၂၀၁၆ခုနှစ်၊ ဇန္နဝါရီလ (၂၁)ရက်
ဒီနေ့ ပြည်ပ နိုင်ငံပေါင်းစုံက ဧည့်သည်တော် အများဆုံးရောက်တဲ့နေ့ဖြစ်သည်။ မနက်ဖန် (၂၂-၁-၂၀၁၆)နေ့ နံနက်ပိုင်းမှာ ကမ္ဘာ့ဗုဒ္ဓဘာသာ ငြိမ်းချမ်းရေးညီလာခံကြီး ကျင်းပရာ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)သို့ ရောက်လာကြသည့် ပြည်ပဧည့်သည်တော်များကို အထက်အောက် မြန်မာပြည် သီတဂူစီမံအုပ်ချုပ်ရေးအဖွဲ့နှင့် သီတဂူကပ္ပိယကာရကအဖွဲ့ဝင်လူကြီးများက ကြိုဆိုကြသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ဆိုက်ရောက်များကို ပြည်တွင်းလေကြောင်းလိုင်းသို့ ပြောင်းပေးရခြင်း၊ လေကြောင်းမမီသူများကို တော်ဝင်ဂါးဒင်းဟိုတယ်သို့ ပို့ဆောင်ရခြင်း၊ တချို့ လေယာဉ်နောက်ကသဖြင့် ပြည်တွင်းလေကြောင်းအချိန်တို့ ဟိုတယ်တို့ကို အချိန်အပြောင်းအလှဲ အတိုးအလျှော့များ လုပ်ရသည်။
၂၀၁၆ခုနှစ်၊ ဇန္နဝါရီလ (၂၀)ရက်
ကမ္ဘာ့ဗုဒ္ဓဘာသာ ငြိမ်းချမ်းရေးညီလာခံ (The World Buddhist Peace Conference) ပွဲကြီးသို့ နိုင်ငံတကာမှ ကိုယ်စားလှယ်တွေ စတင်ရောက်လာကြပါပြီ။
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)မှာ ဇန္နဝါရီလ ၂၂၊ ၂၃၊ ၂၄၊နေ့များတွင် နိုင်ငံပေါင်း (၅၀)ကျေ်မှ ပြည်ပပညာရှင် ၂၀၀ ကျော်နှင့် ပြည်တွင်းပညာရှင် စုစုပေါင်း ၅၀၀ ခန့်တို့ တက်ရောက် ဆွေးနွေး၊ စာတမ်းများတင်သွင်းကြမည့် အခမ်းအနားဖွင့်ပွဲကို ၂၂ရက်နေ့ နံနက် ၈းဝဝနာရီမှာ စကိုင်းနက်ရုပ်သံများမှ တိုက်ရိုက်ထုတ်လွှင့်မည် ဖြစ်ပါသည်။
၂၀၁၆ခုနှစ်၊ ဇန္နဝါရီလ (၁၉)ရက်
ကမ္ဘာ့ဗုဒ္ဓဘာသာ ညီလာခံ (The World Buddhist Peace Conference)ကြီးလည်း နီးလာပြီ၊ ၂၀၁၆ခုနှစ် ဇန္နဝါရီလ ၂၂ရက်နေ့ မနက်ပိုင်း စတင်ဖွင့်လှစ်မည် ဖြစ်ပါသည်၊ နိုင်ငံပေါင်း ၅၀ ကျော်မှ ပညာရှင်ပေါင်း ၂၀၀ကျော်နှင့် ပြည်တွင်းပညာရှင် စုစုပေါင်း ၅၀၀ကျော်တို့ တက်ရောက်ကြမည် ဖြစ်သည်။
We have 18 guests and no members online
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉
မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈