူဇော်ပါမည်) ထို့နောက် ဌာပနာထည့်သွင်းပူဇော်မည့်ဗုဒ္ဓဆင်းတုတော်များနှင့် အရံစေတီ ထီးတော်များကို သံရုံးမိသားများ၊ စစ်သံရုံးမိသားစုများ၊ ကျေင်းသားများက ပင့်ဆောင်ကာ စေတီတော်ကြီးအား လက်ယာရစ် သုံးပတ်ပူဇော်ပြီး စေတီတော်အတွင်း ဌာပနာသွင်းခြင်းနှင့် အရံစေတီ ထီးတော်တင်လှူခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါသည်။ နံနက်၁၁း၀၀ နာရီအချိန်တွင် ရွှေစည်းခုံစေတီတော် ရွှေထီးတော်တင်လှူခြင်း အောင်မြင်ပြီးမြောက်ခဲ့ပါသည်။

 

ထို့နောက် သံအမတ်ကြီးနှင်ဇနီး၊ စစ်သံမှူးကြီးနှင် ဇနီး နှင့် သံရုး စစ်သံရုံးမိသားစုတို့က သီတဂူဆရာတော်နှင့် သံဃာတော်များကို နေ့ဆွမ်းဆပ်ကပ်လှူဒါန်းပြီး ကြွရောက်လာသော ဧည့်သည်များကို နေ့လည်စာဖြင့် ဧည့်ခံပါသည်။

 

ရွှေစည်းခုံစေတီတော် ရွှေထီးတော်တင်လှူပွဲတက်ရောက်သည့် သံဃာတော်နှင့် လူပုဂ္ဂိုလ်များစာရင်း -
၁။ သီတဂူဆရာတော်နှင့် တပည့် သံဃာနှစ်ပါး၊ ကပ္ပိယ နှစ်ယောက်၊ မြန်မာမှု့ပညာရှင် လေးဦး။
၂။ သံအမတ်ကြီးနှင့်ဇနီးဦးဆောင်သော သံရုံးမိသားစုများ။
၃။ စစ်သံမှူးကြီးနှင့်ဇနီး ဦးဆောင်သော စစ်သံရုံး မိသားစုများ။
၄။ ရုရှားမြန်မာ ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌနှင့်ဇနီး။
၅။ ရုရှားနိုင်ငံတွင် ပညာသင်ယူနေကြသော ကျောင်းသားများ
စုစုပေါင်း (၁၀၀) ခန့် တက်ရောက်ခဲ့ပါသည်။

 

ရွှေစည်းခုံစေတီတော်ကြီး တည်ထားပူဇော်ရာတွင် ဉာဏအား၊ ကာယအား၊ ငွေအား နှင့်အဖက်ဖက်မှ ပါဝင်ကူညီဆောင်ရွက်ကြသူအားလုံးကို အထူးပင်ကျေးဇူးတင်ပါသည်။

 

ဘဝတု သဗ္ဗမင်္ဂလံ ရက္ခန္တု သဗ္ဗဒေဝတာ၊
သဗ်ဗဗုဒ်ဓါ နုဘာဝနေ သဒ်ဓါသုခီ ဘဝန်တုတေ။

 

သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိပါစေ---
သီတဂူ သတင်းနှင့်ပြန်ကြားရေးအဖွဲ့
၁၃၈၃-ခု တန်ဆောင်မုန်းလပြည့်နေ့
၁၈၊၁၁၊၂၀၂၁

20211118-news-01

20211118-news-02

20211118-news-03

20211118-news-04

20211118-news-05

20211118-news-06

Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)

Search

မာတိကာ

Home

FOUNDER

ACADEMICS

MINISTRY

MISSIONARY

MEDITATION

PUBLICATIONS

TALKS

NEWS & INFO

CONTACT

Guests Online

We have 15 guests and no members online

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း - ၀၇၂-၂၁၆၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊

ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)

မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈