သီတဂူ ၂၀၁၆ သြဂုတ် ၈
သီတဂူဆရာတော်ကြီး ဦးစီးသော သီတဂူသာသနာပြုအဖွဲ့ကြီးသည် မြန်မာနိုင်ငံ အနှံ့အပြား ကျန်းမာရေးစောင့်ရှောက်မှုများ၊ ဆေးရုံများ၊ စာသင်ကျောင်းများ၊ သဘာဝဘေးဒဏ် ကယ်ဆယ်ရေး လုပ်ငန်းများကို အစဉ်တစိုက် ပြုလုပ်ခဲ့သည်မှာ နာဂစ်မုန်တိုင်းကထဲကစ၍ နှစ်များစွာ ပြုလုပ်ခဲ့သည်၊ ပြည်တွင်းသာမကဘဲ နီပေါလ် မြေငလျင်၊ ပါကစ္စတန် ရေဘေးကဲ့သို့ ပြည်ပနိုင်ငံတွေအတွက်လည်း အထောက်ကူပြုမှုများ ပါ၀င်ခဲ့သည်။
ယခုနှစ် (၂၀၁၆)မှာလည်း မြန်မာနိုင်ငံအထက်ပိုင်း အောက်ပိုင်း ရေဘေးများဖြစ်လျက်ရှိသည်ကိုတွေ့ရပါသည်။ ထိုအတွက်များစွာ စိတ်မသက်မသာဖြစ်ကြရပါသည်။ ဒီနှစ်မှာတော့ အခြေခံစားသုံးကုန် ထောက်ပံ့ရေးအစား ပြန်လည် ထူထောင်ရေးအတွက် ပါ၀င်မည်ဖြစ်ပါသည်။ ရေဘေးကြောင့် ပျက်စီးဆုံးရှုံးသွားသော စာသင်ကျောင်းများ၊ ဆေးရုံများအတွက် ပါ၀င် ကူညီသွားမည်ဖြစ်ပါသည်။
ယခုလောလောဆယ်မှာ မကွေးတိုင်း ပွင့်ဖြူမြို့နယ်မှာ စာသင်ကျောင်း (၂) ကျောင်း၊ ရှမ်းပြည်နယ် အရှေ့တောင်ပိုင် ခိုလန်ဒေသမှာ အထက်တန်းကျောင်း၊ ချင်းပြည်နယ် တောင်ပေါ်ဒေသ မင်းတပ်မှာ စာသင်ကျောင်းများ ဆောက်လုပ် လှူဒါန်းလျက်ရှိပါသည်။
“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
We have 6 guests and no members online
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉
မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈